KILLING-nineteenth stage

5K 555 36
                                    

'ကိုယ်တို့ စတွေ့ခဲ့တာ မူလတန်းအရွယ်လောက်ကပေါ့… '

ခပ်ဖြေးဖြေးတိုက်ခတ်လာသော လေပြည်နု တချက်အဝှေ့မှာ maple ရွက်နီနီတို့ ကြွေတာကို ကြည့်ရင်း Yeolက စကားစသည်.
သူတို့ ခုချိန်ထိ maple ပင်အောက် ထိုင်နေကြဆဲ…

'သူက ကိုယ့်ထက် အသက်ငယ်တယ်. ကိုယ် အလယ်တန်း တက်နေတဲ့ အချိန်မှာ သူကတော့ မူလတန်း အကြီးတန်း တက်နေတဲ့ အရွယ်ပေါ့'

'Yeollie လေး.တအား မပြေးရဘူးလေ. ချော်လဲ ကျမယ်'

ရှင်းနေသော လမ်းမထက် သူ ပြေးလွှားမိလိုက်တော့ Omma က နောက်မှ စိုးရိမ်သံနဲ့ လှမ်းပြောသည်. ဒီလမ်းထိပ်နဲ့ အိမ် ဘာရှိသလဲ ဆိုတာ မျက်စိမှိတ်သွားတာတောင် ရနေတာမို့ Yeol အပြေးအရှိန်မလျော့မိ.

သူတို့ အိမ်ကြီး သို့ မရောက်ခင် ယခင်က အမြဲ ပိတ်ထားနေကြ ဘေးက နှစ်ထပ်တိုက်ပုလေးရှေ့မှာ ကားတို့ ရပ်ကာ ပစ္စည်း အတင်အချ လုပ်နေတာကို မြင်လိုက်ရလေသည်.

'Omma. အိမ်နားကို လူတွေ လာနေတော့မယ်ထင်တယ်'.

အရင်က ပိတ်ထားသော ဘေးက အိမ်လေးကို ပြောင်းလာကြပုံရတာကြောင့် Yeol တယောက် ကလေးပီပီ စပ်စုလိုက်မိပေမဲ့ သူ့အရွယ် ကလေးတယောက်မှ ပါမလာခဲ့။

'သား နဲ့ ဆော့စရာ အဖော်လည်း တယောက်မှ ပါမလာဘူး. '

'Aigooo. Omma သားလေးက အဖော်မျှော်နေတာကိုးးးး. '

စူပုတ်ပုတ်နဲ့ Yeol တယောက် အိမ်ထဲ ဝင်သွားချိန်မှာတော့ ထိုကားရှေ့ ခေါင်းခန်းမှ အမျိုးသမီးတဦးကား ဖြူဖွေးဖွေးနဲ့ မျက်လုံးအစ်အစ်လေးများ ပိုင်ဆိုင်သော ကလေးလေးကို ချီပြီး ဆင်းလာခဲ့လေသည်.
ဒါကို Yeol တယောက် မမြင်မိခဲ့ပါ…

မေပယ်လ်ရွက်တို့ နီရဲရဲ ကြွေချိန်မှာ ကလေးက ကျွန်တော့နား နီရဲရဲ ကလေးပေါက်စနလေး တယောက် လို ရောက်လာခဲ့တယ်.

စတည်းက ကျွန်တော် ကလေးကို ညီလေးတယောက်လို မချစ်ခဲ့ဘူး.
သမရိုးကျ ဖြူစင်တဲ့ အချစ်နဲ့ မဟုတ်ပဲ ဆန်းပြား အရောင်စုံတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့တာပါ…

💉

💉

💉

💉

You'll also like

          

ဘေးနားက အိမ်ကို လူတွေ ပြောင်းလာပြီး နောက် ဘာမှ သိသိသာသာ မပြောင်းလဲခဲ့ပါ.
ဒီနေ့Yeol တယောက် ကျောင်းပိတ်တာကြောင့် ခြံထဲ ဆင်းကာ ကစားနေတုန်း…

'ဟို…ဟိုလေ… ဒီ. ဒီမှာ… '

အထစ်ထစ် အငေါ့ငေါ့ နဲ့ ပိစိလေး ထွက်လာသော အသံလာရာကြည့်မိတော့ ခြံထောင့် မေပယ်လ် ပင် နားကပ်နေသော အုတ်နံရံပေါ်မှ ခေါင်းလေးထွက်နေသော ကလေးလေး တယောက်…

'ငါ့ကို ခေါ်တာလား? '

'ဟုတ်.ဟုတ်တယ်. Baek အရုပ်လေး ကျသွားလို့ အ့ဒါလေး ကောက်ပေးပါလား'

Yeol တယောက် ဘေးနားကို တချက်ကြည့်လိုက်တော့ မေပယ်လ် ရွက်ကြွေတွေပေါ် ကျနေသော မွှေးပွခွေးရုပ်လေး တရုပ်…

ခပ်ညိုညို ဆံနွယ်အုပ်အုပ်လေးတွေနဲ့ ခေါင်းလေးပဲ ပေါ်နေကာ မျက်ဝန်းအစ်အစ် နှုတ်ခမ်းပိစိလေးတွေက တကယ့် ပါပီပေါက်လေး တကောင် အတိုင်းပဲမို့ Yeol စိတ်ထဲ စချင်သွားတာမို့…

'လိုချင် ကိုယ့်ဘာသာ လာကောက်လေ. ငါတော့ ကောက်မပေးနိုင်ဘူး. '

'Baek က အ့ဒီဘက်ကူးလာဖို့ မမှီလို့ပေါ့. ကိုကို့ ကို ဒီlollipop ပေးပါ့မယ်. ကောက်ပေးနော်'

ပြောရင်းဆိုရင်း ခပ်သေးသေး လက်လေး နှစ်ဖက် ဆုပ်ထားရာက ဖြန့်ပြလိုက်တော့ အရောင်အသွေး စုံလင်လှသော lollipop ပြားလေး တပြား…

'ကောက်ပေးနော်. ကိုကို. Baek ခြေဖျားတွေ နာနေပြီ။ '

ထိုသို့ ပြောလိုက်မှ Yeol တယောက် ကလေးအရပ်နဲ့ မမှီနိုင်သော အုတ်တံတိုင်းပေါ် ဒီကောင်လေး ဘယ်လို တွယ်တက်ထားလဲ တွေးမိသွားသည်.

'မင်း ဘယ်လိုဒီပေါ် တက်ထားတာလဲ။ '

'အောက်က ထိုင်ခုံ နှစ်လုံးဆင့်ပြီး တက်ထားတာ. မမှီလို့ ခြေဖျားထပ်ထောက်ထားရသေးတယ်.Baek နာနေပြီ ကိုကို…'

'ရော့. ရော့. ဒီမှာ… '

ခပ်မြန်မြန် အရုပ်လေးကို ကောက်ပေးလိုက်တော့ ပြုံးပြလာသော နှုတ်ခမ်းတြိဂံ ပုံလေး.
ထို အပြုံးကား သိပ်ကြာရှည်မခံပါ.

နောက်ပြန်လဲကျ သွားသော ခပ်သေးသေး ပုံရိပ်လေး.

'အ့… !'

KILLERWhere stories live. Discover now