♡HeartBEAT♡13 ~တွဲကြတာပေါ့~

1.5K 238 46
                                    


Jongin ... မတွေ့တာကြာပြီဖြစ်တဲ့ ... ကိုကို ဆီကို သွားနှုတ်ဆက်ပြီး ... ပြန်လာခဲ့လိုက်သည် ...

ပြန်လာခဲ့တဲ့ ... လမ်းတစ်လျှောက်လုံး တွေးတောနေမိတာက ... ကိုကို ဆီအရောက်သွားမယ်ဆိုတာပင် ...

မကြာသေးခင်ကမှ ... မေ့ ဆီကနေသိထားခဲ့မိတဲ့ ... တစ်ခုထဲသော အကြောင်းအရင်းကြောင့်လည်း ... Jongin စိတ်သည် တက်ကြွနေလေသည် ...

ဒါကြောင့် တက်ကြွသော ခြေလှမ်းများဖြင့် ... လှမ်းလျှောက်နေလေတော့သည် ...

"ကိုကို ဆီ Jong လာနေပြီ ..."

Jongin ကျောင်းရောက်တော့ ... ဝင်ဝင်ခြင်း ကားများရပ်ထားရာတွင် လူများအုံနေသည်ကိုတွေ့ရလေသည် ...

ဒါ ဟို တစ်ယောက်ကြောင့်ပဲ ဖြစ်မှာ လူအုံနေရတာက ...

ပုံမှန်ဆို ... ဖြတ်ကျော်သွားမိမှာ မှန်ပင်မဲ့ ... ဒီတစ်ခါတော့ Jongin ရပ်ကြည့်နေမိတယ် ... Oh Sehun ကိုပေါ့ ...

ကိုယ်က သူကို တစ်ခါမျှတော့ စူးစိုက်မကြည့်ဘူးသလို ... ပတ်ဝန်းကျင်ကိုလည်း ကြည့်နေတတ်သူ မဟုတ် သို့သော် ... ဒီတစ်ခါတော့ ရပ်ကြည့်နေမိလေသည် ...

Oh Sehun လည်း သူ့အား နှုတ်ခမ်းတွန့်ရုံမျှဖြင့် ... ပြန်စိုက်ကြည့်နေသည်ကို ... Jongin သိသည် ... အကြည့်ကိုလည်း မရှောင်မိ ...

ခဏကြာသူက ... ကောင်မလေး တစ်ယောက်ကို ဖက်ပြီး ... လက်ဆွဲထွက်သွားသည်ကို တွေ့ရသည် ...

Jongin ... မျက်မှောင်များတွန့်ကုပ်သွားမိသည် ... ဘာကြောင့်မှန်း မသိ ... ဒီမြင်ကွင်းကို မမြင်ချင် ...

ထို့ပြင် ... Jongin "တောက်" ပါခေါက်မိလျက်သား ...

ဒါကြောင့် Jongin ... Oh Sehun ဆီသွားရန်ပြင်ချိန် ... လက်ကိုဖမ်းဆွဲခံထားလိုက်ရသည် ... ကြည့်လိုက်တော့ ... Baekhyun ...

"Jongin ... ဘယ်သွားမို့လည်း ..."

"ကိုကို ဆီ ..."

"အမ် ..."

baekhyun ... ရဲ့ အံ့ဩနေသည့် အမေးသံပြုသော စကားကို ... လျစ်လျူရှုခဲ့လိုက်ပြီး ...

အမြင်မကြည့်မိသော ... ပူးကပ်နေသော ... ကိုယ်ခန္ဓာ နှစ်ခုကို ဆွဲခွာ တွန်းထုတ်လိုက်သည် ...

HeartBEAT {SeKai}Where stories live. Discover now