"ဇွဲလေး ဝင်တော့..ကျောင်းဆင်းရင်စောင့်နေမယ်နော် .."
ဇွဲလေး လို့ခေါ်လိုက်တဲ့ လင်းဘုန်းအောင် ရဲ့
အသံဟာ မင်းဇွဲမာန် အတွက်တော့ နားထဲကို
ပျားရည်တစ်ပုလင်းလုံး
လောင်းချလိုက်သည့်အလား။ကြားလိုက်ရတဲ့မိမိရဲ့နားကိုတောင်
်မယုံသင်္ကာဖြစ်မိသေးသည်။"ခင်ဗျား ကျနော့်ကိုဘယ်လိုခေါ်လိုက်တယ်..?"
မင်းဇွဲမာန် မျက်လုံးလေးပြူးပြီးမေးသည်ကို
လင်းဘုန်းအောင် ကလက်ကလေးပိုက်ပြီး"ဘာလို့လဲ??? ခေါ်လို့မရဘူးလား ငါခေါ်တာကို
မကြိုက်ဘူးလား??"အဲ့လိုမေးလိုက်တော့ မင်းဇွဲမာန်ပြုံးပြကာ
"မဟုတ်ရပါဘူးဗျာ ...ကျနော်သဘောကျလွန်း
လို့ပါ ကျနော့်ကို ဇွဲလေး လို့ခေါ်တဲ့ပထမဆုံးသော ယောကျာ်းလေးက ခင်ဗျားပဲ!"ထို့နောက် ဖြူဖွေးဖွေးသွားလေးတွေ အကုန်ပေါ်အောင် ရယ်ပြပြန်သည်။
"အယ်မယ်..တကယ်ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆို.. ခင်ဗျား ကျနော့်ကိုအဲ့လိုပဲ
အမြဲခေါ်ပေးမလား?""ရတာပေါ့ ခေါ်ပေးမှာပေါ့ ဟီးဟီး "
ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျသွားသော
လင်းဘုန်းအောင်။"တကယ်ခေါ်မှာနော်..ကျေးဇူး.."
"အင်း..သွား သွား ဝင်တော့"
အခန်းထဲသို့ ခုန်ဆွခုန်ဆွနှင့်ဝင်သွားသော
ကျောပြင်သေးသေးလေး။လင်းဘုန်းအောင် သူ့အတန်းဘက်ကိုလှည့်အထွက်မှာတောင် အခန်းထဲကနေလှမ်းအော်သေးသည်။
"ခင်ဗျား ကျောင်းဆင်းရင်သေချာစောင့်နေနော်....."
>>>>>
*ကလောင် ကလောင် ကလောင်*
ညနေပိုင်းရဲ့ခေါင်းလောင်းထိုးသံက ကျောင်းသားတိုင်းအတွက် ပျားရည်ဆမ်းသည့်နှယ်..။
YOU ARE READING
TRUE LOVE
Romanceတကယ်တော့အချစ်စစ်ဆိုတဲ့အရာမှာ ချစ်တယ် ဆိုတဲ့စကားလုံး မဖြစ်မနေပါစရာ မလိုပါဘူုး