(2)

147K 3.3K 199
                                    

      လူရယ်​လို့ဖြစ်​လာရင်​ ... မဟုတ်​ဘူး သက်​ရှိရယ်​လို့ဖြစ်​လာရင်​ ​နေ့သလိုသွားလိုက်​ လာလိုက်​နဲ့ ခရီးသွား​တွေလို လှုပ်​ရှား​နေရတယ်​ ။ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အ​ကြောင်းပြချက်​​တွေသာ ကွဲပြားချင်​ကွဲပြားမယ်​ ။ ပြီးရင်​​တော့ ခင်​ဗျားတို့​​တွေ ​ဘေးမှာ ဖြတ်​သွားဖြတ်​လာလို့ နာမည်​တပ်​ခံရတဲ့ သူစိမ်း​တွေကိုမ​သေမခြင်းကြုံရမယ်​ ။ ဘယ်​နှစ်​ကြိမ်​ ကြုံကြုံ မမှတ်​မိနိုင်​တဲ့ ပုံမှန်​သူစိမ်း​တွေ​ပေါ့ ။

လန်​ရဲ့ဘဝတစ်​​လျှောက်​မှာလည်း ပုံမှန်​သူစိမ်း​တွေကို မ​ရေမတွက်​နိုင်​​အောင်​ ကြုံခဲ့ဖူးပါတယ်​ ။ ဒီ​နေရာမှာ ပုံမမှန်​တဲ့ သူစိမ်းတစ်​​ကောင်​က​တော့ ခြွင်းချက်​​​ပေါ့ ။

'ပုံမှန်​´ ဆိုတဲ့စကားလုံးက လန်​ နဲ့ အရင်းနှီးဆုံးပါ ။ ​သေ​သေချာချာ​ပြောရရင်​ လန်​ ကို​ဖော်​ပြတဲ့​နေရာမှာ ဒီစကားလုံးက အရမ်းအသုံးဝင်​တယ်​​လေ ။

ပုံမှန်​ မိသားစုတစ်​စုက​နေ ပုံမှန်​​ကောင်​​လေး တစ်​​ယောက် လန်​ ကို​မွေးခဲ့တယ်​ ။ ​မိခင်​ဗိုက်​ထဲက ထွက်​လာတဲ့အချိန်​မှာ သူနာပြုဆရာမ​တွေက လန်​ ကိုချီရင်း ​ယောကျာ်း​လေးဖြစ်​တဲ့အ​ကြောင်းက လွဲပြီး ထူးထူးခြားခြား မိသားစု​ဝင်​​တွေကို တင်​ပြစရာမရှိခဲ့ဘူး ။

တခုခုကိုဥပမာ​ပေးပြီး ​ပြောရရင်​ က​လေးက မျက်​လုံး​လေးလှတယ်​တို့ ... အသံကျယ်​တယ်​​နော်​တို့ ... ပါးစပ်​ပြဲလို့အစားကြီးမဲ့ပုံပဲတို့ မှတ်​ချက်​​ပေးစရာမရှိ​အောင်​ကို လန်​ က ပုံမှန်​ဖြစ်​လွန်းခဲ့တာ​လေ ။

ကျောင်း​နေအရွယ်​မှာလည်း လန်​ ရဲ့ ဖြစ်​တည်​မှု့က ပုံမှန်​ပါပဲ ။ လိမ္မာတဲ့က​လေး​တွေထဲလည်းမပါ ၊ ဆိုးတဲ့က​လေး​တွေထဲလည်းမပါ ၊ စာ​တော်​တဲ့က​လေး​တွေထဲလည်း မပါ ၊ စာညံ့တဲ့က​လေး​တွေထဲလည်း မပါ ၊ လူချစ်​လူခင်​များတဲ့ ပုံစံလည်းမဟုတ်​သလို ၊ အ​ပေါင်းအသင်းမရှိတဲ့ ပုံတုံးတုံးလည်း မဟုတ်​ခဲ့ပါ ။ 

လန်​ သာ ကားတွန်းဇာတ်​​လိုက်​​ကောင်​ တစ်​​ယောက်​ဖြစ်​ရင်​ ကားတွန်းဆွဲတဲ့ဆရာက​တော့ ဘယ်​နားကို​ထောက်​ပြပြီး စဆွဲရမှန်းမသိဖြစ်​နိုင်​တယ်​ ။ ဝတ္ထုဇာတ်​​လိုက်​ ဖြစ်​မယ်​ဆိုရင်​လည်း စာ​ရေးသူ​ကော စာဖတ်​သူ​ကော ဒုက္ခ​ရောက်​​စေမဲ့ ကာရိုက်​တာ ဖြစ်​လိမ့်​မယ်​ ။ ဘာလို့လဲဆို​တော့ လူ​တွေက ပုံမှန်​ဖြစ်​​နေတဲ့ ဇာတ်​​ကောင်​ကို စိတ်​မဝင်​စားကြလို့​ပေါ့ ။

