Part 45
5.2K 425 96
စူးရှတဲ့အလင်းရောင်က မှိတ်ထားသောမျက်လုံးထဲသို့ တိုးဝင်လာခိုက် တင်းတင်းစေ့ထားသောမျက်ခွံတို့သည် ဟိုဘက်ဒီဘက် လှုပ်ရုန်းလာ၍ မျက်တောင်တဖျတ်ဖျတ် ခတ်အပြီး ဖြည်းဖြည်းချင်း ပွင့်ဟလာကြသည်။ အဖြူရောင်ကလွဲ မမြင်ရသော ပတ်ဝန်းကျင်တွင် ဧကတစ်ယောက်တည်းသာရှိသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဘယ်နေရာကိုကြည့်ကြည့် အဖြူရောင်လွင်ပြင်ကိုသာ မြင်နေရပြီး...တောက်ပသောအလင်းရောင်တန်းများသည်လည်း ဟိုမှသည်မှ ကူးလူးယှက်ဖြာနေသည်ကို တွေ့ရသည်။
သူထဖို့်ကြိုးစားသည်။ ခန္ဓာကိုယ်တစ်ခုလုံးချုပ်နှောင်ခံထားရသလို
နည်းနည်းလေးတောင် လှုပ်၍မရ....။ လှုပ်ရှားလို့ရသော ဦးခေါင်းကိုသာ ရွေ့ပြီး လျှောက်ကြည့်မိသည်။ အဖြူရောင်လွင်ပြင်ထဲမှာ တစ်ယောက်တည်းရှိသည်ဆိုသော အသိစိတ်က ဧကအားကြောက်လန့်စေသည်။
"ဘယ်သူရှိလဲ.........."
အသံပြုကြည့်သော်လည်း....သက်ရှိတစ်စုံတစ်ယောက်၏
တုံ့ပြန်သံကို စိုးစဉ်မျှမကြားရဘဲ မိမိအသံသည်သာ ပဲ့တင်သံပြန်ထပ်လာသည်။ အားဘယ်လောက်မှ မစိုက်ရဘဲနှင့် ဒီတိုင်းလှဲနေရတာတောင် တစ်ကိုယ်လုံးနွမ်းနယ်ပြီး အားမရှိသလိုလည်း ခံစားနေရသေးသည်။
လှုပ်ရှား၍မရသောခန္ဓာအား ကြိုးစားပြီးထကြည့်ဖို့လုပ်နေစဉ်...
အဖြူရောင်လွင်ပြင်ထဲမှ အရိပ်တစ်ခုသည် ဧကဆီသို့ တရွေ့ရွေ့နှင့် လာနေသည်ကိုတွေ့လိုက်ရသည်။
ထိုအရိပ်သည် အနားရောက်လာသည်နှင့် ပို၍သဲကွဲစွာ မြင်လာရသောအခါ ဧကနှုတ်မှ အခေါ်အဝေါ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ကိုကို............"
အရိပ်ပိုင်ရှင်သည် လွင်သစ်သွေးပါပင်.....။သူသည် ကြည်လင်နူးညံ့သောအပြုံးတို့နှင့် ဧကဆီသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာနေသည်။ တစ်ကိုယ်လုံးအဖြူရောင်သာဆင်မြန်းထား၍ ပုံစံမှာ နတ်သားလေးသဖွယ်ဖြစ်နေသည်။
ဧက၏လက်တစ်ဖက်အား
လွင်သစ်သွေးက လှမ်းကိုင်လိုက်သည်။
"ကိုကို အရမ်းကြည့်ကောင်းတာပဲ......"
You'll also like
ဧကမျက်လုံးလေးတွေမှာ တောက်ပနေပြီး ဖြူဖျော့ဖျော့မျက်နှာလေးက ပြုံးရွှင်နေသည်။ လွင်သစ်သွေးသည် ဧကအား ဘာစကားမှမပြော အပြုံးချိုချိုတို့ဆင်မြန်းထားသော မျက်နှာနှင့်ငေးကြည့်နေပြီး
မှ ကြယ်လင်နေသောမျက်နှာသည် တဖြည်းဖြည်း မှိုင်းညှို့လာပြန်သည်။
"လှဲနေရတာ မညောင်းဘူးလား...ဧက....."
ဧကသည် ခေါင်းကိုအကြိမ်ပေါင်းများစွာ ညိတ်ပြလိုက်ပြီး....
"ညောင်းတာပေါ့ကိုကိုရ....
ဒါပေမဲ့....သားထလို့မရဘူး..."
"ထချင်တဲ့စိတ်ရှိမှ ထလို့ရမှာပေါ့......"
လွင်သစ်သွေးက ညှိုးငယ်သောမျက်နှာနှင့် ခပ်တိုးတိုးပြောလိုက်သည်။ ဧကသည် လွင်သစ်သွေးကို ကြည့်နေရင်း စိတ်ထဲဝမ်းနည်းလာရသည်။ မျက်စိရှေ့တွင် မြင်နေရတာတောင် လွမ်းချင်သလိုလိုဖြစ်လာသည်။ ဘယ်တော့မှ မတွေ့ရတော့မည့် လူတစ်ယောက်လို နင့်နင့်နဲနဲ ငေးစိုက်ကြည့်နေရင်း အသက်ရှူကြပ်လာသည်။ ထို့နောက် မျက်ရည်ပါဝဲလာခဲ့သည်။
"ကိုကို......ဘယ်မှထွက်မသွားနဲ့နော်......."
ကိုကိုပြုံးသည်။ ကိုကို့အပြုံးတွေက ဧကစကားကို ထောက်ခံခြင်းလည်းမပြု၊ ငြင်းဆန်ခြင်းလည်းမပြုသော
နှစ်သိမ့်အပြုံးလိုမျိုး ပြေပြေလျော့လျော့နှင့် အနည်းငယ် လွမ်းဆွတ်ဖွယ် ကောင်းလှသည်။
"နော်.......ကိုကို......."
"အချိန်တန်ရင်တော့...ဘယ်သူပဲတားတား...
သွားရမှာပဲလေဧက..ကိုကိုမသွားချင်လည်းသွားရမှာပဲ...
ဧကမသွားစေချင်လည်း သွားရမှာပဲ...."
ကိုကို့စကားနှင့်တည်ငြိမ်လွန်းသောအပြုအမူကို ဧကနားမလည်ပါ....။ တချက်တချက်၌ ဧကနာမည်ကို ဆွေးဆွေးမြေ့မြေ့ခေါ်သံတွေကိုလည်း နားထဲကြားနေရသည်။
ကိုကိုလည်းကြားပုံပေါ်သည်။ အသံကြားရတာ ပို၍သဲကွဲလာသောအခါ ကိုကို့လက်ဖဝါးနှင့် အုပ်မိုးခံထားရသော လက်တစ်ဖက်သည် လက်ဖဝါးကျယ်အတွင်း ပျောက်လုနီးနီး
တင်းကြပ်လာခဲ့သည်....။
လွင်သစ်သွေးသည် ဧက၏နဖူးထက်ဝဲနေသော ဆံပင်လေးကိုသပ်တင်ပေး၍ တစ်ချက်နမ်းလိုက်သည်။