"ဘာကြည့်နေတာလဲ"Baekhyunက ခြေထောက်စိမ်ပေးနေတဲ့ဇလုံထဲကရေ
တွေနဲ့ Chanyeolကိုလှမ်းပက်ပြီး မြန်မြန်ဆန်ဆန်
မတ်တပ်ထရပ်လိုက်သည်။ပါးပါးလေးရဲနေတဲ့ နားရွက်လေးတွေကအသက်ပဲ။
Chanyeolအသက်ရှုဖို့တောင်မေ့နေခဲ့ရပါသည်။
"ဘာ…ဘာမှ…ဘာမှမကြည့် ကိုယ်က……"
"ပြန်တော့ ကျွန်တော်ပင်ပန်းနေပြီ"
ပြောအပြီးတစက္ကန့်တောင်မကြာဘူး။ ဝုန်းဆိုအပေါ်ထပ်
ကိုပြေးတက်သွားလိုက်တာ Chanyeolမှာသာ ခြေ
ထောက်ရေစိမ်လျက်ကြီးတန်းလန်းနဲ့ကျန်ခဲ့ရသည်။"အဲ့ဒီတော့ မင်းကကိုယ့်ရည်းစားကိုယ် ဘူးမိလို့
မောင်းထုတ်ခံလိုက်ရတယ်ပေါ့"ဒီအကြောင်းတွေကို မနက်ကော်ဖီသောက်ရင်း Sehun
ကိုပြောပြမိတဲ့အခါ ထိုသို့ပင်ပွင့်ပွင့်လင်းလင်းမှတ်ချက်
ပေးခံလိုက်ရပါသည်။Chanyeolက အီလည်လည်မျက်နှာထားနှင့်ခေါင်းညိမ့်
ပြပြီး အေးစက်နေပြီဖြစ်တဲ့ကော်ဖီကို မသောက်ချင်
သောက်ချင်နှင့်သောက်ရပါသည်။"babeကငါ့ကိုရှောင်နေသလိုပဲ"
"မင်းဘဲကလူပျိုစင်လေးများလား?"
Sehunပြောတာစိတ်ဆိုးစရာလည်းမပါပါပဲနှင့် Boss
Parkကမျက်စောင်းထိုးပြီးကြည့်တော့ Sehunက
မျက်မှောင်ပြန်ကျုံ့ပြသည်။"ငါ့အသဲလေးရဲ့ လူပျိုရည်ကိစ္စကို မင်းပြောစရာတောင်
မလိုပါဘူး""$ကျိုးနည်း"
အယ်ဒီတာချုပ်Ohက ပစ်ပစ်နှစ်နှစ်ဝေဖန်ပြီး
Bossတိုက်တဲ့ဈေးကြီးတဲ့ကော်ဖီဘူးကိုကောက်ကိုင်
လို့စာပေတိုက်ဘက်ကိုထွက်သွားသည်။"Sehun ခဏနေပါဦးကွာ"
နောက်ကနေ ငိုသံပါကြီးနဲ့လိုက်လာတော့ Sehun
ရပ်စောင့်ရပါသေး၏။Park Chanyeolရဲ့ အဲ့လောက်ပျာယာခတ်နေတဲ့ပုံစံကို
မမြင်ဖူးတာလဲပါသည်။ အင်းလေ။ Baekhyunဆိုသည့်
ကောင်လေးနဲ့တွေ့ပြီးကာမှ သူမမြင်ဖူးခဲ့သည့်Chanyeol
ပုံစံအသစ်တွေကိုအများကြီးတွေ့ခဲ့ရတာပဲ။
YOU ARE READING
Notice : We are in a relationship
Fanfiction- ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားပါ - - ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတာ သိထားပါ -