Voodoo Doll - VIXX

58 5 0
                                    


ဒီသီချင်းနဲ့ ခွက်​ကို feelတယ်​​ပြောရင်
အရမ်း​တေ psychoဆန်​ရာ ကျ​နေမလား 😅☠️😈

########################

ငါ့ကို​ခေါ်လိုက်​ မင်း နှလုံးသား​လေးနာကျင်​​နေချိန်
ငါ့ကိုသာ ရင်​ဖွင့်​လိုက်​ ဘယ်​သူ့ကို လိုချင်​​နေတာလဲ
အချိန်​​တွေပြန်​လှည့်​​ပေးရမလား နှလုံးသားကိုယူ​လာ​ပေးရမလား
မေ့ပစ်​နိုင်​စွမ်းမရှိတဲ့အခါ ပိုင်​ဆိုင်​မှဖြစ်​မှာ​ပေါ့

ငါ့ကိုယုံပြီး လိုက်​လုပ်​ကြည့်​လိုက်​ အဲ့လူ မင်းဆီပြန်​လာလိမ့်​မယ်
အချိန်​​တွေက မင်းရဲ့ဘက်​မှာ မင်း ဒီတိုင်းသာ ​စောင့်​​နေလိုက်
သူ မင်းကို ငို​စေခဲ့သ​လောက်​ ငါ အကုန်​ ပြန်​ငိုခို​င်းမယ်
tick tock tick tock အကုန်​ ဖြစ်​​မြောက်​လာ​စေသား

ပိုင်​ဆိုင်​ခွင့်​ မရှိဘူးဆိုရင်​ ဒီတိုင်း မင်းအတွက်​သာ ရှင်​သန်​​တော့မယ်
ဘယ်​​လောက်​ပဲဖြစ်​ဖြစ်​ မင်း​ကြောင့်​နဲ့ဆို ထိခိုက်​ခံရဖို့ အသင့်​ဖြစ်​​နေတယ်

အခုကစပြီး ​သေချာကြည့်​ထား ငါ ဘာလုပ်​မလဲဆိုတာ
မင်း​ကြောင့်​သာဆို ဒီ ခန္ဓာတစ်​ခုကို အနှ​မြောမရှိတဲ့ ငါ
နာမည်​သာ​ပေးလိုက်​ ဘယ်​သူ့မဆို ငါ အကုန်​ ​ခေါ်​ဆောင်​လာ​ပေးမှာ
tick tock tick tock အကုန်​ ဖြစ်​​မြောက်​လာ​စေသား

ထွေးပိုက်​ခွင့်​မရှိရင်​ ငါ့ကို နင်း​ချေပြီးသာ တက်​ရပ်​လိုက်
ဘယ်​သူမှ မင်းကို လက်​လွတ်​စပယ်​ မဆက်​ဆံရဲ​အောင်​လို့
ဘယ်​လိုအ​ကြောင်းရင်း​ကြောင့်​ပဲဖြစ်​ဖြစ်​ မင်း ငါ့ကို လိုအပ်​​နေတယ်
မင်းအတွက်​ စစ်​ခင်းမယ့်​ အရုပ်​ဖြစ်​​ပေးမယ်​ ငါ

နာကျင်​​နေတဲ့မျက်​လုံး​တွေကို တင်းတင်းမှိတ်​ပြီး မင်းအတွက်​ အ​ပြေးသွား​နေတယ်
ကျေးဇူးပြုပြီး ငါ့ကို ထားပြီးသာ ထွက်​မသွားပါနဲ့
မင်းလိုချင်​တာ​တွေ အကုန်​ ယူ​ဆောင်​လာ​ပေးမယ်
tick tock tick tock အကုန်​ ဖြစ်​​မြောက်​လာ​စေသား

ပြိုလဲပျက်​စီးမယ်​ဆိုရင်​​တောင်​ မင်းရဲ့ လက်​ဖျားထက်​မှာသာဆိုရင်
တ​လောကလုံးက မျက်​ရည်​​တွေ အကုန်​ကျ​ဆင်း​စေမယ့်​ ငါ ဒီမှာရှိတယ်

အခုကစပြီး ​သေချာကြည့်​ထား ငါ ဘာလုပ်​မလဲဆိုတာ
မင်း​ကြောင့်​သာဆို ဒီ ခန္ဓာတစ်​ခုကို အနှ​မြောမရှိတဲ့ ငါ
နာမည်​သာ​ပေးလိုက်​ ဘယ်​သူ့မဆို ငါ အကုန်​ ​ခေါ်​ဆောင်​လာ​ပေးမှာ
tick tock tick tock အကုန်​ ဖြစ်​​မြောက်​လာ​စေသား

Should I go Should I stay
Nobody Knows (Woo~)
Should I go Should I stay
Nobody Knows (Woo~)

Yeah ငရဲတံခါး​ရေ ဖွင့်​စမ်းကွာ
သူမကို မျက်​ရည်​ကျ​​အောင်​ လုပ်​တဲ့
အပြစ်​သား ​သွေးမျက်​ရည်​ကျစမ်းကွာ
ဆိုလိုက်​စမ်း ကျိန်စာရဲ့သီချင်း မင်းရဲ့
ကိုယ်​တွင်းထဲမှာ ကွယ်​ဝှက်​ထားတဲ့ အာဃာတ​တွေအကုန်​ ​ပြောလိုက်​ပါ
ငါ့ ခန္ဓာက မင်းအတွက်​ ​ပေးဆပ်​ရာအဖြစ်
မင်းရဲ့​ပျော်​ရွှင်​မှုထဲ ငါ့ကိုယ်​ငါ စ​တေးမယ်

ပြုံးရယ်​​နေတဲ့ မင်းရဲ့မျက်​နှာ တစ်​ခါ​လေးနဲ့တင်​ လုံ​လောက်​ပြီ
ငါ ကိုယ်​စား အကုန်​လုပ်​မယ်​ မင်း ​တောင့်​​တတဲ့အရာ​တွေကို
ငါ့ရဲ့ လက်​ကျန်​အချိန်​​တွေ ​လျော့နည်းတို​တောင်းသွားရင်​​တောင်

ဘယ်​သူဖြစ်​ဖြစ်​ ​သေချာကြည့်​ထား သူမကို မငိုရ​စေနဲ့
ဒီ့ထက်​ပိုပြီး ဆုံးရှုံးစရာ ဘာမှမရှိ​တော့တဲ့ ငါ
အဲ့ဒီ့ဘယ်​သူမှမသိတဲ့ ငါ့ ရင်​ထဲက ဝမ်းနည်းခြင်း
tick tick tick tock အကုန်​ ​ပျောက်​ကွယ်​သွား​စေသား

Should I go Should I stay
Nobody knows (Woo~)
Should I go Should I stay
(Should I go Should I stay)
Nobody knows (Woo~)

အကုန်​ ဖြစ်​​မြောက်​လာ​စေသား

Kpop songs & K-drama OST translationsWhere stories live. Discover now