GOG - Part 135

1.8K 260 3
                                    

အပိုင်း ( ၁၃၅)
" သေခြင်းတရားကို စေ့စေ့ကြည့်ပြီးရင်ဆိုင်လိုက်ပါ။ မင်း ပြန်လည် မွေးဖွားလာလိမ့်မယ်။"

Translator: Sparrow Translations Editor: Sparrow Translations

ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ ဟာ သွားဖြီးပြနေတာကြောင့် သူ့ရဲ့ အပြုံး ဟာ ထူးဆန်းနေခဲ့တယ်။ ဒါ့အပြင် သူဟာ သိပ် ပြိးတော့ ပျော်ရွှင်စွာပြုံးနေတာ ဖြစ်တယ်။

လူတိုင်းရဲ့ အကြည့်တွေအောက်မှာ ချီကူယန် ဟာတော့ ဖန်ကျန်းရှီကို အဓိက ထိုင်ခုံဆီ တလေးတစားနဲ့ ဖိတ်ခေါ်သွားတော့တယ်။

ဒီ အဖြစ်ဟာ

မြို့တော်ကြီး ငါးခုက ကျောင်းတော်သားတွေ ရှေ့မှာ ဖြစ်တယ်။ ဒါ့အပြင် ချီဟို့နဲ့ သခင်မချီလည်း ရှိနေတယ်။

ခေါင်းကိုက်စရာ ကောင်းလောက်အောင် ဒီလိုမျိုး မိန်းမငယ်လေးရဲ့ လက်မောင်းကို လူအများေ၇ှ့မှာ ဆုပ်ကိုင်ထားတာက

ကြာပန်းဖြူလေးကို ညှိုးနွမ်းအောင် လုပ်နေတာပဲ မဟုတ်ဘူးလား။

" သူ ... သူ ချီကူယန်ရဲ့ လက်ကို ကိုင်ထားတယ်။ လက်ကို ဆောင့်ဆွဲနေတာ။"

မြင်နေရသူ အပေါင်းရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခုဝင်လာပြီးနောက် သူတို့ရဲ့ မျက်လုံးတွေ ၀ိုင်းစက်သွားတော့တယ်။ ဒီအချိန်အခိုက်တန့်မှာတော့ လေထု တစ်ခုလုံးဟာ အေးခဲသွားပြီးတော့
လူတွေဟာ အသက်ရှူဖို့ မေ့လျော့ကုန်ကြတယ်။

ချီဟို့လည်း မျက်လုံးပြူးနေတော့တယ်။ မြောက်ပိုင်းဒေသကို စောင့်ကြပ်သူ မြောက်ပိုင်း လူမျိုးစုတွေကို အောင်နိုင်သူ အရှင် သံမဏိ သွေးသခင် ချီဟို့ ဟာတော့ စစ်ပွဲတွေမှာ တောင်
မကြုံခဲ့ရတဲ့ စိတ်လှုပ်၇ှားမှုကို ခံစား နေရတယ်။

သခင်မ ချီဟာလည်း တုံ့ပြန်မှု အတူတူပါပဲ။

တော်ဝင်ဆန်ပြီး ကျက်သရေ ရှိလှတဲ့ အမျိုးသမီးဟာတော့ ပထမဆုံး အကြိမ်အနေနဲ့ သူမရဲ့ နှလုံးသားဟာ လည်ချောင်း ကနေ ခုန်ထွက်တော့မယ်လို့ ခံစားနေရတယ်။

သူမရဲ့ သမီးလေး က အတင်းအကြပ် ခိုင်းစေ ခံနေရတာလား။ နောက်ပြီးတော့ ပြုလုပ်သူက တောသား တစ်ယောက် ဖြစ်တယ်။ ကျောင်းတော်သား လူငယ်တွေနဲ့ မြောက်ပိုင်းဒေသ
ရုံးတော်သားတွေ အကုန်ရှေ့မှာ ဖြစ်တယ်။

You'll also like

          

