Zawgyi
ဘယ်သွားမယ်လို့ ရေရေရာရာတွေးထားခဲ့တာမရှိပဲ ဒီအတိုင်း သူ့မျက်နှာမြင်ချင်လို့ အိမ်ကနေအတင်းခေါ်ထုတ်လာတာဆိုတော့လည်း ပန်းခြံတစ်ခုမှာ ကားထိုးပြီး နှစ်ယောက်သား ထိုင်နေမိကြသည်။ ကားတံခါးဖွင့်ထားလိုက်တော့ ရေကန်ဘက်ကတိုက်လာတဲ့လေလေးက တဖြူးဖြူး..။
ကိုယ်ကတော့ ဂျယ်လ်မလိမ်းလာခဲ့တဲ့ ကိုယ့်ဆံပင်တွေပွကုန်လို့ မကြိုက်ပေမဲ့ Han လေးကတော့ ပျော်နေပုံရသည်..။ မျက်နှာလေးကို ကြည်လို့။
"Han ပျော်နေရင် မျက်နှာလေးက အေးချမ်းနေတာပဲ"
ဘေးတိုက်မြင်နေရသည့် Luhan ဘက်သို့ ကိုယ်တစ်စောင်းလှည့်လိုက်ကာ ပါးပြင်အိအိလေး လက်ညှိုးနဲ့ထိုးပစ်လိုက်သည်။
"လူကို အရုပ်များမှတ်နေလား.. ကလိမယ်ဆိုတာချည်းပဲ"
Sehun လက်ညှိုးနဲ့ သူ့လက်ငါးချောင်းလုံးနဲ့ကိုင်ပြီး ဆွဲဖယ်လာသည်။ ပြီးတော့လည်း မလွှတ်ပေးပဲ လက်ညှိုးကိုဆွဲရမ်း၍ မျက်စောင်းထိုးသေး၏။
"ကိုယ့်ဘာသာမှန်ထဲပြန်ကြည့်ကြည့်ပါလား.. ကလိချင်စရာလေးဖြစ်နေပြီးတော့"
"ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ"
"ဟုတ်ပါပြီကွာ.. လာပါဦး ကိုယ့်ဆီကို"
"ခေါ်တိုင်းလာရအောင် ကျွန်တော်က ခွေးလည်းမဟုတ်"
အဲ့လို ရွှတ်နောက်နောက်မပြောတတ်တဲ့ကောင်လေးက Sehun ကိုတောင် ပြန်စနောက်နေသေးသည်ဆိုတော့ တကယ်ပဲ ပျော်နေပုံရသည်..။
"ကိုယ်တို့က အခုဘာတွေလဲ"
"သူငယ်ချင်းတွေ"
စက္ကန့်မဆိုင်းပဲပြန်ပေးလာတဲ့အဖြေက သူငယ်ချင်းတဲ့။ Sehun သာ အကြမ်းပတမ်းတွန်းအားပေးလိုက်ရင် Luhan သူ့ဘက်ကိုပြန်ပါလာမယ်ဆိုတာသိသည်။ ဒါပေမဲ့လည်း။ ရင်တော့နာရပေမဲ့လည်း..။ Luhan ဘာကိုစိုးရိမ်နေသလဲဆိုတာ သိနေတော့ အတင်းမတိုက်တွန်းချင်။
"ကိုယ် မင်းအစ်ကိုနဲ့အဆင်ပြေအောင်နေမယ်ဆိုရင် မင်းကိုယ့်ကိုပြန်လက်ခံမှာလား"
Luhan က မျက်လုံးလေးဝိုင်း၍သာ ငေးကြည့်နေပြန်သည်။ သူ့လက်ဖဝါးနုနုကို Sehun မချင့်မရဲလေး လှမ်းဆုပ်ကိုင်မိလိုက်သည်။ အကယ်၍များ.. Han ကသာ ခေါင်းညိတ်မယ်ဆိုရင်.. Park Chanyeol ကို ဒူးထောက်ရမယ်ဆိုလည်း ဝန်မလေးပါ။
YOU ARE READING
Give and Take
FanfictionOverprotective big brothers fall for each other's little brothers. (Nov 6th, 2018 - May 7th 2020)