အတန်းတင်စာမေးပွဲကြီးနောက်ဆုံးရက်မို့ကျောင်း
သား၊ကျောင်းသူများလည်းသူထက်ငါအရင်ဦး
အောင်အိမ်ပြန်ကြဖို့အတွက်ကျောင်းဝင်ကြီးအတွင်းကနေထွက်လာကြလေသည်။Black & Whiteစတိုင်စမတ်ကျကျဝတ်ဆင်ထားတဲ့နေမုန်းမာန်တစ်ယောက်သူ့ကားကိုမှီကာရပ်ရင်းနဲ့
သူအသည်းကျော်မိုးလေးအလာကိုစောင့်နေလေ
သည်။“ မိုးလေး…ကိုကိုဒီမှာ…”
ကျောင်းဝင်ကြီးကနေထွက်လာတဲ့မိုးဦးညိုလည်း
သူ့ကိုလက်ပြရင်းလှမ်းခေါ်လိုက်တဲ့ကိုမာန်ကိုမြင်
လိုက်ရတော့“ ချောလိုက်တာကိုမာန်ရယ်…ဘာဖြစ်လို့ဒီလောက်
တောင်ချောနေရတာလဲဗျာ…”သူ့စိတ်ထဲကနေပြောရင်းသူ့ရင်တစ်ခုလုံးနှလုံးခုန်သံ
တွေဆူညံနေမိတာကိုသတိထားလိုက်မိတော့“ ဒီနေ့ကျမှငါ့ရင်တွေဘာဖြစ်လို့ဒီလောက်တောင်
ခုန်နေရတာလဲ…စာမေးပွဲကြောင့်ပင်ပန်းပြီးနှလုံးခုန်
မြန်တာဖြစ်မှာပါလေ…”ထိုသို့တွေးလိုက်ပြီးတော့ကိုမာန်အဆင်သင့်ဖွင့်ထား
ပေးတဲ့ကားအနောက်ခန်းထိုင်ခုံမှာဝင်ထိုင်လိုက်လေ
သည်။နေမုန်းမာန်လည်းမိုးလေးကားပေါ်တက်ပြီးတာနဲ့
ကားမောင်းသူဘက်ကိုသွားကာကားပေါ်တက်လိုက်
ပြီးတာနဲ့ကားကိုမောင်းကာမြင့်မိုရ်ရိပ်အိမ်တော်ကြီး
ရှိရာဆီသို့မောင်းသွားလိုက်လေသည်။@@@@@@@@@@@@@@@@
“ သားနေ…နိုင်ငံခြားမှာရှိနေတဲ့အဖေ့ကုမ္ပဏီခွဲ
ဆီအဖေ့ကိုယ်စားသွားပြီးအစည်းအဝေးတက်ပေးပါလား…သိပ်မကြာပါဘူး…အသွားအပြန်နဲ့ဆို…နှစ်ပတ်
လောက်ပဲကြာမှာ…သားနေအဖေ့ကိုယ်စားသွားပေး
မယ်မဟုတ်လား…”နေမုန်းမာန်လည်းသူ့အဖေစာကြည့်ခန်းရှိရာဆီ
စစ်ထားပြီးသားကုမ္ပဏီလချုပ်စာရင်းတွေသွားပို့ရင်း
သူ့ကိုပြောလိုက်တဲ့သူ့အဖေစကားကြောင့်သူငြင်းလိုက်ချင်ပေမယ့်ဒီတစ်လောနေမကောင်းဖြစ်နေတဲ့သူ့အဖေကိုသနားမိတဲ့စိတ်ကြောင့်“ အဖေ့ကိုယ်စားသားသွားပေးပါ့မယ်…သားဘယ်
နေ့သွားရမလဲအဖေ…”