သူနဲ့မှ ချစ်တတ်ပြီ {Part-2}

1.3K 82 6
                                    

Tee POV
ကျွန်တော် အိမ်ပြန်ရောက်တဲ့ အထိ P'Tae ပြောတဲ့စကားလေးတွေကို ပြန်ကြားယောင်နေမိတယ်။ သူ့လိုကြမ်းတမ်းဆိုးသွမ်းတဲ့သူက ဘာလို့ ကျွန်တော့်ကို စကားလာပြောတာလဲ ကျွန်တော်သိချင်နေမိတယ်။ သူ့အကြောင်းတွေသိချင်နေတယ်။ နောက်နေ့ရောက်တော့ Bas နဲ့ ကျောင်း Canteenမှာ မနက်စာစားရင်း P'Tae အကြောင်းမေးကြည့်မိတယ်။ ဘာလို့လဲဆိုတော့ P'Tae နဲ့ Bas ယောကျာ်း Goxxd ကအချစ်ဆုံးသူငယ်ချင်းဆိုတော့ Bas လည်း P'Tae အကြောင်းကို သိနေတယ်လေ။
Tee>> Bas ငါ့ကို P'Tae အကြောင်း ပြောပြပါလား ငါ သိချင်လို့
Bas>> ရတယ်လေ။ ဒီလိုကွ ----P'Tae ကတစ်ဦးတည်းသောသား။ မိဘတွေက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ။ P'Tae လိုချင် သမျှကို မိဘတွေက ဖြည့်စည်းပေးပေမဲ့ P'Tae ကမိဘမေတ္တာမရခဲ့ဘူး။ သူငယ်ငယ်ကတည်းက အိမ်မှာ အလုပ်လုပ်ပေးတဲ့ သူတွေရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းလာရတာ။ အိမ်မှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေကလည်း P'Tae ကို တော်တော်ချစ်တော့ ဘာမဆို လုပ်ပေးကြတယ်။ P'Tae ကို ဆူမဲ့သူ ရိုက်မဲ့သူမရှိဘူး။ ဆုံးမပေးမဲ့ မိဘတွေကလဲ အလုပ်ကိုပဲ ဦးစားပေးတော့ P'Tae ကဆိုးချင်တိုင်းဆိုးနေတာပဲ။ အခု တက္ကသိုလ်ကိုလဲ P'Tae ရဲ့ မိဘတွေပိုင်တာဆိုတော့ ကျောင်းအုပ်ဆရာကြီးကလဲ P'Tae ကို ဘာမှမပြောရဲဘူး။ ဒီလိုနဲ့ပဲ P'Tae လဲ လူတိုင်းကြောက်ရတဲ့ Gangsterကြီး ဖြစ်လာတာပေါ့။
Tee>> သနားပါတယ်ကွာ။ ဘယ်သူနေနေ မိဘမေတ္တာတော့လိုချင်မှာပဲပေါ့နော့်။
Bas>> အေးပေါ့ကွာ။ ဒါနဲ့ Copter ကရော။
Tee>> သူက သူ့ချစ်သူ Kim နဲ့ မုန့်သွားစားတာထင်တယ်။
Bas>> Aww နောက်ဆုံးတော့လဲ ငါတို့ပဲ ကျန်ခဲ့ပါလား။
ကျွန်တော်တို့ ညနေပိုင်း အတန်းပြီးလို့ အိမ်ပြန်ခါနီး ကျောင်းရဲ့ ချောင်ကျတဲ့ တစ်နေရာမှာ ရန်ဖြစ်နေတာတွေ့ခဲ့တယ်။ ဘယ်သူလဲ အပြေးသွားကြည့်မိတော့...Sutee ကျွန်တော်တို့နဲ့ တစ်နှစ်ထဲ တူတူတက်နေတဲ့ ကောင်လေး ဝိုင်းရိုက်ခံနေရတော့ ကျွန်တော်လဲ မကြည့်နိုင်တာနဲ့ ဝင်ပါမိတာ ကျွန်တော်ပါ အထိုးခံလိုက်ရတယ်။ သိပ်မကြာလိုက်ပါဘူး ဆိုင်ကယ် တစ်စီးနဲ့လူတစ်ယောက်က ကျွန်တော်တို့ကို ထိုးနေတဲ့သူတွေကို ပြန်ထိုးကြိတ်နေတော့ ကျွန်တော်အားတင်းပြီး ကြည့်လိုက်တယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး P'Taeပါ။ ဘယ်လိုလုပ်ရောက်လာမှန်းမသိပေမဲ့ ကျွန်တော့်အတွက် အလင်းရောင် သယ်ဆောင်ပေးတဲ့သူလို့ ကျွန်တော်တွေးလိုက်တယ်။ ကျွန်တော်သူ့ကို အားကိုးချင်လာမိတယ်။ ကျွန်တော် သူ့ကို ချစ်မိနေပြီထင်တယ်။