You'll also like

          

ဒါနဲ့ပဲ လန်​က ပုံမှန်​လူငယ်​အရွယ်​ကို ဖြတ်​သန်းပြီး ပုံမှန်​ဘွဲ့တစ်​ခုနဲ့ ကုမ္ပဏီမှာ ပုံမှန်​လုပ်​အားခနဲ့ စတင်​ခဲ့တယ်​ ။ 'ပုံမှန်​´ ဆိုတဲ့ စာလုံး​တွေမြင်​ရလွန်းလို့ ခင်​ဗျားတို့ အီ​နေ​လောက်​ပြီ​နော်​ ။ ဒါ​တောင်​ လန်​ ကပုံမှန်​မိသားစုဘဝ​လေးကို ဖန်​တီးဖို့ရည်​ရွယ်​ထား​​သေးတယ်​ ။

ဆို​ပေမဲ့ ပုံမှန်​ မိန်းက​လေးတစ်​​ယောက်​ကို ပုံမှန်​​ယောကျာ်း​လေးတစ်​​ယောက်​က လက်​ထပ်​ဖို့ခဲယဉ်းတယ် ။ ရာထူး​ကောင်း​ကောင်းနဲ့ စိတ်​ချရတဲ့ပိုင်​ဆိုင်​မှု့ရှိကာမှ ပုံမှန်​ဘဝ​လေး ထူ​ထောင်​ဖြတ်​သန်းနိုင်​မယ်​​လေ ။

လုပ်​သက်​အ​တော်​အတန်​ရတဲ့အထိ အကြီးတန်းဝန်​ထမ်းအပြင်​ ဘာရယ်​လို့မှထူးထူးခြားခြားမဖြစ်​လာပါ ။ ဘယ်​​နေရာမှတိုးလို့မရ​အောင်​ သက်​ဆိုင်​ရာ နီးစပ်​ရာ သားသမီး​တွေက တစ်​ချက်​လွှတ်​အမိန့်​နဲ့ ​နေရာ​ကောင်း​တွေကို ယူထားပြီးဖြစ်​​နေပြီ ။

ဒါ​ကြောင့်​ပဲ ဘာ​ကောင်​မှမဖြစ်​ရ​ကောင်းလားဆို ကို့ကိုယ်​ကို အဆုံးစီရင်​ဖို့စဉ်းစားမိတာ လန်​ ဘဝရဲ့ ​သောက်​ကျိုးနဲ ဟာသ​မြောက်​တဲ့ အ​ခြေအ​နေတစ်​ရပ်​ပဲ​လေ ။

သတ်​​သေဖို့ကြိုးစားတဲ့တ​နေ့ကလွဲပြီး ကျန်​တဲ့ရက်​​တွေက​တော့ လန်​ ဆီမှာပုံမှန်​အတိုင်း ပြန်​လည်​ပတ်​​နေတာ ၁ လ​တောင်​​ကျော်​​တော့မယ်​ ။

သောကြာ​နေ့ညရဲ့ ​မြေ​အောက်​ရထားဟာ ​ချောင်​ချိပြီး စီးရတာအလွန်​​အဆင်​​ပြေတယ်​ ။ ဝန်​ထမ်း​တွေဖို့ ​သောကြာ​နေ့ညဆိုတာ အလုပ်​ဆင်းတာနဲ့ ဟိုဟိုဒီဒီ​လျှောက်​သွားကြ​တော့ ​မြေ​အောက်​ရထားမှာ ရုံဆင်းချိန်​ဆိုတာ အဲတရက်​က​တော့ အမြဲရှင်း​နေတာပဲ ။

လန်​ ​နေတာက​တော့ ဗင်းနစ်​လမ်းသွယ်​​တွေရဲ့ တိုက်​ခန်းအိမ်​ယာ​တွေမှာ ဖြစ်​တယ်​ ။ လန်​ အလုပ်​စရတဲ့အချိန်​မှာ မိဘ နှစ်​ဦးက ကို့​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​တည်​နိုင်​အောင်​ ဆိုတဲ့ရည်​ရွယ်​ချက်​နဲ့ တိုက်​ခန်းတ​နေရာဝယ်​​ပေးပြီး ခွဲ​နေခဲ့ရတာ​လေ ။

SEX Romance Where stories live. Discover now