August 29
အနက်ရောင် ဒဏ္ဍာရီစာအုပ်လေးရဲ့ အဆုံးသက်စာမျက်
နှာတစ်ခုရဲ့ Page - 100 မှာ အနီရောင်မှင်ဖြင့်ရေးထား
သော စာတွေရှိတယ် …… The End လို့စာတန်းထိုး
ထားသောအောက်ဆုံးစာကြောင်းက ထိုစာအုပ်ရဲ့ အဆုံး
သတ်ခြင်းကို လစ်ဟာပြနေတယ် ……The End
စာမျက်နှာပေါင်း 100 ကျော်ကို နာကျင်ခြင်းတွေနဲ့သီကုံး
ထားပြီး လွမ်းဆွတ်ခြင်းတွေနဲ့ ရေးစပ်ထားတယ် …
Miss ဆိုတဲ့စာလုံးပေါင်းများစွာပါဝင်သော စာမျက်နှာ
တိုင်းမှာ အသံတိတ်ကျဆင်းခဲ့သော မျက်ရည်စက်တွေရှိ
သည် …ဘယ်သူမှမသိအောင်သိမ်းထားတဲ့ နှင်းဆီပန်းခြောက်တွေ
က စာရွက်တွေကြားထဲနေရာယူထားတယ် … အံဆွဲထဲမှာ
တော့ Jongdae ပေးသမျှဆေးတွေကို သူမသောက်ပဲ
သိမ်းထုတ်ထားတာအတော်လေးများပြားလွန်းလို့ တစ်ချို့
တစ်လေဆို အမှိုက်ပုံးထဲရောက်ကုန်ပြီ …ဒီနေ့ဟာ နောက်ဆုံးနေ့ပဲ… အားလုံးအဆုံးသတ်လိုက်
သင့်ပြီလို့ထင်တဲ့ အချိန် ကျွန်တော်အခုရပ်နေတာက
Black အိမ်တော်ရဲ့ တတိယထပ်က ပထမဆုံးအခန်း …အဖြူရောင်မွေ့ရာယာပြင်ကျယ်ကြီးတစ်ခုရဲ့အပေါ်မှာ
ကောင်လေးတစ်ယောက် အခြားကောင်လေးတစ်ယောက်
ကိုဘယ်လောက်ချစ်ကြောင်း တစ်ဖွဖွပြောနေသည် …
ပြီးနောက် သူတို့နှုတ်ခမ်းတွေကို အာသာဖြေနေတယ်…
အော်ဟစ်ကာ ညည်းညူသံတွေ ကျယ်ကျယ်လောင်
လောင်ထွက်နေတဲ့ အချစ်ရည်လူးမှုတစ်ခုကို မက်မက်
မောမော ဖန်တီးနေကြတယ် ……ဒီလိုအငွေ့အသက်မျိုး … ပြန်လိုချင်လား ကိုယ့်ကိုကိုယ်
ပြန်မေးရင်း …ဘီဒိုထဲက မိုးပြာရောင် Tshirt တစ်ထည်
ကို ပွေ့ဖက်ကာ နမ်းရှိုက်လိုက်မိသည် ……… နှစ်တွေ
ကြာသွားသည့်တိုင် အငွေ့အသက်တွေဟာ ပူနွေးနေဆဲပဲDarling ~ လို့ကျွန်တော် တမ်းတရင်း ပါးပြင်ပေါ်ကနေ
လိမ့်ဆင်းသွားသော မျက်ရည်စများကို ဘေးမဲ့ပေးလိုက်
တာနဲ့ … 5 နှစ်တာလုံးလုံး နာကျင်နေသော နှလုံးသား
သည် ပေါက်ကွဲထွက်တော့မဲ့ မီးတောင်တစ်ခုလိုပဲ !!