#သတ်ဖြတ်သူသွေးနတ်ဘုရား (ရှီယန်)
God of Slaughter (chapter – 113)Author: Ni Cang Tian
Translate by: Soe Paing Hmueအပိုင်း (၁၁၃) အဆိပ်ပြင်းနတ် ဘူဘို
တိအန်းမြို့တော်
တည်ငြိမ်အေးချမ်းသောအခြေအနေတွင် ရှိမနေတော့ပါ။
နေ့နေ့ညည မြို့၏နေရာအနှံ့တွင် သိုင်းသမားအချင်းချင်း အသေအကြေတိုက်ပွဲများ မကြာမကြာ ဖြစ်ပွားသွားတတ်သည်။နေ့တိုင်းနီးပါးပင် အသေအပျောက်များရှိလာသည်။
တိအန်းမြို့တွင်း၌ပင် မတည်မငြိမ်ဖြစ်နေသည်မက မြို့အပြင်ဖက်တွင် ပို၍ အန္တရာယ်များလှသည်။
မြို့တွင်းရှိ သာမာန်လူများသည် မြို့ပြင်ဖက်ဆီမှ ပြိုးပျက်သွားသော လျှပ်စီးအလင်းရောင်များ ဖွေးလက်သွားသော ဓါးအသိများကို မကြာခန မြင်တွေ့ကြရသည်။
တစ်ခါတစ်ရံ ထိုအရာများနှင့်အတူ စိတ်ညစ်ညူးဖွယ်ရာ အော်ဟစ်ငြီးညူသံကြီးများပါ အတူလွင့်ပါလာတတ်လေသည်။နေ့အချိန်များတွင် မဖြစ်မနေ အပြင်ထွက်ရမည့် မြို့သူမြို့သားများမှာ အုပ်စုဖွဲ့၍ သွားလာကြရပြီး ညမိုးချုပ်သည်နှင့်တပြိုင်နက် အိမ်တခါးများကို တင်းနေအောင်ပိတ်ကာ အပြင်လုံးဝမထွက်ရဲကြတော့။
အမှောင်တောအုပ်တို့ မိုးထိတောင်တို့တွင် ကျက်စားကြသော သိုင်းသမားများ ကြေးစားစစ်သည်များသည်ပင် တိအန်းမြို့တော်ကို နောက်ကျမှ ၀င်ရောက်ရမည်ကို ကြောက်ရွံ့ကြပါသည်။တောထဲမှရသည့် အကျိုးအမြတ်လေးများပင် လှဲလှယ်ရန်အချိန်မရလိုက်ပဲ ကြမ္မဆိုးနှင့် တိုးသွားနိုင်သည်မဟုတ်လော။
အတွင်းသိအစင်းသိများကတော့ ထိုအရာများက မိသားစုငါးစုကြားမှတိုက်ပွဲများကြောင့်ဖြစ်ကြောင်း နားလည်ကြသည်။
မိသားစုငါးစုသည် Merchant တိုင်းပြည်ရှိ အင်အားအကြီးဆုံးအဖွဲ့အစည်းများဖြစ်သောကြောင့် သူတို့၏ အတွင်းကြိတ်တိုက်ပွဲများက ပြင်းထန်လှသည်။
သာမာန်ပြည်သူများကတော့ ကျီးလန့်စာစားဖြစ်နေကြပြီး တိုက်ပွဲအမြန်ပြီးသွားရန် ဆုတောင်းနေကြရုံသာ။
-----
ရှီမိသားစု၏ ကျောက်တုံးခန်းတစ်ခန်းအတွင်းတွင်ဖြစ်သည်။
ရှီမိသားစု၏ အဓိကလူများဖြစ်သော ရှီဂျန် ရှီတေး ရှီဒေါင်တို့ အရေးကြီးပြသနာရှိနေဟန်ဖြင့် ဆွေးနွေးလျက်ရှိကြသည်။
ရှီဂျန်က ခုနောက်ပိုင်း စိတ်မချမ်းမသာဖြစ်နေပုံရ၏။
ရှီယန်တို့အုပ်စု ထွက်ခွာသွားပြီးနောက်ပိုင်းတွင် ရှီမိသားစုက မိုမိသားစုထံမှ အကျိုးအမြတ်များ စတင် သိမ်းပိုက်ခဲ့ကြသည်။
သူတို့က မိုမိသားစုကို ဆိုးဆိုးရွားရွားအထိနာအောင် ထိုးနှက်နိုင်ခဲ့ကြသည်။
မိုမိသားစုဝင်များမှာ နေ့အချိန်များတွင်ပင် အိမ်ထဲမှအိမ်ပြင် မထွက်ရဲအောင်ဖြစ်သွားခဲ့ကြ၏။သို့သော်လည်း
လွန်ခဲ့သည့် လ၀က်ခန့်ကစ၍ မိုမိသားစုသည်ရုတ်တရက် အားကောင်းကောင်းဖြင့် တန်ပြန်တိုက်စစ်များ ဆင်နွှဲလာကြသည်။ရှီမိသားစုနှင့်တိုက်ပွဲများတွင် မိုမိသားစုဝင်များအကြား မျက်နှာစိမ်းများပါဝင်လာကြသည်။
ထိုလူများက အဆိပ်ကိုအသုံးပြုကာ တိုက်ခိုက်ကြသောကြောင့် ရှီမိသားစုဝင်အများအပြား သေလုမျောပါး အဆိပ်မိကုန်ကြပြီး မိုမိသားစုလက်ချက်ဖြင့် အသက်ထွက်ကုန်ကြသည်။ရှီဂျန်မှာ ဒုက္ခရောက်နေရသည့်အထဲ ယန်ဟိုင့်နှင့် အရှေ့ပင်လယ်၏ ဆက်နွယ်မှုအကြောင်း သိရချိန်တွင် ပိုပြီးတော့ မတည်မငြိမ်ဖြစ်လာခဲ့သည်။
ထိုနေ့က
ရှူရာဘုရင်ရှောင်ဟန်ရီနှင့်သူ့လူများ သွေးစိမ်းလင်းနို့များကို စီးနင်းကာ မြူခိုးစံအိမ်သို့ ဆင်းသက်ခဲ့ကြသည်။
၎င်းတို့၏ ဖိအားပေးနိုင်သော ပုံရိပ်က တိအန်းမြို့တော်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
အဓိကမိသားစုကြီးများအားလုံး မသေချာမရေရာမှုကို ခံစားကြရသည်။
မြူခိုးစံအိမ်က တိုက်ပွဲတွင် ပါဝင်လာတော့မည်လော…။ထို့နောက်တွင် ယန်ဟိုင် ရှီမိသားစုသို့ ပြန်ရောက်လာပြီးနောက် ရှောင်ဟန်ရီတို့၏ ကျောထောက်နောက်ခံကို ရှင်းလင်းပြောပြခဲ့သည်။