ဒီ အချိန်မှာတော့ မိခင် တစ်ယောက်အနေနဲ့ လက်မခံနိုင် ဘူး။ သူမသာ မိခင် တစ်ဦး မဟုတ်ရင်တောင် လက်မခံ နိုင် ဘူး။

ရုံးတော်သားတွေလည်း ပါးစပ်ကို မပိတ်နိုင်ကြပါဘူး။

ရုံးတော်သားတွေက နတ်ဆိုးကျောင်းတော်မင်းသမီးဟာ အင်အားကြီးမားတဲ့ စစ်သူကြီးတစ်ဦး ဖြစ်တယ်လို့ ဆွေးနွေးနေခဲ့တယ်။ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ ကျားလို မင်းသမီးလို့
ပြောနေခဲ့တဲ့သူ တို့ရဲ့ လျှာတွေကိုတောင် ရိုက်ချင်သွားတယ်။ ဒါပေမယ့်လည်း သူတို့ လျှာတွေကတော့ အခုချိန်မှာ ထုံကျင်ပြီးတော့ မလှုပ်ရှားနိုင် ဖြစ်နေကြတော့တယ်။

ဒီ မြင်ကွင်းကတော့ သူတို့ မျှော်လင့် ထားတာနဲ့ ကွာခြားလွန်းလှတယ်။
ကျောင်းတော်သားတွေကတော့ ကြည့်နေရင်းနဲ့ ကို မျက်စိလည်နေကြတယ်။ ကောင်းကင်နှယ် မြင့်မားလှတဲ့ ဂုဏ်ကြီးရှင် ။ ကြီးမြတ်သော ရှမင်းဆက်မှာ နှစ်ယောက်မရှိနိုင်တဲ့သူ ။ နံပါတ် တစ်

အရည်အချင်း အမြင့်ဆုံးမိန်းမပျိုလေ။ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ။ အနာဂတ်အုပ်ချုပ်သူ ဟာ။

ဆင်းရဲတဲ့ ရွာသားတစ်ယောက် ထိတွေ့နေတာကို ခံရတယ်တဲ့လား။

သူတို့ရဲ့ နှလုံသားထဲမှာ နာကျင်လာတော့တယ်။

ရန်၇ွှယ်တောင်မှ ဖန်ကျန်းရှီရဲ့ အပြုအမူကြောင့် ပါးစပ် အဟောင်းသားဖြစ်နေတော့တယ်။ အရင်တကြိမ် ဖန်ကျန်းရှီ က လိုချင်းဝူရဲ့ မျက်နှာကို ဆွဲဖြုတ်ချိန်တုန်းကတော့ သူ့ကို အနည်းငယ်

စူးစမ်း လိုစိတ်သာ ဖြစ်ပေါ်စေတယ်။

ဒါပေမယ့် သူ့ရှေ့တည့်တည့် က မြင်ကွင်းကတော့ "သိချင်ပါတယ်။" ဆိုရင်တောင် လွယ်လွယ် ကူကူ ရှင်းပြလို့ မရနိုင် ဘူး။

ဘာကြောင့်လဲ ဆိုတော့ အခု ချိန်မှာ ကာယကံရှင်က ယွင်ချင်းဝူ မဟုတ်တော့တာကြောင့်ပဲ ဖြစ်တယ်။

အဲ့ဒီ့ အစား နတ်ဆိုးကျောင်းတော် မင်းသမီး ချီကူယန် ဖြစ်နေတယ်။

"မင်း လုပ်ဝံ့တယ်။ "

" ဆိုးလိုက်တာ။ မိုးနတ်မင်းရေ....။ ဒီ လို နှာဘူးကောင်မျိုးကိုသာ ဒီလို လုပ်ခွင့် ပြုမယ်ဆိုရင် နေနဲ့ လ က အပြစ်ပေးမှာ အမှန်ပဲ။ "

နတ်ဘုရားမုခ်ဝ အတွဲ ၁ နတ္ဘုရားမုခ္ဝ အတြဲ ၁Where stories live. Discover now