ဘာကြောင့်လဲjk
ဘာကြောင့်ဒီလိုအပြုမှုတွေ ..ဘာ.ကြောင့်...လဲJkခေါင်းတွေကိုက်ခဲကာ နိုးလာခဲ့သည်..
အခန်းတစ်ခုလုံး ဝှေ့ပတ်ကာ မပွင့်သေးတဲ့ မျက်လုံး တွေဖြင့်တစ်စုံတစ်ယောက် အားရှာနေလေသည်...အလုပ်သွားလောက် ပြီးအထင်နှင့်jk အိပ်ရာပေါ် ပြန်လှဲချလိုက်ကာမှ ခြေတောက်ကိုတစ်ခုခုစ ထိမိပြန်တယ်..
ဘာကြီးလဲ??
Jkလန့်တကြား စောင်လှန်ချလိုက်တော့ Taehyungသည် စောင်အောက်တွင် ကွေးကွေးလေး အိပ်နေသည်.ကိုတွေ့တော့ jkလန့်သွားလေသည်....
တစ်ဝတ်တပြတ်ပေါ်နေတဲ့ Taeပခုံးတွင် မဲညိုညို အကွတ်တွေက ဘာတွေလဲ...ဘာကရတာလဲ..
အခုhyungဘာဖြစ်နေတာလဲ...
Jkသူ့ကိုယ်သူ ပြန်စမ်းစစ်ကြည့်ကြည့်တော့...စောင်တစ်ထည်ဖုံးလွှမ်း ရုံမှ ဘာဆိုဘာမှ အတွင်းခံ တစ်ခုတောင်သူ ဝတ်မထားခဲ့...ဒါဆို....ဒါဆို...ညက..
ကျနော်နဲ့ hyung ညက....
Taehyungမှာတော့ မနိုးပေ.. jkခေါင်းကိုက်လာသည်.....တစ်ခုခုကို လိုအပ်လာသည်...
Jkထကာ ကုတင်အောက် ပြန့်ကျဲနေတဲ့ သူ့ဘောင်းဘီအိတ်ထဲမှ ဆေးထုပ်ယူကာ လက်ပေါ်သို့ လောင်း ချလိုက်သည်..ကျလာတဲ့ဆေးက တစ်လုံးထဲ မို့
Jkလက်များ တုန်ယင်လာသည်....ငါဒီဆေးကို လိုတယ်..
ဆေးးးး
ဆေးးး
ဆေးး
ချွေးစောတွေပြန်ပြီးjkဟာ ဘောင်ဘီအင်္ကျီကို ဖြစ်သလို ကောက်စွတ်ပြီး အပြင်သို့ထွက်လာခဲ့လေသည်...
မကြာလိုက် Taehyungဖုန်းလေးမှာ တတူးတူးနှင့်မြည်လာတော့သည်.
အဆက်မပြတ်မြည် နေတဲ့ဖုန်း ကြောင့်Taehyungမျက်လုံးတို့ ဖြေးဖြေးခြင်း ပွင့်လာသည်...ကစ် !! ထထိုင်လိုက်တဲ့အချိန် ကစ်!ခနဲ့မြည်လာ
တာကြောင့် Taehyungခန ငြိမ်နေလိုက်သည်
တကိုယ်လုံး ထုရိုက်ခံရသလို ဝမ်းဗိုက်နှင့် ဆည်းခုံတွင်လည်း ကိုက်ခဲနေသည်....ဖုန်းယူကာ ကြည့်တော့ jiminဖြစ်နေလေသည်..
ဖုန်းကိုင်လိုက်ကာ နေမကောင်းကြောင်း ပြောကာ ပြန်လှဲရန်ပြင်ပေမဲ့ အခုချက်ချင်း လာမယ် ပြောပြီးဖုန်း ချပစ်လိုက်တဲ့ ဟိုငနဲလေးကြောင့် ဆက်အိပ်၍
မရတော့...ရှုပ်နေတဲ့ အခုလိုအခန်းပုံစံ ပြန့်ကျဲနေတဲ့.
