Zaw Gyi
သူမမျက်လုံးတွေကိုဖွင့်မိတော့ တွေ့လိုက်မိရသည်ကား
အအေးနန်းဆောင်မဟုတ်ပါတကား။ဒီအဆောင်တော်က သူမကလေးဘဝကနေထိုင်ခဲ့သည့်
အဆောင်တော်မဟုတ်လား?ထိုသူကဒီအဆောင်တော်ကိုဖြိုချခိုင်းလိုက်ပြီ
ဖြစ်ကြောင်းကို သူမ ကောင်းကောင်းမှတ်မိနေပါသေးသည်။အကဲခတ်နေမိတုန်းနားထဲသို့အသံတစ်သံကဝင်ရောက်လာလေ၏။
"မင်းသမီးလေး ကျွန်တော်မျိုးမဘာလုပ်ပေးရပါမလဲ။"
သူမအံ့အားသင့်မိသွားသည်။
အခု သူမရှေ့မှာရပ်နေသည့်အစေခံကရှောင်ယဲ့မဟုတ်လား?
ရှောင်ယဲ့ကသူမ မသေဆုံးခင်အချိန်တွေကအလွန်သစ္စာရှိခဲ့သူဖြစ်သော်ငြား
သူမကိုကယ်တင်ဖို့ရာအတွက်လုပ်ခဲ့မိလို့သေဒဏ်ပေးခြင်းခံခဲ့ရသည်။အခု သူမကသက်ရှိထင်ရှားရှိနေသေးသည်လား?
"ရှောင်ယဲ့ အခုက ဘယ်ခုနှစ်ကိုရောက်ပြီလဲ?ပြီးတော့
ငါ့အသက်က ဘယ်နှစ်နှစ်ပြည့်ခဲ့ပြီလဲ ?"
ညင်သာပြီးနူးညံ့သိမ်မွေ့သည့်အသံဖြင့် မေးမိသည်။"ရှန့်မင်းဆက်အုပ်စိုးတဲ့ ၁၈၇၉ ခုနှစ်ပါ။မင်းသမီးလေးအသက်က ၁၄ နှစ်
ပြည့်ခဲ့ပြီးပါပြီ။ သခင်မလေး အပြင်းဖျားတော့ မှတ်ဥာဏ်တချို့ခဏတဖြုတ်
မေ့သွားလိမ့်မယ်လို့ နန်းတွင်းသမားတော်ကြီးက ပြောခဲ့ပါတယ်။
မင်းသမီးလေး ဒီကနူးဘိကို သိချင်တာတွေရှိရင်၊ခန္ဓာကိုယ် သက်တောင့်
သက်သာ မရှိရင် ပြောတော်မူပါ။"ဟုရှောင်ယဲ့ကပြုံးပြီးပြန်ဖြေ၏။၁၄ နှစ်ပြည့်ပြီးပြီ ? ဒါဆို ငါက ပြန်မွေးဖွားလာခဲ့တာပေါ့။
ငါ သူနဲ့ အရင်ဘ၀တုန်းကလို ပြန်တွေ့ရမှာလား ?ရှန့်ညန်ရဲ့မျက်ဝန်းတစ်စုံက နာကျည်းမှုအရိပ်အယောင် ခတ္တတဖြုတ်
လွှမ်းသွားသည်။သို့သော် သိပ်မကြာခင် ထိုအရိပ်အယောင်တို့ လွှင့်ပြယ်စေရန်
သူမ စိတ်ကိုထိန်းချုပ်ထားလိုက်လေ၏။
YOU ARE READING
Rebirth After[Own Creation] {Complete}
Historical FictionWhen she was thought, she had reached the cold place. She repayments to him is for this? She taught military training for him & She is a girl.but she had gone to battle ground.She did not frightened & wage too many wars for him.But it is for this...