4.Warmth

411 62 2
                                    

Unicode

(zawgyi below)

Taeyong's POV

ကျွန်တော့်ဘေးမှာရှိနေတဲ့ Jisung လေးက ကျွန်တော်ရှိနေလို့လားမသိ။ ထမင်းကိုမစားချင်သော်လည်း အားနာနာနဲ့အတင်းမျိုချစားနေခဲ့တယ်။ တစ်လုတ်သွင်းပြီးတိုင်းမြုံစိစိနဲ့စားနေတယ်

ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ဘက်မှာကတော့ အခုမှဒီကိုရောက်လာပြီးကလေးတွေနဲ့အံဝင်ဂွင်ကျမဖြစ်သေးတဲ့ Jaehyun ကကလေးလေးတွေကြားမှာ ထိုးထိုးထောင်ထောင်နဲ့ဝင်ထိုင်ရင်း ကလေးတွေစားတာကိုကြည့်လိုက် ကလေးတွေကိုရယ်ပြလိုက် သူကစားလိုက်နဲ့ ဒီသုံးမျိုးကိုသာတစ်လှည့်စီလုပ်နေတယ်

Jaehyun ကလည်း ကလေးတွေနဲ့ဆက်ဆံရတာအခက်အခဲတွေ့နေသလို ကျွန်တော်ကတော့ အသစ်ဝင်လာတဲ့ ဒီဂေဟာနဲ့စိမ်းနေသေးတဲ့ ရင်ထဲကဝမ်းနည်းမှုတွေကိုမဖယ်နိုင်သေးတဲ့ Jisung လေးနဲ့ ရင်းနှီးအောင်ဆက်ဆံဖို့ အခက်အခဲတွေ့နေခဲ့တယ်

တခြားကလေးတွေက ဟင်းတွေနဲ့ပယ်ပယ်နယ်နယ်စားနေသလောက် Jisung ကဟင်းကိုတို့ရုံလောက်သာစားနေတယ်။

ဟင်းအနှစ်တွေနဲ့နယ်ထားတဲ့ ကျွန်တော့်ရဲ့ပန်းကန်ကို Jisung ပန်းကန်နဲ့လဲလိုက်တယ်

Jisung ကကျွန်တော်ကို အံ့သြစွာနဲ့ကြည့်လာပြီးနောက် ခပ်မှိုင်မှိုင်နဲ့ပဲ ခေါင်းငုံ့သွားပြန်တယ်

"မင်းကဒီကိုရောက်တာမကြာသေးတဲ့အသစ်လေးဆို ?"

"nae"

"မင်းအကြောင်းတွေကို Do young ပြောပြလို့ hyung သိပြီးသွားပြီ ဘယ်စကားလုံးကမှမင်းကိုမဖြေသိမ့်နိုင်တာသိပေမယ့် ဒီတစ်ခွန်းတော့ပြောချင်တယ် တချို့လောကဓံတွေက အသက်အရွယ်နဲ့လူမရွေးတတ်ဘူး လောကဓံဆိုတာ နောက်ပြောင်မှု တစ်ခုပဲ သူစနောက်တာကို မင်းဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာ အားလုံးကသိချင်ရင် မင်းကိုပဲကြည့်ကြမှာ လောကဓံကိုတော့အပြစ်တင်ကြမှာမဟုတ်ဘူး အခုချိန်ကစပြီးမင်းအပေါ်မှာပဲ အရာအားလုံးကမူတည်တယ်"

ကျွန်တော်ပြောသမျှကို ထိုကောင်လေးက မျက်လုံးသေးသေးလေးတွေနဲ့ စူးစူးစိုက်စိုက်ကြည့်ကာနားထောင်နေခဲ့တယ်။ ကျွန်တော့်စကားတွေအဆုံးမှာ သူဘာမှမကြားခဲ့သလိုပုံစံနဲ့ပဲ ထမင်းပန်းကန်ကိုပြန်ကြည့်လိုက်တယ် ကျွန်တော်သေချာနယ်ပေးထားတဲ့ ထမင်းတစ်လုတ်ကိုသူစားပြီးနောက်မှာ အရသာသိသွားတဲ့ပုံစံလေးနဲ့ နောက်ထမင်းလုတ်တွေကိုခပ်သွက်သွက်သွင်းနေတယ်။ စောနကလို မြုံစိစိစားနေတာမဟုတ်တော့ဘဲ အားရပါးရစားလာတယ်

