"စားလို့ဝပီလား "
Kim ရှေ့တွင် ငုတ်တုတ် ထိုင်ကာ coffeeအေး သောက်နေသော kyung sooကိုမေးသည်
"အင်း ပီးပီ"
"လာလေသွားကြရအောင် "
"ခနလေး "
သွားမယ့်လမ်းကိုkimတုန့်ဆိုင်းသွားမိသည်
သူဘာပြောမည်ကိုမသိ ...
ဘာဖြစ်လို့ရင်တုန်နေမှန်းလည်းkimမသိပါ
ခုနကသောက်ထားသောcoffeeကြောင့် ရင်တုန်နေတာ ဖြစ်ပါလိမ့်မယ်လို့သာkimတွေးမိလိုက်သည်"ကျ...ကျနော် "
Kaiပြန်ထိုင်လိုက်ပီး စားပွဲပေါ်တင်ထားသော kyung sooလက်ကို ဆွဲကိုင်လိုက်သည်..
"ဘာပြောမလို့လဲ ပြောလေ"
"တကယ်လို့ လေ ကျနော် က"
Kaiစောင့်နေမိ ..
အတန်ငယ်ကြာသည့်တိုင်အောင် kyung sooနှုတ်ခမ်းဖျားက ထပ်မံစကားထပ်မထွက်လာတော့..." ပြောပါဆို ဘာတွေ ကြောက်နေတာလဲ "
" တကယ်လို့ ကျနော်က kimကို...."
ငြင်းလိုက်မယ်ဆိုရင် "
Kyung sooဆက်မပြောမိတော့ ...
ရုတ်တရက် တည်ပီး အေးစက် လာသောkai မျက်နှာကြောင့် kyung sooကြောက်လာမိသည်
Kaiကိုင်ထားသော လက်ကြားထဲမှkyung sooသူ့လက်ကိုရုတ်သိမ်းလိုက်ပီး ချက်ချုင်း မုန့်ဆိုင်အပြင်သို့ပြေးထွက်သွားသည် ....အေးစင်စွာ တဖြူး ဖြူး တိုက်နေသော လေပြင်းများက kyung sooတကိုယ်လုံးတုန်အောင်တိုက်ခတ်လျက်ရှိသည်
Kyung sooကြောက်လွန်းလို့ နှုတ်ခမ်းများကပင် တုနိနေသည်ခုနကပြောမယ့်စကားကို အစပါမချီ ခဲ့ရင်ကောင်းသားလို့kyung sooတွေးမိသည်
အေးလွန်းလို့ လက်ဖဝါး၂ဖက်ကို ပူအောင် ပွတ်တိုက်ရင်း အာငွေ့နဲ့ပါkyung sooလက်ကိုမှုတ်နေသည်ရုတ်တရက်နွေးထွေးလာသော ကျောပြင်
ပုခုံးဘေးကနေလက်ချောင်းတလျှောက်လုံး လျှောဆငိးလာသော လက်ချောင်းများ
တခုခုထဲသို့ တကိုယ်လုံးနှစ်ဝင် လာသော ခံစားချက် ..." မအေးဘူးလား ကိုယ့်ကိုကိုယ်ကျန်းမာရေးသိပ်ကောင်းနေတဲ့လူလို့များထင်နေတာလား "
စကားဆုံးပီး ပီးခြင်း kyung sooကို ရင်ဘတ်နားကနေ သိုင်းသွယ်လာသော လက်များ...
မေးစေ့ ချွန်ချွန်က ဘယ်ဘက် ပုခုံးပေါ် မှေးတင်လာသည် ...
"မင်းတခုခုဖြစ်သွားရင် ...ကိုယ့်ကိုကိုယ် ဘာလုပ်မိမလဲတောင်မသိဘူး "
"ဘာလို့လဲ ဘာလို့ကျနော့်ကိုဒီလောက်ထိ ..."
"ရှူး!!!! ဆက်မပြောနဲ့ "
"ဘာလို့လဲ ...."
"ခုနကဆိုင်ထဲမာ ပြောမလို့လုပ်နေတဲ့စကားကိုလည်းထပ်မပြောပါနက် "
"ဘာလို့လဲ kim ဘာလို့လဲ "
ဖက်ထားသောလက်များကပိုမိုတင်းကျပ်လာသည်
Kai သူ့မေးစေ့ တင်ထားသော kyung sooပုခုံးလေးကို အသာခွာလိုက်ပီး ရှုံ့ခနဲ တချက်ငုံ့နမ်းလိုက်သည်Kyung sooတကိုယ်လုံးကျက်သီးများပင်တဖြမ်းဖြမ်းထသွားမိသည်
"ဘာလို့လဲ ဆိုတော့...."
Kaiမျက်နှာ ကkyung sooမျက်နှာ ဘယ်ဘက် မျက်နှာနား နီးကပ်လာသည်
ထို့အပြင် kaiရဲ့နှာခေါင်းချွန်ချွန်က kyung sooရဲ့ ဘယ်ဘက် ပါးဖောင်းဖောင်းလေးကို ထိကပါးရိကပါးနဲ့ လာရောက် ကျီစယ် လျက်ရှိသည်"မင်းကိုယ့်ကိုဘယ်တော့မှငြင်းမရအောင်လုပ်မာမို့လိုဘဲ "
နှာခေါင်းတခုလုံး ပါးဖောင်းဖောင်းလေးထဲ ဖောက်ဝင်မတတ် တိုးဝင်ရင်းkaiရှုံ့ခနဲ နမ်းလိုက်သည်
" အာ kim "
Kyung soo kaiရင်ခွင်ထဲကနေ ရုန်းထွက်လာလိုက်သည်
ရှက်လွန်းလို့မျက်နှာ တခုလုံး နီရဲကာ ရှက်သွေးဖြာလျက်ရှိသည်
မိန်းကလေးတယောက်လို လက်ခလေး ၂ဖက် ရှေ့မာ ချပီးယှက်သွယ် ပီး မျက်နှာလေး ရဲ နေသည့်ပုံမာ လွန်စွာချစ်ဖို့ကောင်းနေသည်မို့kaiမာ ဖြစ်နိုင်လျှင်ပါးစပ်ထဲပင်ငုံထားမတတ် ဖြစ်နေလေသည်" ရှက်နေတာလား "
" မရှက်...ရှက်ပါဘူး ဘယ်မာ ရှက်နေလို့လဲ "
"အင်းဘာ ဟားဟား ဟား "
Kaiရီမိပီ ရှက်နေသည်ကို လိမ်ညာပြောနေတာကိုပင် ရှက်နေသည့်လူကိုခုမှပင်မြင်ဖူးတော့သည်