မင်းနာကျင်ရမယ့်ကိစ္စတွေကို
တတ်နိုင်သလောက် ဖုံးထားပေးမယ်။
ဖုံးမရလို့ သိသွားခဲ့ရင်တော့
မင်းမျက်ရည်တွေကို ကိုယ်သုတ်ပေးပါ့မယ်။'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'°•°'
ငိုလို့ဝသွားပုံရတဲ့ကောင်လေးဟာ မျက်နှာလေး
ပြန်လန်းလာသည်။ ဒါပေမယ့် ...
ကောင်လေးမသိလိုက်တာက ကောင်လေးပေးတဲ့
ပိုက်ဆံတွေနဲ့ သူမက ထိုလူ့ဆီကattentionရအောင်
အသုံးပြုခဲ့သည်ဆိုတော့အချက်။သူမကိုစိတ်မဝင်စားတဲ့ ထိုသူကို အမျိုးမျိုးသော
နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်ကာ ကောင်လေးနဲ့
အတူ သွားလာခြင်းဖြင့် ထိုလူ့စိတ်ကို မရိုးမရွ
ဖြစ်စေခဲ့သည်။ ပုရိသ ယောက်ျားတစ်ယောက်ရဲ့
ခံနိုင်ရည်ဟာ မည်မျှအထိ ဖြစ်နိုင်မည်လဲ။
သူမရဲ့ လှစ်ဟမြူဆွယ်မှုမှာ ထိုလူကျဆုံးရသည်။
အက်စီးဒင့်ဖြစ်ချိန်က သူမလက်ထဲရှိသောအရာမှာ
နက်ခ်တိုင်ဗူးလေးတစ်ခု။
ကောင်လေးထင်သည်က သူ့အတွက်။
သို့ပေမယ့် သူမစီးသည့်ကားက လေဆိပ်ကိုဦးတည်ကာ
ထိုနေ့က ထိုသူ နိုင်ငံခြားသို့ထွက်ခွာသည့်နေ့ ဖြစ်ခဲ့သည်။လူငယ်ဘဝကို သူမကိုကြည့်ခြင်းဖြင့်သာ
ကုန်ဆုံးခဲ့သော ကောင်လေးကတော့ သူ့ချွေးနှဲစာဖြင့်
သူမ ထိုသို့ ပြုမူနေခဲ့သည်ကို လုံးဝမသိခဲ့။
မသိတာပဲ ကောင်းပါတယ်လေ။
သိရင် ထပ်ငိုနေရဦးမယ်။ ကျွန်တော်လဲ
ဒီအကြောင်းတွေကို ဒီတစ်သက် ထုတ်ပြောဖြစ်လိမ့်မည်
မဟုတ်ပါ။ပခုံးပေါ်ခေါင်းတင် အိပ်ပျော်နေသော ကောင်လေးကို
ကြည့်ရင်း အသည်းယားလာသည်။
နေပါစေဦး အိမ်ရောက်မှ အားရအောင် နမ်းပစ်မယ်။
ကားကိုအိမ်ရှေ့ရပ်တော့မှ နိုးလာတဲ့ ကောင်လေးက
မျက်လုံးလေးပေကလပ်ပေကလပ်။
ကားတံခါးကိုဖွင့် သူ့လက်ကိုဆွဲကာ ထွက်တော့
အိပ်ချင်မူးတူးရုပ်လေးနဲ့ ပါလာတယ်။အပေါ်ထပ်အိပ်ခန်းရောက်တော့မှ ကောင်လေးကိုယ်ကို
နံရံဆီ ဆွဲကပ်လိုက်ပြီး နှုတ်ခမ်းသားနုနုပေါ်
အကြင်နာခြွေမိသည်။
ရုန်းကန်ခြင်းမရှိတဲ့ ကောင်လေးဟာ
အိပ်ချင်နေလို့ပဲလားတော့မသိ။
ကျွန်တော်ကတော့ ပျော်မိသည်။
YOU ARE READING
Affection
Fanfictionလူဆိုတာအချစ်ဆိုတဲ့အရာနဲ့မကင်းကြသူများသာ။ BaekYeol /ChanBaek Yaoi