🐰7🐯

13.1K 1.1K 34
                                    

#Unicode
Taeနိုးတော့အနားတွင်သူမရှိတော့......ထုံးစံအတိုင်းအစောကြီးထကာcompanyသို့သွားလောက်ပြီ............ မနက်အစောကြီးထကာ company သို့သွားပြီး ညနေမဟုတ်ရင်ညမိုးချုပ်မှပြန်လာသောသူ့ကြောင့်Taeမှာတနေကုန်အထီးကျန်နေရသည်.......သူနဲ့လက်ထပ်ပြီးTaeအရင်လိုလည်ပတ်ပျော်ပါးတာတွေနည်းလာ၏......မသွားဖြစ်သလောက်ဆိုလည်းမှန်၏........ အခုလည်းသူမရှိသောတနေ့တာကိုအထီးကျန်ပျင်းရိစွာဖြတ်သန်းရပေအုန်းမည်.......... မိဘလက်ထက်တည်းကနေအပူပင်မရှိနေခဲ့ရသောTae ယောကျ်ားရတော့လည်းပိုလို့ပင်အပူပင်မရှိနေရတော့ပေါ့ပေါ့နေပေါ့ပေါ့စားကလေးပင်ဖြစ်နေ၏........သူပါတဖက်တလမ်းကနေအလုပ်လုပ်မည်ဆိုတော့လည်းပင်ပန်းမှာစိုး၍ ရေခဲတုံးကခွင့်မပြုခဲ့.......နေပေါ့မလုပ်ရတော့သက်တောင်သက်သာသေးတယ်......
.
.
.
ကုတင်ဘေးကခုံလေးပေါ်ကစာရွက်လေးကိုယူကြည့်လိုက်တော့......
"Hyung နိုးလာရင် စားဖို့အတွက် breakfast ပြင်ပေးခဲ့တယ်နော်......တနေရာရာသွားလည်မယ်ဆိုရင်လည်းကျွန်တော့်ကိုphဆက်နော်...... နေ့လည်စာကိုအိမ်ကိုလာပို့ပေးဖို့ဆိုင်ကိုကျွန်တော်မှာထားတယ်.....Hyung ဘာသာတွေချက်မနေနဲ့နော် အပူတွေလောင်မယ်......"

စာလေးကရင်ခုန်စရာတွေမပါပေမယ့်......Taeရင်တွေခုန်နေသည်....... သူTaeကိုအရမ်းဂရုစိုက်ပါသည်.....သူTaeကိုချစ်လို့ဂရုစိုက်နေတာလား.....ဒါမှမဟုတ် ဝတ္တရားအရလား.....အဲ့လိုလေးတွေးပြန်တော့လည်းTaeငိုချင်လာသည်........Taeသူ့ကိုချစ်မိနေပါပြီ ကိုယ့်ကိုကိုယ်လည်းမညာချင်တော့ဘူး......ဒါပေမဲ့ သူ့ဘက်ကရော.....ခုထိTaeကိုချစ်လားမချစ်လားမသိ......အေးတိအေးစက်မျက်နှာကြီးနဲ့အမြဲ....အဒါဆိုTaeအပေါ်ဂရုစိုက်နေတာတွေကရောဘာလို့လဲ.....အား ရူးချင်လာပြီ.....နားမလည်နိုင်တော့ဘူး....ကြည့်နေသူ့ဘက်ကနေဖွင့်မပြောမချင်းTaeဘက်ကဘယ်တော့မှဖွင့်မပြောဘူး........

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
သူခြံထဲသို့ကားလေးကွေ့ဝင်လာတော့အပင်အောက်ကခုံလေးတွင်မုန့်ထုပ်တွေနှင့်ထိုင်နေသောသူ့ရဲ့ Hyung လေးကိုတွေ့လိုက်ရသည်........

သူကားပေါ်မှဆင်းကာhyungဆီလျောက်သွားလိုက်သည်....

"Hyungဘာလုပ်နေတာလဲ......."

With You🐰🐯 [Completed]Where stories live. Discover now