အသုဘအိမ်ကနေ ထွက်လာပြီးနောက်မှာတော့ ပိုင်ယွီထန် ကုန်းစွန်းကိုဖုန်းခေါ်ပြီး လူနောက်တစ်ယောက်ထပ်သေသွားတယ်ဆိုတာကို အသိပေးလိုက်သည်။ ပြီးတော့ ကျန်ကျောက်နဲ့ အတူ ကားပေါ်တက်လိုက်သည်။" ငါတို့နောက်ထပ် ဘယ်ကိုသွားမှာလဲ " ကျန်ကျောက် ဖွင့်ထားတဲ့ ဖိုင်တွဲတွေကို လက်နဲ့တောက်ရင်း မေးလိုက်သည်။
" အကျဉ်းထောင် ကို သွားကြတာပေါ့ " ပိုင်ယွီထန် နောက်ကြည့်မှန်ကို ညှိလိုက်ရင်း " ဟိုစိတ်မနှံ့တဲ့ ဦးလေးကြီးကို ရှာပြီး စကားစမြည် ပြောကြတာပေါ့ "
" ဝူယန် ။ အသက် က 47 နှစ်။ taxi မောင်းစားလာတာ အနှစ်နှစ်ဆယ် ကျော်ပြီ။ အိမ်ထောင်ရှိတယ်။ အသက် ဆယ့်ကိုးနှစ် အရွယ် သမီးလေးက တက္ကသိုလ် တက်နေတုန်း ။ " ကျန်ကျောက် အချက်အလက် ဖိုင်ကို ပိတ်လိုက်သည်။ " ဒါကိုကြည့်ရရင် လောကကြီးကို မုန်းတီးနေတဲ့ စိတ်ရောဂါသည်တစ်ယောက် ပိုင်ဆိုင်သင့်တဲ့ ဘဝမျိုးမဟုတ်ဘူးပဲ။ "
" ငါကြားသလောက်ကတော့ တရားခွင်မှာ အဲ့ဦးလေးကြီးက စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ ပုံစံမျိုး ဖြစ်နေလို့ စိတ်ကျန်းမာရေး ဆေးရုံပို့လိုက်ရတယ်ဆိုပဲ"
" လူတစ်ယောက် က ရူးတယ် စိတ်ကစဥ့်ကလျားဖြစ်တယ် စိတ်ရောဂါ ရှိတယ် ဆိုတာ မတူညီတဲ့ အယူအဆသုံးခုပဲ " ကျန်ကျောက် မိုင်ခွက်ကို ထိုးပြလိုက်ပြီး " မင်းအရှိန် အရမ်းများနေပြီ "
" ငါ့အမြင်တော့ ဘာမှမကွာဘူး။ မင်းမျက်လုံးထဲမှာတော့ လူတွေကို အမျိုးမျိုး သတ်မှတ်ချင်သတ်မှတ်ထားလိမ့်မယ်။ ငါ့အမြင်မှာတော့ လူဆိုတာ ၂ မျိုးပဲ ရှိတယ်။ လူကောင်းရယ် လူဆိုးရယ်ပဲ။ " ပိုင်ယွီထန် နောက်ကြည့်မှန်ကို ကြည့်ရင်းပြောလိုက်သည်။ "ငါတို့ နောက်က လိုက်လာတဲ့ ကားကို မြင်လား"
မှန်ကနေတစ်ဆင့် အနက်ရောင် Honda တစ်စီး သူတို့ကားနဲ့ သုံးမီတာလောက် အကွာကနေလိုက်လာတာကို ကျန်ကျောက်မြင်ရသည်။ "ငါတော့ ဘာမှ သံသယ ဖြစ်စရာ မမြင်မိပါဘူး။ မင်းစိတ်ထင်လို့ နေမှာပါ"
"ငါက အထူးလေ့ကျင့်ရေးဆင်းထားတာ ကြောင်လေးရဲ့" ပိုင်ယွီထန် မျက်လုံးနဲ့ အချက်ပြရင်း ကျန်ကျောက်ရဲ့ ထိုင်ခုံခါးပတ်ကို တစ်ချက်ကြည့်လိုက်သည်။
YOU ARE READING
အထူးစုံစမ်းရေးများကြားမှ ကြောင်နှင့်ကြွက်(S.C.I Mystery Myanmar Trans)
Mystery / ThrillerS.C.I Mystery မူရင်းဝတ္ထုအား မြန်မာဘာသာသို့ပြန်ဆိုသွားမှာပါ။ အခြားဘာသာပြန်နေတဲ့သူတွေလည်းရှိမှာပဲဆိုတော့ နာမည်ကို သူများနဲ့မတူအောင်ကွဲကွဲလေးပေးလိုက်တယ်။ အဓိက character နှစ်ယောက်က တကယ်လည်း ကြောင်နှင့်ကြွက်ပါ။ S.C.I Mystery မူရင်းဝတ္ထုအား မြန်မာဘာသာသို့...