Part 12

3.8K 268 0
                                    

ကျွန်တော်နှင့်မတူပဲ နည်းနည်းပိုရင့်သော သူ့ရဲ့ အညိုရောင်ဆံနွယ်များက သပ်၍တင်ထားခြင်းမရှိပဲ နဖူးပေါ်၌ဝဲပျံနေ၏။

မည်းမှောင်နေသော ခပ်ထူထူ မျက်ခုံးများ...
ထိုမျက်ခုံးများအောက်ရှိ အညိုရောင် မျက်လုံးများ...
ခပ်မြင့်မြင့်နှာတံအောက်ဘက်က ခပ်ဖူးဖူးနှုတ်ခမ်းတစ်စုံ...

ဒီမျက်နှာဟာ ကျွန်တော်နှင့်ရင်းနှီးနေသလို...

Cotton candy ကိုကြီးနှင့် ခပ်ဆင်ဆင်တူသော်လည်း cotton candy ကိုကြီးလို ချယ်ရီရောင်ပြေးသော နှုတ်ခမ်းတစ်စုံကတော့ ရှိမနေခဲ့။

ပန်းရောင်နှုတ်ခမ်းတို့က အရောင်ခပ်ဖျော့ဖျော့သာဖြစ်၍ အဖြူရောင်ဘက်သို့ပင် သန်းနေ၏။

ဖေဖေလည်း ကျွန်တော့်လို သိလိုစိတ်များ များပြားနေသည်ထင်သည်။

ထို အကိုကို မြင်တာနှင့်တစ်ပြိုင်နက် ဦးရဲအားသူဘယ်သူလဲဆိုတာ မေးလေတော့သည်။

"ငါ့သားလေကွာ။"

ဆိုပြီး အသံခပ်တိုးတိုးရယ်နေလေရဲ့။

ဖေဖေနဲ့ မေမေကတော့ မျက်လုံးအပြူးသား...

ထို့နောက် အံ့သြစွာဖြင့်မေးလိုက်သည်က

"မင်းမှာ သားတစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား။ ဘယ်တုန်းက ထပ်မွေးလိုက်တာတုန်း။"

ထိုအခါ ဦးရဲ၏ ရယ်သံများမှာ တိုးနေရာမှ ကျယ်လာပြီး...

"ထပ်မွေးလို့လည်းမရပါဘူးကွာ။ ငါ့မိန်းမကဆုံးတာဖြင့် ဆယ်နှစ်တောင်ကျော်နေပြီ။"

ကျွန်တော် မှတ်မိနေသေးသည်။ လွန်ခဲ့သောဆယ့်ငါးနှစ်က အန်တီမေဆုံးသွားခဲ့သောကြောင့် အရူးတစ်ပိုင်းလိုငိုနေခဲ့သော ဦးရဲ...

အန်တီမေနှင့်အတူ ကိုကိုစကားများ လည်း ကျွန်တော့်ရှေ့တွင် ပေါ်လာခဲ့ခြင်းမရှိတော့။

နိုင်ငံခြားသို့ ပညာသင်သွားသည်ဟုကြားသည်။ ယခုဆိုလျှင် ပြန်ရောက်နေပြီဟုလည်း ပြောကြသည်။

ဒါဆို...
ကျွန်တော့်ဘေးမှာထိုင်နေတဲ့ ကိုကိုက ကျွန်တော်ငယ်ငယ်ကသိခဲ့တဲ့ ကိုကိုစကားများမဟုတ်ဘူးလား။

Sweet Like Cotton CandyWhere stories live. Discover now