Part 5
Godအိမ်ပြန်ရောက်တော့ Kit ကုတင်ပေါ်မှာ
လှဲနေရင်း" Godလား "
" အင်း Kit "
" ငါထမင်းစားခန်းထဲမှာ မင်းစားဖို့ဟင်းဝယ်ထားတယ် "
" ဘာလို ဝယ်ထားရတာလဲ ပြီးတော့ ပိုက်ဆံက
ဘယ်ကရတာလဲ "" ပိုက်ဆံက ငါစုထားတာရှီတာပေါ့ "
" Kit အဲ့ဒီပိုက်ဆံက မင်းဗိုက်ဆာရင်စားဖို့ ငါမုန့်ဖိုးပေးခဲ့တာလေ စုဖို့မဟုတ်ဘူး "
" ငါသိပါတယ် ငါဗိုက်မဆာပါဘူး ပြီးတော့ မင်းက ကျောင်းလည်းတက်ရသေး အလုပ်လည်းလုပ်ရသေး ငါမင်းကို အားနာလှပြီ "
" Kit ငါတို့က ညီအစ်ကိုတွေလေ ဘာအားနာစရာလို့လဲ မင်းကငါညီလေ ငါစောင့်ရှောက်ရမှာပေါ့ "
" ငါအလုပ်လုပ်ချင်တယ် God "
" ဘာ!..kit အရူးမထစမ်းနဲ့ အိမ်မှာပဲနေစမ်းပါ "
Godအသံက ပုံမှန်ထက်ကျယ်လာသည်။
God သူအလုပ်လုပ်မှာကိုး
လွယ်လွယ်နဲ့သဘောတူမယ်မထင်ဘူး" ဘာလဲ မင်းကငါကိုရောဂါသည်ဒုက္ခိတဆိုပြီး
ဘာမှအသုံးမကျတဲ့သူလို့ မြင်နေတာလား "" မဟုတ်ဘူး Kit မင်းအလုပ်မလုပ်ပါနဲ့ ငါရှာကျွေးနိုင်ပါတယ် ဘာအလုပ်မှမင်းမလုပ်ရဘူး "
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံကြားလို့ တံခါးသွားဖွင့်တော့ အိမ်ရှင်အဒေါ်ကြီး
" အိမ်လခမပေးတာ သုံးလရှီပြီနော် ဒီလမှမင်းတို့
မပေးရင် အိမ်ပေါ်ကဆင်းတော့ "" ကျွန်တော်ဆက်ဆက်လာပေးမှာပါ အခုတော့ ပြန်ပါတော့ "
" ပြန်မှာပါ မင်းကမာနလာကြီးမနေနဲ့ ဒီလပေးရင်ပေးမပေးရင် အိမ်ပေါ်ကဆင်း "
မိန်းမကြီးပြောပြီး ပြန်ထွက်သွားသည်။ Kit မကြားစေချင်ပေမဲ့ ကြားသွားတဲ့ Kit ကိုကျွန်တော်အားနာသည် ကျွန်တော် Kit ကိုစောင့်ရှောက်ဖို့
အရည်အချင်းတောင်မရှီဘူးလား ကျွန်တော် kit ကိုးဘာစကားမှမပြောတော့ပဲ ထမင်းစားရေချိုးပြီး အဝတ်အစားဝတ်ပြီး စားသောက်ဆိုင်သွားမဲ့အလုပ် Kit ထမင်းစားပြီးတိုင်း အိပ်ခံနီးဆေးသောက်နေကျ သောက်ရောသောက်ရဲ့ လားမသိဘူး အံဆွဲထဲက Kit ဆေးဗူးကိုယူကြည့်တော့ ကုန်နေတဲ့ဆေးဗူး
YOU ARE READING
မနက်ဖြန်ဆိုတာရှိခဲ့ရင်
Fanfictionမနက်ဖြန်ဆိုတာရှီခဲ့ရင် Singto ငွေကြးချမ်းသာဂုဏ်ပနာတွေကြား ရိုးသားလွန်းတဲ့ကောင်လေးကိုး သွားတွေ့တယ် သူဘဝတစ်ခုလုံးကျွန်တော်ပိုင်ဆိုင်ရရင်သိပ်ကောင်းမှာပဲ Krist အချစ်စစ်မှာ အတ္တမာန်မာနမရှီဘူး အချစ်စစ်မှာ ဂုဏ်ပကာသန မလိုဘူးဆိုပေမဲ့ အချစ်စစ်ဆိုတာ ကိုယ့်အတွ...