.....................................................................................
Tae POV>>
ညနေခင်း အတန်းပြီးတော့ ကျွန်တော် Tee ကို လိုက်ရှာနေမိတယ်။ သူ့သူငယ်ချင်း Copter ကို မေးမယ်ဆိုပြီး သူတို့ Major အတန်းဘက်ကို သွားP စောင့်နေတဲ့ အချိန် ကောင်မလေး ၂ယောက်ပြေးလာပြီး ကျွန်တော့်ဘေးကနေ အော်ပြီးပြောသွားတယ်။
G1>>ဟိုဘက်မှာ ထိုးခံနေရတဲ့ ကောင်လေးက အရပ်ရှည်ရှည်လေး Medicine ကပဲဟ။
G2>>အေး သနားပါတယ် အသားကလဲ ဖြူဖြူလေး နှမြောလိုက်တာ။
ကျွန်တော် လန့်သွားမိတယ်။ ဘာလို့လဲ ဆိုတော့ အရပ်ရှည်ပြီး အသားဖြူဖြူလေးပြီးတော့ Medicine ကတဲ့။ ကျွန်တော့် စိတ်တွေ ဝရုန်းသုန်းကား ဖြစ်ပြီး Tee များလားဆိုတဲ့ အတွေးနဲ့ ရန်ဖြစ်နေတဲ့ နေရာကို ဆိုင်ကယ်နဲ့ အပြေးသွားကြည့်မိလိုက်တော့... ထင်တဲ့အတိုင်းပါပဲ ကျွန်တော့ Tee ။ သူ့ကို ဝိုင်းထိုးနေကြတဲ့ လူတွေကိုလဲ တော်တော် သတ်ချင်မိသွားတယ်။ ကျွန်တော်လဲ ရှိသမျှအားနဲ့ အားကုန် ထိုးကြိတ်လိုက်တာ ခဏနေတော့ လုံခြုံရေးတွေရောက်လာလို့ ပြေးကုန်ကြတယ်။ ကျွန်တော်လဲ စိတ်မကောင်းစွာနဲ့ Tee ကို သွားထူလိုက်တယ်။ Tee ကိုကြည့်ရတာ တော်တော် ပင်ပန်းနေတဲ့ပုံပေါက်နေတယ်။ သွေးတွေလဲ ထွက်နေတယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်လေးနဲ့ နှဖူး မှာ သွေးထွက်နေတယ်။ ကျွန်တော် ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ သူ့အစား ကျွန်တော်သာ ဖြစ်လိုက်ချင်တယ်။
......................................................................................
Tee POV>>
ကျွန်တော့ကိုသူလာထူတယ်။ ကျွန်တော်သူရောက်လာတဲ့အချိန် စိတ်ထဲမှာ လုံခြုံသွားတယ်။ ကျွန်တော်လဲ တော်တော် အထိုးခံထားရလို့ မျက်နှာလဲ နာကျင်နေတယ်။ ဒါပေမဲ့ သူ့မျက်ကို မြင်လိုက်ရတော့ အနာသက်သာသွားတယ်။ ကျွန်တော် သူ့ကို တစ်ဖက်သတ်ချစ်နေမိပြီထင်တယ်။

Tee POV>>ကျွန်တော့ကိုသူလာထူတယ်။ ကျွန်တော်သူရောက်လာတဲ့အချိန် စိတ်ထဲမှာ လုံခြုံသွားတယ်။ ကျွန်တော်လဲ တော်တော် အထိုးခံထားရလို့ မျက်နှာလဲ နာကျင်နေတယ်။ ဒါပေမဲ့ သူ့မျက်ကို မြင်လိုက်ရတော့ အနာသက်သာသွားတယ်။ ကျွန်တော် သူ့ကို တစ်ဖက်သတ်ချစ်နေမိပြီထင်တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


နဲနဲလေး တိုသွားတယ်နော်😁😁အမှားပါရင်လဲ ပြင်ပေးကြပါ
ဖတ်လို့အဆင်ပြေတယ်ဆို ထပ်တင်ပေးပါ့မယ်နော်😍😍

သူနဲ့မှ ချစ်တတ်ခဲ့ပြီWhere stories live. Discover now