"ပြောမယ်နော်......လာ"
ဟန်စစ်နိုင် သော်လေးလည်ဂုတ်ကို သူ့နားထိရောက်အောင်ဆွဲချပြီး တိုးတိုးလေးကပ်ပြောလိုက်လေသည်။
"ဟန်စစ်နိုင်!!! မင်း....!!!"
အသားတွေတုန်ကာစိတ်တိုနေသောကောင်လေး
အားကြည့်ကာဟန်စစ်နိုင် ခွက်ထိုးခွက်လန်ရယ်နေမိသည်။မပြောဘူးလား မကြာခင်မုန်တိုင်းတိုက်တော့မှာပါ
လို့။ ထိုမုန်တိုင်းကိုလည်း သူကိုယ်တိုင်ဖန်တီးလိုက်လေခြင်းပင်။"ဟောဗျာ....ဘာလို့လူကိုဝါးစားတော့မယ့်အကြည့်
တွေနဲ့ကြည့်နေရတာလဲ ငါပြောတဲ့အထဲမှာအမှား
ပါလို့လား ဘာလဲ မင်းကြားချင်နေတာတခြားစကား
ဖြစ်နေလို့လား""သေလိုက် သေလိုက် အဲ့မှာဘေးကရှိနေတဲ့သံတိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီးသာသေလိုက်"
"မသေနိုင်သေးပါဘူး လုပ်စရာတွေအများကြီး
ကျန်သေးတယ် ကဲပါ ငါတောင်းတဲ့ဟာပေးမှာလား
မပေးဘူးလား""အေး မင်းကိုလေ အဲ့စာအုပ်နဲ့ကိုဖိသတ်ပြမယ်"
ဟုဆိုကာ ဒေါကြီးမောကြီးနှင့်အိမ်ထဲသို့ဝင်သွား
လေ၏။"စာမေးပွဲအတွက်ပေးထားတဲ့ သင်္ချာစာအုပ်လေး
တောင်းတာကိုအဲ့လောက်ဒေါသထွက်စရာလိုလို့လား ခွေးပေါက်လေးရဲ့ ဟားးး..."📝📝📝
"အဲ့တော့နင်ဖွင့်မပြောခဲ့ဘူးပေါ့"
အင်း ဟုသာပြန်ဖြေ၍ gameကိုသဲကြီးမဲကြီးဆော့
နေသောဟန်စစ်နိုင်အား ပန်းချီစိတ်မရှည်တော့။ဘယ်နှယ့် ကိုယ်ကတော့သူဖွင့်ပြောရအောင်ဆိုပြီး
မရှိသည့်ပိုက်ဆံလေးနှင့်အာကာသစ်ကိုရေခဲမုန့်ဝယ်ကျွေးမယ်လို့ပြောပြီး ရှောင်ပေးလိုက်ရတာ။
ဒင်းကတော့ဖွင့်ပြောတော့မလိုလိုနှင့် မျက်ခွက်
ပြောင်ပြီးသင်္ချာစာအုပ်တောင်းခဲ့လေသည်တဲ့လေ။
အဲ့သင်္ချာစာအုပ်ကိုသာ သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းဟုသာပြောလိုက်ချင်တော့သည်။ယခုလည်းကိုယ်သာသူ့အစားကြိတ်မနိုင်ခဲမရဖြစ်နေတာ။ သူကတော့ gameဆော့မပြတ်။
YOU ARE READING
💚FOREVERMORE💚 [ Zg+Uni ]
Romanceအချစ်ဆိုသည်မှာ တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာပင် ရင်ခုန်ပြီး ထာဝရထက်တစ်ရက်ပို ချစ်တတ်သွားတာမျိုး။ [ Unicode ] အချစ်ဆိုသည်မှာ တိုတောင်းတဲ့ အချိန်ကာလလေးအတွင်းမှာပင် ရင်ခုန်ပြီး ထာဝရထက်တစ်ရက်ပို ချစ်တတ်သွားတာမျိုး။