#Unicode
"ကိုမိုးရေ အစီအစဉ်အောင်မြင်တယ်။"
အိမ်ထဲသို့ ဝင်ဝင်လာချင်းပြောလိုက်သော ရှင်းသန့်နဲ့ ဘုန်းထည်ဝါရဲ့ ကျေနပ်မှုများစွာ ပျော်ဝင်နေသော အသံများကြောင့် မိုးမြင့်မား ပီတိဖြစ်ရသည်။"ဒီကောင်လေးနှစ်ယောက် သေချာလုပ်နိုင်ခဲ့သားပဲ"
မိုးမြင့်မား စိတ်ထဲမှ မှတ်ချက်ချကာ ပြုံးနေမိသည်။"ကိုမိုးရယ် အဲ့တဏှာရူးကြီး အရှက်ဗြန်းဗြန်းကွဲတာကို ကိုမိုးကို မြင်စေချင်လိုက်တာ..."
ရှင်းသန့် မိုးမြင့်မားရဲ့ မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင် ထိုင်ချကာ အားရပါးရပြောလိုက်သည်။"ကိုမိုး စီစဉ်ထားတဲ့ နောက် Plan ဆိုတာက?"
"သြော်...အဲ့ Plan က နည်းနည်းတော့ အန္တရာယ်များမယ်။ကိုမိုးလည်း ပါဝင်မှာပါ။
ဒါပေမယ့် ရှင်းသန့်ကတော့ အဓိက ပါဝင်ရမယ်"
ဘုန်းထည်ဝါ မေးလာသော အမေးအား မိုးမြင့်မား ဖြေလိုက်သည်။"ရှင်းသန့်က ဦးထွန်းဟန်ကို မြှူဆွယ်ရမယ်။
ကုတင်ပေါ်ရောက်တဲ့အထိကို မြှူဆွယ်ရမှာ...""အမလေး..."
ကိုမိုးရဲ့စကားကို ကြားပြီး ရှင်းသန့် မျက်လုံးပြူးသွားလေသည်။"အဲ့လောက်လဲ လန့်မသွားပါနဲ့ ။ကိုမိုးက အခန်းအပြင်မှာရှိနေမှာ။ အခြေအနေ
လုံးဝမဟန်တော့ဘူးဆို ကိုမိုး ဝင်လာပြီး ရှင်းသန့်ကို ကာကွယ်ပေးမှာ""ဟူး...တော်သေးတယ်"
ရှင်းသန့်သက်ပြင်းတစ်ချက်ချလိုက်သည်။"ထည်ဝါက သူ့ဒုစရိုက်လုပ်ငန်းတွေကို ဖော်ထုတ်ရမယ်။စားသောက်ဆိုင်ဗန်းပြပြီးတော့ မကောင်းတဲ့လုပ်ငန်းတွေ လုပ်နေတာ အဲ့လူကြီးက။
ထည်ဝါလည်း မပူပါနဲ့ ။ထည်ဝါလုပ်ရမဲ့ဟာတွေကို ကိုမိုးညွှန်ပြပေးမယ်""ဟုတ်ပြီ ကိုမိုး"
...................................................
"ကိုမိုးရေ ပြင်ပြီးပြီလား?"
"Wow... လုံးဝကို မိန်းကလေးအတိုင်းပါလား ကိုမိုးက"
ထည်ဝါနဲ့ ရှင်းသန့် မိန်းကလေးပုံစံပြင်ထားကာ မြန်မာဝတ်စုံကို ဝတ်ဆင်ထားသော မိုးမြင့်မားကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
"အားလုံး သတိဝီရိယနဲ့ လှုပ်ရှားကြမယ်နော်"
"ဟုတ်ကဲ့ ကိုမိုး"
မိုးမြင့်မားနှင့်အတူ ထည်ဝါတို့နှစ်ယောက် ဦးထွန်းဟန်ရဲ့ စားသောက်ဆိုင်ရှိရာသို့ ထွက်လာခဲ့ကြသည်။
စားသောက်ဆိုင်ထဲဝင်လျှင်ဝင်ခြင်း ဦးထွန်းဟန်အပါအဝင် ဆိုင်ထဲရှိလူများအားလုံးရဲ့ အကြည့်များက မိုးမြင့်မားတို့သုံးယောက်ဆီသို့ စုပြုံလျက်ရှိသည် ။
ထုံစံအတိုင်း ဦးထွန်းဟန် မိုးမြင့်မားတို့စားပွဲရှိရာသို့ လာပြီး
"ကလေးတို့ ဦး ဆိုင်ကို နောက်တစ်ခေါက်ထပ်လာတယ်ပေ့ါလေ""ဟုတ်တယ်ဦးရဲ့ ။တီလေးက မြန်မာထမင်းကောင်းကောင်းစားချင်တယ်ဆိုလို့
ကလေးတို့က ဦးရဲ့ဆိုင်ကို ခေါ်လာပေးတာ""ချစ်ဖို့ကောင်းလိုက်တာ"
" ဦးပါ ကလေးတို့နဲ့တူတူ ထမင်းစားရမယ်နော်"
ရှင်းသန့် ဦးထွန်ဟန်လက်ကို ကိုင်ကာ ခပ်ထွေထွေလေး ကြည့်ပြီး ညုတုတုပြောလိုက်လေသည် ။"စားရမှာပေါ့ကလေးရယ်...ခဏစောင့်နော် ဦးကိုယ်တိုင် စီစဉ်ပေးမယ်"
ဦးထွန်းဟန် စားပွဲမှ ထွက်သွားသည်နှင့် ရှင်းသန့် အသင့်ပါလာတဲ့ စိတ်ကြွဆေးထည့်ထားသော
ဓာတ်ဘူးထဲမှ ကော်ဖီအား ခွက်ထဲ ငှဲ့လိုက်လေသည်။"ကလေးတို့ ခဏစောင့်နော်။
အစားအသောက်တွေ လုပ်နေပြီ သိလား""ဦး.. ဦးအတွက် ကလေးကော်ဖီဖျော်လာတယ်။ သိလား? ကလေးက ဘယ်သူ့ကိုမှ ဖျော်တိုက်ဖူးတာမဟုတ်ဘူးနော်။ ဦးက ပထမဆုံး"
"ဒါမှ ခက်တာပဲကလေးရ ။
ဦးက ကော်ဖီမကြိုက်ဘူး""ဟာ...ဦးရာ..."
ရှင်းသန့် မျက်နှာငယ်လေး လုပ်ပြကာ ဦးထွန်းဟန်ဘက်ကို လုံးဝလှည့်မကြည့်ပဲနေလိုက်သည်။
"ဦးကလည်း သူဖျော်ပေးတဲ့ ကော်ဖီက သောက်ရခဲမျှနော်။ကျွန်တော်တို့ကိုတောင် ဖျော်မတိုက်ဘူး သူက"
"ဒါဆိုလည်း သောက်မယ် ကလေးရေ..."
ဦးထွန်းဟန် ပြောပြောဆိုဆိုနဲ့ အသင့်ငှဲ့ထားသော ကော်ဖီအား တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။