အခန်း ၉၃ + ၉၄
17.3K 2.1K 81
Chapter. : 93 + 94
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်း ၉၃ : ကျွန်မရဲ့ ရည်းစားချော
ရွှီရီ ပြောလိုက်သည့်နောက် ရီဝမ်ဝမ် ထပ်ပြီး မေးမြန်းခြင်း မပြုတော့ ။ သို့သော်လဲ ကွန်ပလိန်းမတက်ဘဲတော့ မနေနိုင် ။ " ကံကောင်းလို့ ။ရှင် အချိန်မီလေး ရောက်လာလို့သာပေါ့ ။ မဟုတ်ရင် ကျွန်မတော့ တခြားတစ်ယောက်ရဲ့ရည်းစား ထပ်ပြီး ဖြစ်သွားဦးမှာ ။ လင်းဒုံနဲ့ကျွန်မ အလောင်းအစား လုပ်ထားတာ ။ ကျွန်မ ညာပြောနေခဲ့တာပါဆိုရင် ၊ ကျွန်မရဲ့ ရည်းစားဆိုတဲ့သူက ပေါ်မလာခဲ့ဘူးဆိုရင် ။ ကျွန်မ သူ့ရည်းစားဖြစ်ပေးမယ်လို့ သဘောတူထားခဲ့တာ.... "
စီရီဟန်ရဲ့ မျက်လုံးအောက်တွင် အေးစက်မှုတို့ ဖြန့်ကျက်လာလေပြီ ။
မိန်းကလေးသည်ကား အောင်နိုင်သူစစ်သူကြီးလို ပျော်ရွှင်မြူးတူး နေသည့် အသံဖြင့် ဆက်ပြောလာသည် ။ " ရှင်က လာမယ်လို့ ကတိပေးထားပြီးရင် သေချာပေါက် ပေါ်လာမှာဆိုတာကို ကျွန်မ သိသားပဲ ။ အဲဒါကြောင့် အများကြီး စဉ်းစားမနေတော့ဘဲနဲ့ သူနဲ့ လောင်းလိုက်တာပေါ့ ! စောနက လင်းဒုံရဲ့တုံ့ပြန်ပုံအတိုင်းဆိုရင် ဒီတစ်ခေါက်တော့ သူ သေချာပေါက် လက်လျှော့သွားလောက်ပြီ ။ ပြီးတော့ ကျွန်မချစ်သူ ရှင်လေးက အရမ်းကြီးချော ၊ အရမ်းကြီးခန့်!
ရှင် ဂုန်နီအိတ် ၀တ်လာမယ်ဆိုရင်တောင်မှ အလှချင်းပြိုင်လိုက်ရင် တစ်စက္ကန့်လေးအတွင်းမှာ သူ့ကို ရိုက်ချပစ်နိုင်ဦးမှာပဲ ! "
မိန်းကလေး စိတ်ကျေနပ်စွာဖြင့် ပြောဆိုနေသည်ကို နားထောင်ရင်း စီရီဟန်ရဲ့မျက်လုံးအောက်မှ ရေခဲတို့ ချက်ချင်းပင် ပျော်ကျသွားချေပြီ။ ရီဝမ်ဝမ် မြှောက်ပြောလိုက်သည်က အလုပ်ဖြစ်သည်ဆိုတာ ထင်ရှားနေလျက်။
ရွှီ ရီ ။ နားထောင်နေရင်းဖြင့်ပင် ။
သူ့ရဲ့မျက်နှာမှာ မျက်ရည်တို့ ဖုံးလွှမ်းသွားရတော့၏ ။