( Zawgyi ver )
နိုးထလာတဲ့ မနက်ခင်းဟာ သိပ်ပြီးမသာယာလှဘူး
မနေ့ညက သူပေးတဲ့အချစ်တွေကြောင့် လူက မထချင်လောက်အောင် နာကျင်နေခဲ့တယ်။ ဘေးတစောင်း အိပ်နေရာမှ တစ်ဖက်ကိုလှည့်လိုက်တော့ လှပ်နေတဲ့နေရာကြောင့် သူကတော့ ရှိမနေ။မလှုပ်ချင်လောက်အောင် နာကျင်နေတဲ့ ခန္ဓာကိုယ်ကို လှစ်လှူရှုလိုက်ရင်း ကုတင်ပေါ်က ဆင်းလိုက်တော့
လူကယိုင်ခနဲ။ ဗီဒိုဘေးက မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့ အလုပ်တောင် မသွားချင်တော့။
တစ်ကိုယ်လုံး ကိုက်ရာတွေအပြည့်နဲ့ ...။မြင်မကောင်းအောင် စုတ်ပြတ်နေတဲ့ ကိုယ့်အင်္ကျီကို ပြန်ဝတ်ဖို့မဖြစ်နိုင်တာကြောင့် သူ့အဝတ်ဗီဒိုကို ဖွင့်မိတော့
အများအားဖြင့် အဝတ်တွေက အဖြူနဲ့ အနက်ရောင် တွေချည်းသာ။ ထိုအထဲကမှ Hoodie တစ်ထည်ကို ယူလိုက်ရင်း မဝတ်ခင် နမ်းရှိုက်ကြည့်မိသေးတယ်။သူ့ကိုယ်သင်းနံ့လေးကို ကျွန်တော်တကယ် သဘောကျတယ်။
သူ့ရင်ခွင်ထဲတိုးဝင်တိုင်းရနေကြ ကိုယ်သင်းနံ့လေးက
ကျွန်တော့်ကို နွေးထွေးစေတယ် လုံခြုံစေတယ်။တစ်စုံတစ်ယောက်ကို ချစ်မိရင် ဒီလိုခံစားချက်ဖြစ်ပေါ်လာတာပဲလား?
ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိတယ် ...။
.
.
.
.
.သူ့အင်္ကျီနဲ့ ဘောင်းဘီကို ကောက်စွပ်ပြီး မွေ့ယာပေါ်ပြန်လှဲနေလိုက်တယ်။ ဘယ်ရောက်နေမှန်းမသိတဲ့ သူကို ရှာပုံတော်ဖွင့်ဖို့ လူကအားတောင်မရှိ။ အနားမှာမရှိတဲ့ သူ့ကိုတွေးပြီး
မကျေမနပ်ဖြစ်မိတာက ထိပ်ဆုံးကပါမယ်ထင်... ။သိပ်မကြာပါဘူး အခန်းထဲဝင်လာတဲ့ သူ့ကိုမြင်ပြီး
လှဲနေရာမှ ကောက်ခါငင်ခါ ထထိုင်လိုက်မိတာနဲ့ တင်ပါးဆီကဒဏ်ကြောင့် လူကငိုပါငိုချင်သွားတယ်။" နိုးနေပြီလား "
ကျွန်တော့်ဘေး စွေ့ခနဲဝင်ထိုင်ပြီး နှာဖူးပြင်ထက် အနမ်းတွေချွေချရင်း...။
" အင်း "
အင်း...ဆိုတဲ့လေသံက ခပ်ဆောင့်ဆောင့်ဖြစ်သွားတာကြောင့် ကျွန်တော့်ကို မျက်ခုံးပင့်ကာ ကြည့်လာတယ်။