"ချာတိတ်... ""ခဏလေး...Hun..ကျွန်တော် ပြီးပြီ..."
တစ်ခွန်းခေါ်လိုက်ရုံနဲ့ တုန့်ပြန်သံက စူးခနဲ...
ခဏလေးဆိုတဲ့ ချာတိတ်ကို အခန်းရှေ့ကရပ်စောင့်ချိန် မိနစ်နှစ်ဆယ်စောင့်အပြီးမှာ..
အခန်းတံခါးပွင့်လာခဲ့သည်...သခွားနုရောင်ရှပ် အင်္ကျီ လက် တွေရှည်ကျနေလိုက်တာ လက်ချောင်းထိဖျားတွေရောက်တဲ့အထိ...သာမာန်ထက်ပိုကျယ်နေတဲ့ လည်ပင်းပေါက်က ကြယ်သီးအပေါ်ဆုံးတစ်လုံးဖြုတ်ထားလိုက်သည့်အခါ..ရင်ညွန့်အထိကျယ်လွင့်လွင့်...
Fashion ပိုင်း ဂရုစိုက်တတ်ပြီး..
Oversizeတွေဝတ်လေ့မရှိခဲ့သည့် ချာတိတ်က
Mediaတွေကို မျက်ခြေဖြတ်ဖို့ မဝတ်ဖူးတာတွေဝတ်လာခဲ့ပုံရသည်...အနားတွေဖွာထွက်နေသည့် ဂျင်းပန့် အနက်ရောင် တိုတိုက
ဒူးဖုံးရုံ...Mask အနက်ရောင်က မျက်နှာပေါ်မှာ မပါမဖြစ်..
နဖူးပေါ်ဝဲနေသည့် ဆံပင်တွေကို သိမ်းလှန်ပြီး
ဦးထုပ်ကိုနောက်ပြန်အနေအထား ဖိဆောင်းပြီးသွားတဲ့အခါ..."သွားကြမယ်လေ.. .."
ရှေ့တစ်လှမ်းစောရင်း ပြောသွားတဲ့ချာတိတ်ကို ဒီအတိုင်းပဲရပ်ကြည့်နေလိုက်တော့
...နောက်ပြန်လှည့်တဲ့ မျက်ဝန်းဝိုင်းဝိုင်းများ.."လာလေ.."
အနားကိုတိုးသွားကာ လှစ်ဟာနေတဲ့ ကြယ်သီး
တစ်လုံးကို သေချာတပ်ပေးရင်း...
ကော်လံစကို ပါပုံချပေးလိုက်ပြီးမှ.."သွားစို့ ချာတိတ်.."
လက်တစ်ဖက်ထဲ ဖမ်းဆုပ်ခဲ့သည့်
လက်ဖဝါးအိအိ တစ်ဖက်....နှုတ်ခမ်းတွေကို မမြင်ရပေမယ့်
ပြုံးရောင်ပြု သည့် မျက်ဝန်းတွေကို ဖမ်းမိလိုက်သေးသည်...... ကိုယ့်ကြောင့်ပျော်ပါ ချာတိတ်ရေ.
***********
"အဆင်ပြေရဲ့လား..."
ကျောပြင်ကို ဖွဖွပွတ်ရင်း မေးလာတော့
ခေါင်းသာညိတ်ပြလိုက်ရပေမယ့်..
တကယ်တမ်းတော့ အဆင်မပြေ...
စားထားသမျှတွေ အန်ထုတ်ပစ်လိုက်ပြီးမှ
ရင်ထဲ တစ်လှပ်လှပ်တုန်လာသည်....
"Heee.."
ခပ်တိုးတိုးကျိတ်ရယ်သံကြောင့်.. မလုံမလဲ လှည့်ကြည့်မိတော့... ရယ်မြူးရိပ်သန်းနေတဲ့ မျက်ဝန်း
တွေရယ်...."Sorry..sorry hun.."
လက်ကာပြရင်း တစ်ဖက်လှည့်သွားသည့် ချာတိတ်..အသံထွက်ရယ်နေပြန်သည်...
ကိုယ့်ကိုလှောင်ရကောင်းလားလို့ ဆူပစ်ချင်သေးပေမယ့် ကိုယ့်ဝေဒနာကို အံတုနေရဆဲမို့
ဆူရမယ့်အရေးအာရုံမထားနိုင်...တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှ မစီးဖူးခဲ့တဲ့..စီးလဲမစီးခဲ့တဲ့... ရိုလာကိုစတာ...
ချာတိတ် အတင်းအပူကပ်လို့ အတူလိုက်စီးပေးခဲ့မိသည်...ချာတိတ် ပြောသည့်.. ပျော်ဖို့ကောင်းတယ်ဆိုတဲ့ခံစားချက်ဟာ ဘာမှန်းတောင်မသိလိုက်....
မျက်လုံးစုံမှိတ်ထားပြီးဘယ်အချိန်လွင့်ကျသွားမလဲဘဲ တွေးနေရင်း လည်ချောင်းတွေနာတဲ့အထိ အော်ပစ်ခဲ့သည်.....အမြင့်ဆုံးကနေထိုးကျသွားရတဲ့ ခံစားချက်ကို
တစ်ခေါက်ပြန်အမှတ်ရမိရုံနဲ့ ခေါင်းတွေမူးဝေပြီး...ရင်ဘတ်ထဲက အော်ဂလီဆန်လာပြန်သည်..."ဝေါ့!!!"
"ဒုက္ခပဲ..."
ရယ်နေရင်းက ချက်ချင်းမျက်နှာ ပျက်သွားရှာသည့် ချာတိတ်...ပျော်စေချင်လို့ Lotte world ကိုပို့ပေးခါမှ ကိုယ့်ကြောင့် စိတ်ပူသွါးရပြန်ပြီ
"ခင်ဗျား... အခြေအနေကောင်းရဲ့လား..Huh.
..အိမ်ပြန်ကြမလား...ဒါမှမဟုတ် ဆေးရုံသွားပြ
မလား..""ရတယ်...ခဏနေရင် သက်သာသွားမှာပါ.."
"မပြန်သေးဘူးဆိုရင်လဲ
လေကောင်းလေသန့်ရတဲ့နေရာသွားရအောင်"ခြေလှမ်းတွေတော်တော်များများလျှောက်ပြီးသွားချိန်မှာ...ဆူညံသံတွေနဲ့ အနည်းငယ်လှမ်းတဲ့
ချယ်ရီပင်တန်းတွေအောက် ရောက်လာခဲ့သည်...ပန်းရနံ့ပြေပြေကို ဖွဖွရှိုက်သွင်းကာ..
မူးဝေနေတဲ့စိတ်ကို အာရုံလွှဲရင်း
ခြေလှမ်းတွေဆီ စိတ်နှစ်ထားလိုက်ပြီး....တစ်လှမ်း....
ရွက်ခြောက်တစ်ချို့နဲ့အတူ...ချယ်ရီကြွေ အနည်းငယ် ခြေဦးထိပ်မှာ ဝေ့ဝဲလှုပ်ရှားသွားကြသည်....