" အား "
ဘုတ် !
" မိုင်း "
" သား မိုင်းလေး ... ဟေ့ကောင်တွေ အခုရပ်လိုက်စမ်း
မင်းတို့ ပြောနေတာမကြားဘူးလား "မိုင်း ခြေဖမိုးက နာကျင်မှူကြောင့် ခြေထောက်ခိုင်အောင်ပင်မရပ်နိုင် ။
သို့ပေမယ့် ချိန်းအနားကို ရောက်နိုင်ဖို့ သူ့အနားကပ်လာသူတွေကို အားတင်းခုခံနေရသည်။ချိန်း ခန္ဓာကိုယ်ထဲက သွေးတွေဆူပွက်လာသည်။
သူ့စီဝင်လာတဲ့ မြှားကို ခြေဖြင့်အကန်မှာ ရဲခနဲဖြစ်သွားတဲ့သွေးတွေနဲ့အတူ မိုင်းပစ်ကျသွားခြင်းက သူ့ဒေါသတွေကို
အထိန်းအကွပ် မဲ့စေသည်။
မိုင်းအခုထိတိုက်ခိုက်နေဆဲ ၊ ဒါပေမယ့် ဒါဟာကြာရှည်ခံနိုင်ရည်မရှိဘူးဆိုတာ တစ်စက်စက်ကျနေသော ခြေထောက်ကသွေးစက်တို့က သက်သေခံနေသည် ။
ဟောလ်လစ်ရဲ့ မုန်းစရာကောင်းလွန်းသော မဲ့ပြုံးကိုလှမ်းကြည့်ရင်း တရိပ်ရိပ် တတ်လာသောဒေါသက မိုင်းရှီကရသော သွေးနံတို့နဲ့ပေါင်းကာ သူ့စိတ်တွေ လွတ်ထွက်သွားတော့သည်။" အားးးးး! ! "
ကျယ်လောင်လှတဲ့ အော်သံနက်ကြီးကြောင့် အနီးနားက တိုက်ခိုက်နေသူတွေ ရပ်တန့်ကုန်ကြသည်။
မိုင်း ရှေ့မှာရှိနေသူရဲ့ မျက်နှာမှာကြောက်ရွံထိပ်လန့်ခြင်းတွေမြင်နေရတယ် ။
ဒါပေမယ့် မိုင်းသူ့ကိုရွယ်ထားတဲ့ လက်သီးကြောင့်မဟုတ်ဘူး။ မိုင်းနောက်ကျောဖက်မှာရှိတဲ့အရာကြောင့် ။
မိုင်း ကိုယ်ကိုလှည့်ကြည့်လိုက်တဲ့အခါ မထင်မှတ်တဲ့အရာကြောင့် ခြေနှစ်လှမ်းခန့်ပင် နောက်ကိုဆုတ်သွားမိသည်။ချိန်း နာကျင်စူးရှစွာ အော်ဟစ်ပြီးနောက်မှာ သူ့ကိုယ်မှအရိုးအဆစ် သွင်ပြင်တွေပါ လျှင်မြန်စွာ ပြောင်းလဲကုန်သည်။
ချိန်းရဲ့ခြေထောက်နဲ့လက်မှာ ရှိနေသော သံကြိးတို့က
ကြီးမားလာသော ခန္ဓာကိုယ်ရဲ့ အသားစိုင်တွေထဲ မြုတ်ဝင် လုလုဖြစ်နေကြပြီ ။
ချိန်း စိတ်ရိုင်းတွေပါ ဝင်လာသည် ။
သူ့လက်နဲ့ခြေက သံကြိုးတွေကို ဆောင့်ရုန်းပစ်လိုက်ပြီး
သူ့ကိုထုရိုက်နေကြသူတွေကို ဆွဲယူကိုင်ပေါက်ပစ်တော့သည်။
YOU ARE READING
GENE CHANGE MAN (Tale)
FanfictionHallo ... ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါရစေ ... ဒါကတော့ သခင့်အပါးခစားခွင့်ကို ဖက်ဖူးသူတိုင်း ဒီပုံပြင်လေးကိုလဲ ကြိုက်စေဖို့ မျှော်လင့်ပါတယ်..... #bl boyxboy myanmar fanfic....