သီးသန့်ဖြစ်တည်မှု....(အပိုင်း-၃)
=====================ကျွန်တော်ရေချိုးပြီး ထွက်လာချိန်တွင် ကိုကြီးသည်သူ၏ခါးတွင် တဘက်ပတ်ထား၍ ကုတင်ပေါ်တွင်ပတ်လက်လှန်လှဲနေပြီး သူ၏လက်များကို ခေါင်းအောက်တွင်ခုထားသည်။ ကျွန်တော် သေချာကြည့်မိသည်မှာ ကိုကြီး၏ကိုယ်သည် တောင့်တင်းသည့် ခန္ဓာကိုယ်မျိုးမဟုတ် ဝဝဖြိုဖြိုး ခန္ဓာကိုယ်မျိုးဖြစ်သည်။ လက်မောင်းကြွက်သားများကလွဲ၍ ကျန်နေရာများတွင် အဆီအနည်းငယ်ရှိသည်။ ရင်အုပ်ဟုပြော၍မရ။ သူ၏ရင်ဘက်သည် အနည်းငယ်ဆူနေခြင်းကြောင့်ဖြစ်သည်။ ဗိုက်တွင်လဲ ဘယ်ရီဟူ၍ အရာမျှသာရှိပြီး ပူပူလေးဖြစ်နေသည်။ ထိုသို့ဗိုက်ပူပူလေးသည်ပင် ကျွန်တော့်အတွက် ရင်ခုန်ခြင်စရာကောင်းနေသည်။ ကိုကြီး၏ခြေသလုံးမွှေးများသည် သန်စွမ်းကာရှည်လျားလှသည်။
ကျွန်တော်ထွက်လာသည်ကိုမြင်တော့ ကိုကြီး ကုတင်ပေါ်မှလှစ်ခနဲထသည်။ သူလှစ်ခနဲထချိန်တွင် တဘက်သည်လှပ်ခနဲ လန်သွားသည်။ ထိုအခြင်းအရာကြောင့် ကျွန်တော်ကြက်သီးထကာ တုန်သွားရပြန်သည်။ သူ၏ခြေထောက်မွှေးသည် အတော်အတန်ထက် ကျော်လွန်၍ သန်စွမ်းကာပေါင်ရင်းနားလောက်ထိ ပေါက်နေသောကြောင့်ဖြစ်သည်။ ထိုအခြင်းအရာထိသာ မြင်ရသည်။ ကျန်တာလဲမမြင်တွေ့ခဲ့ရ။ ကျွန်တော်တွေ့ခဲ့လျှင်လဲ ရပ်တည်ဖို့ပင်အင်အားမရှိနိုင်ပေ...။
ကျွန်တော် ကိုကြီးကိုတစ်စောင်းနေ၍အကြည့်ကိုလွှဲသည်။ရင်ထဲမှာတော့ဖိုးသိုးဖတ်သတ်နှင့်သာပင်...။
"ရေချိုးတာပြီးပြီလား...ကြာလှချည်လား...မိန်းကလေးထက်တောင်ပိုကြာသေးတယ်...ကိုယ်နဲ့တူတူအိပ်ရမှာမို့သန့်ရှင်းရေးသေချာလုပ်နေတာလား..."
ကျွန်တော့်မျက်နှာ ဖြန်းကနဲတစ်ချက်နီရဲသွားသည်။ ကိုကြီး၏ ထိုကဲ့သို့စကားကို ကျွန်တော်နှင့်တွေ့လျှင် ရှေ့မလွတ်နောက်မလွတ် ပြောတတ်သည်များကို နောက်ပိုင်းတွင်ကျွန်တော်ပိုသိလာသည်။
"ဘာတွေပြောနေတာလဲ....ကျွန်တော့်ကို အဲ့လိုပြောတာမကြိုက်ဘူး..."
"ဟဟရှက်သွားတာမျက်နှာကြီးကနီရဲသွားတာပဲ...."
"တော်တော့အဲ့ဒီလိုနောက်မစနဲ့...."