အပိုင္း ၆၁

3.9K 294 3
                                    

(Uni)  သက်တံ့ရဲ့နာကြဉ်းမုန်းတီးတဲ့စကားတွေကိုထပ်ခါတလဲလဲပြန်ကြားယောင်ရင်း သက်တံ့အဖေဦးမြင့်မောင် တစ်ယောက်အတွေးပေါင်းစုံဖြစ်လို့နေသည်။

*သားလေးက နှလုံးရောဂါဖြစ်နေတာမလား....ငါကသူ့အတွက်စိတ်ညစ်စရာသောကရောက်စရာများဖြစ်နေလား....ငါ့လိုပုံစံကိုသူ့မိဘတစ်ယောက်အဖြစ်မသတ်မှတ်နိုင်တော့ဘူးထင်တယ်..

သားလေးအဖေ့ကြောင့်အရမ်းစိတ်ထိခိုက်နေရပြီလားဟင်....သားနောက်ဆုံးပြောသွားတဲ့စကားတွေကအရမ်းကိုရင့်သီးလွန်းပါတယ် သားနှင်းကိုသဘောမကျဘူးလား အဖေသားဖြစ်စေချင်တဲ့အဖေတစ်ယောက်ဖြစ်အောင်ကြိုးစားယူပါ့မယ်ကွယ်..   *

မျက်ရည်တစမ်းစမ်းနဲ့ အိပ်ယာပေါ်မှာလူးလိမ်းပြီး အတွေးသောကတွေပူပွေဖြာနေသည်။

"ပြန်....ပြန်တော့မှာလားရဲသွေး....."

သူတို့နှစ်ယောက်တရားဝင်ချစ်သူဖြစ်ခဲ့တဲ့အချိန်လေးဟာအရမ်းကို တိုတောင်းလွန်းပါတယ် မကြာခင်ပဲခွဲခွာရတော့မည်မဟုတ်ပါလား......သို့ဖြစ်၍စေရာမျက်ဝန်းတွေဝမ်းနည်းရိပ်တို့တွဲလွဲခိုနေပါတော့သည်။

"ကျူ တာဆရာလေးဖြစ်ဖို့အတွက်ဆက်ကြိုးစားပါနော်စေရာ ငါအားပေးပါတယ်"

"ကျောင်းပြီးသွားပြီဆိုတော့ ဘာလုပ်ဖို့စိတ်ကူးထားလဲဟင်"

"ငါလား.....ဘဏ်တို့ ကုမ္ပဏီတို့မှာဝန်ထမ်းဝင်လုပ်မယ်ပေါ့ "

ရဲသွေးကပေါ့ပေါ့ပါးပါးဖြေနေ၍ စေရာမကျေမနပ်ဖြစ်မိနေသလို။

"ခွဲရတော့မှာကို ရုပ်ကြီးကဖြီးနိုင်သေးတယ်လား အတည်ကိုအမြင်ကပ်စရာကြီး....ဟင့် ဟင့်   😖😭😭😭"

ပြောနေမကြာပါဘူး စေရာထငိုလေတော့သည်။

"ဟာ....ဆရာကလည်းမငိုပါနဲ့ ရေစက်ရှိရင်တနေ့ပြန်ဆုံဦးမှာပါ ကလေးလေးကျနေတာပဲ အဲ့လိုကလေးရုပ်ကဆရာဖြစ်ရင်တော့လား စင်မြင့်ပေါ်မှာဂျီတိုက်နေမှာမြင်ယောင်သေးတယ် 😂"

သူငိုနေတာတောင် ရဲသွေးကရယ်နေ၍ ပိုပြီးစိတ်တိုကာ လက်သီးနဲ့ ရဲသွေးရင်ဘတ်ကိုတဒုန်းဒုန်းမည်အောင်ထုနှက်လိုက်ပါသေးသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now