También te gustarán

          

ဒါကိုမြင်လိုက်ရတော့ ကျွန်တော်သဘောကျလို့ သူမမြင်အောင်ပြုံးလိုက်မိတယ်

ကျွန်တော့်ရှေ့က Jaehyun ကလည်းဒါကိုမြင်တော့နည်းနည်းအံ့သြသွားတယ်

သူကလည်း သိပ်ကိုထိရှလွယ်နေလွန်းတဲ့ Jisung နားကိုကျွန်တော်ဘယ်လိုချဉ်းကပ်မလဲဆိုတာကို သိပ်စပ်စုနေခဲ့တာ။ သူ့ဘေးကကလေးတွေကိုကြည့်လိုက် ကျွန်တော်တို့ကိုကြည့်လိုက်နဲ့ပေါ့

ကျွန်တော်ရော Jisung ရော ပန်းကန်ထဲကထမင်းတွေကုန်တဲ့အထိစားပြီးသည်အထိ ဘာစကားမှဆက်မပြောဖြစ်ကြ။

နေ့လည်စာစားပြီးတော့ စားပြီးသားစတီးဗန်းတွေကို Do Young ကမိးဖိုဆောင်ကနေဒိုင်ခံယူပြီး ကျွန်တော်နဲ့ Jaehyun က ဝယ်လာတဲ့ရေခဲမုန့်တွေကို ရေခဲသေတ္တာထဲကနေသွားထုတ်ကြတယ်။ ပြီးတော့ ကလေးတစ်ယောက်ချင်းစီကိုလိုက်ဝေကြတယ်။

ကျွန်တော်တို့နားကို ရေခဲမုန့်လာတောင်းကြတဲ့ ကလေးတွေထဲ Jisung မပါခဲ့။ ရေခဲမုန့်ရပြီးတော့ သူတ်ု့ရဲ့သူငယ်ချင်းအစုစုလေးတွေနားကိုပြန်ပြေးသွားကြတဲ့ကလေးတွေကတော့ ရေခဲမုန့်ကိုဖောက်ပြီး သူတို့သူငယ်ချင်းတွေနဲ့အတူစားနေကြပြီဖြစ်တယ်

နောက်ဆုံးကျန်တဲ့ တစ်ဗူးကို ကျွန်တော်ကိုင်ထားရင်း ထောင့်မှာထိုင်နေတဲ့ Jisung နားကိုသွားလိုက်တယ်

"ရေခဲမုန့်မစားဘူးလား"

ကျွန်တော်ကသူ့ကိုသိပ်ဂရုစိုက်နေတော့ အံ့သြနေတဲ့ပုံစံနဲ့သာ ကျွန်တော့်ကိုတုန့်ပြန်ခဲ့တယ်

ကျွန်တော်က လက်ထဲကရေခဲမုန့်ကိုတစ်ဇွန်းခပ်စားလိုက်ရင်း သူ့ဘေးမှာထိုင်ချလိုက်တယ်

"မစားတော့ပါဘူး"

"စားပါ မင်းစားချင်နေတာငါသိတယ်"

ကျွန်တော်က လက်ထဲကရေခဲမုန့်ကို Jisung လက်ထဲထည့်ပေးလိုက်တယ်

လက်ထဲကိုရေခဲမုန့်ခွက်ရောက်လာတော့ Jisung ကတစ်ဇွန်းခပ်ကာ ပါးစပ်ထဲထည့်ဖို့ပြင်လိုက်တယ်။ ပါးစပ်ထဲရောက်ခါနီးမှ ဇွန်းကိုပြန်ချလိုက်ပြီး

"ဒါ hyung စားနေတာမလား? ကျွန်တော်စားလိုက်ရင် hyung ကဆက်စားဦးမှာလား?"

DesideratumDonde viven las historias. Descúbrelo ahora