" Andwal......"
ထိတ်လန့်စွာခြောက်ခြားစွာ နိုးထလာသော ကျွန်တော့်ကို စိုးရိမ်တကြီးကြည့်နေသော Sehun ကြောင့် အနည်းငယ် သက်သာရာရမိ
သည် ။ Sehun က အိပ်ယာဘေးရှိခုံပုလေးအပေါ်မှာ အသင့်တင်ထားသော ရေအပြည့်ပါသည့် ဖန်ခွက်ကိုယူကာ ကျွန်တော့်ကို ပေးတော့ အငမ်းမရမော့သောက်လိုက်မိသည်။ ပူလောက်ခြောက်သွေ့နေသောလည်ချောင်း တစ်လျောက်အေးမြသွားတာကြောင့် ထိတ်လန့်မှုတို့အနည်းငယ် ပြေပျောက်သွားချိန်မှာ Sehun ကမ်းပေးသော ပုဝါ
လေးကို ယောင်နနလှမ်းယူရင်း နားမလည်နိုင်စွာ မော့ကြည့်လိုက်တော့ Sehun က ကျွန်တော့် မျက်နှာကို လက်ညှိုးထိုးပြရင်း" ချွေးတွေ သုတ်လိုက်ဦး........ဒီလိုနဲ့ ဖျားဦးမယ်......"
လူကြီးလေးတစ်ယောက်လို စိတ်ပူစွာ ပြောနေသော Sehun စကားကြောင့် ကျွန်တော် တစ်ချက်ပြုံးမိရင်း လက်ထဲက တဘက်နဲ့
မျက်နှာ အနှံ့ သုတ်ပစ်လိုက်ပြီးမှ" မင်းအိမ်မပြန်ဘူးလား......ဘယ်သူက ခွင့်ပြုလို့ သူများ အိမ်ထဲမှာ လာအိပ်နေတာလဲ....."
ကျွန်တော့်စကားကြောင့် Sehun က ဖြူ ဖွေးနေသော သွားချွန်ချွန်
လေးတွေ ပေါ်အောင် ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း" Aigoo....... မူလတန်းကလေးလို အိပ်နေရင်း ထငိုတာကို....လူမြင်သွားလို့ ရှက်ရမ်းတွေရမ်းနေပါပြီကွာ...........အိပ်ယာနိုးတဲ့အချိန်တစ်ယောက်တည်းဖြစ်ရင် ထိုင်နေမှာများ......အခုအဖော်ရှိတာတောင် ငယ်သံပါအောင်......အော်ဟစ်နေတာ......သနားစရာ ငါ့နားလေး.."
Sehun ကသူ့နားထဲကို လက်ညှိုးတစ်ချောင်း ခပ်ဖွဖွ ထိုးရင်း Luhan ကို ခပ်စွေစွေကြည့်ကာ ပြောလိုက်တာမို့ Luhan ကုတင်ပေါ်မှ ခေါင်းဦးတစ်လုံးဖြင့် Sehun ကို ခပ်ဖွဖွ ပိတ်ပေါက်လိုက်တော့ သူ့ရဲ့လက်တံရှည်တွေကြောင့် ခေါင်းဦးလေးက အဝေးရောက်သွားကာ Sehun က Luhan ကို လျှာထုတ်ကာ မျက်လုံးနှစ်လုံးပါ စွေပြလိုက်သည် ။
YOU ARE READING
ရင်ခုန်သံ မရပ်သရွေ့
Fanfictionအပိုင်း ၈ ရဲ့ နောက်ပိုင်းတွေကို Deer က ဆက်ရေးသွားမှာပါ လိုအပ်ချက်တွေ မပြည့်စုံမှုတွေရှိခဲ့ရင်တောင်းပန်ပါတယ်ဗျ