လူတွေ ကိုယ့်ကို ရှောင်ဖယ်သွားရင် နာကျင်ရတယ်မလား
ဘာအပြစ်မှမရှိပဲ ထားခဲ့ခံရရင် နာကျင်ရတယ်မလား
အင်း ကိုယ်လည်းနာကျင်တယ်
ဒါကြောင့် မင်းပဲဖြစ်ဖြစ်တော့ အနားမှာရှိနေပေးပါ
ကိုယ် ပို့တဲ့ msgတိုင်း reply ပြန်စရာမလိုပါဘူး
ကိုယ် ပေးတဲ့ အချစ်တိုင်း ထပ်တူကျ ပြန်ပေးစရာမလိုပါဘူး
ဒီတိုင်းလေးပဲ ဒီတိုင်းလေး ကိုယ့်နားမှာ ရှိနေပေး
ကိုယ်လိုချင်တာက မင်းတစ်ယောက်တော့
ကိုယ့်ဘေးမှာ ရှိနေသေးတယ်လို့ အတွေးလေးရှိချင်တာဒါမှ ကိုယ် သတ်သေချင်စိတ်မပေါက်မှာလေ
ကိုယ်အခု သတ်သေချင်စိတ်တွေ ပေါက်နေတယ်
ခဏလောက်ပဲဖြစ်ဖြစ် ဒီလောကကြီးကနေ
ကွယ်ပျောက်သွားချင်မိတယ်လေနော်
သေမယ်လို့ ဆုံးဖြတ်လဲ သေနိုင်မှာမဟုတ်သော်လည်း
ဒီလိုပြောလိုက်ရင် ကိုယ့်ကို နဲနဲလောက်ပဲဖြစ်ဖြစ်
စိတ်ပူပေးနိုင်မလားလို့ပါ
နဲနဲလောက်တော့ စိတ်ပူပေးကြပါ
တကယ်သေသွားမလားမသိတာမို့ပါ
မိဘတွေက စိတ်ပူပေးချင်ပေးနိုင်မှာဆိုပေမယ့်
သူတို့က ကိုယ့်ကို အပြစ်ဖို့လိမ့်မယ်
မပြောချင်ဘူး
ဘယ်သူ့ကိုမှ
ဒါပေမယ့် ကိုယ့်ဘေးမှာရှိနေမယ့် သူလိုအပ်တယ်
K
ဝမ်းနည်းနေတယ် ဂရုစိုက်ပေးပါ