ဒီအဝတ်တွေ ကောက်သိမ်းရအုန်းမည်
တော်ကြာလာတွေ့သွားပြီး အထင်လွဲသွားမည်ကို လည်း စိုးရိမ်သည်...
မကြာလိုက်jiminရောက်ချလာလေသည်...
"Taehyungအဆင်ပြေလား..ဆေးရုံသွားမလား"
ကုတင်ပေါ်တွင် ဖျော့တော့စွာ လှဲအိပ်နေတဲ့ Taehyungကိုမြင်တော့ jiminမှာ စိတ်ပူကာ
ပြောနေလေရဲ့.."ဒီနေ့ တစ်နေ့နားလိုက်ရင် သက်သာသွားမှာပါ "
"ဟုတ်ရဲ့လား မင်းပုံစံက ကြည့်ရတာ အဆင်မပြေဘူး"
"ရပါတယ်ကွာ..နားလိုက်ရင် သက်သာသွားမှာ"
ခေါင်းမာတဲ့နေရာမှာ တော့နှစ်ယောက်မရှိတဲ့ Taehyungကို jiminကပဲ လက်လျှော့လိုက်ရသည်
"ဗိုက်ဆာလားTaehyung ငါဆန်ပြုတ်ဝယ် လာတယ်"
Taehyungကာ ခေါင်းလေးငြိမ့်ပြသည် jiminသည် ပြုံးပြုးနှင့်သာ အောက်ထပ်ဆင်းပြီး
မီးဖိုထဲဝင်ကာ ဆန်ပြုတ်နွေးနွေး လေးကို ပန်ကန်လုံး ထဲပြောင်းထည့်လိုက်သည်ပန်ကန်စင်မှ လေဗန်းတစ်ချပ်ဆွဲယူကာ ဆန်ပြုတ်ပန် ကန်ကိုထည့် ရေတစ်ခွက်အဆင်သင့်နှင့် ဝယ်လာသော အဖျားပျောက်ဆေး အချိုထည့်ပြီး jiminပြန် တက်လာသည်....
Taehyungကာ မျက်လုံးကလေး မှိတ်ကာငြိမ်နေသည်..
"Taehyung! ထ ..ဆန်ပြုတ်စားပြီး ဆေးသောက် ရအောင်"
Jiminပြောလည်းပြောကာ Taehyungကျောပြင် အောင်လက်လျှိ့သွင်းကာ ထူပေးလိုက်သည်..
စွယ်တာလေးသာ ဝတ်ထားတဲ့ အင်္ကျီအဖြူ လေမှာ ပခုံးတစ်ဖတ် လျှောကျသွားတော့ ပေါ်လာတဲ့..ညိုရောင် သန်းနေသည့် အကွတ်တွေ.. ကို jimin ကြောင်အစွာ ငေးကြည့်နေစဉ်...."jimin! အလုပ်ကိစ္စအရေးကြီးလို့လား!
"အော်..အင်းးး.. အားးအရေးမကြီးပါဘူးကွာ..ငါကမင်းကို စိတ်ပူရုံ သတ်သတ်ပါ..
Jiminမျက်နှာလွှဲလိုက်ကာ ဆန်ပြုတ်ပန်ကန်ယူပြီး Taehyungကမ်းပေးလိုက်သည်...
တလုပ်ချင်းဆီ ဖြေးဖြေးချင်း ခပ်စားနေတဲ့ Taehyungကို သူငေးနေသည်..ခုနက ပေါ်လာတဲ့ဒဏ်ရာကရော..ဒါမှမဟုတ်Taeနဲ့jkတို့..အားး.မဖြစ်နိုင်တာ....
Jiminအခန်းထဲ မျက်လုံးကစားပြီး Taehyung ကိုမေးလိုက်သည်..
"Jkသိလား မင်းနေမကောင်းဘူးဆိုတာ"