(Zawgyi)
"ဦးညွန့် .. ကိုကိုပြန်ရောက်နေပြီလား?"
ခြံထဲဝင်ဝင်ခြင်း မြင်လိုက်ရသည့် ကားအဖြူ ရောင်လေး
ကြောင့် မေးလိုက်မိခြင်းဖြစ်သည်။"အကိုလေးပြန်ရောက်နေပြီ မှူးလေး..ဒါပေမယ့်.."
"ဒါပေမယ့် ဘာဖြစ်လို့လဲ ဦးညွန့်.."
"ဟို..."
ဦးညွန့်မျက်နှာပျက်လာသည်။အကြောင်းအရင်းကို
မသိသော်ငြားလည်း ဦးညွန့် တစ်ခုခုကိုပြောရခက်နေ
သည်မှာသေချာသလောက်ပင်။"ဘာဖြစ်လို့လဲ .. "
ခွမ်း!!
အထဲမှပန်းအိုးကျကွဲသံကြောင့် မှူးလေး ရုတ်တရက်
ကြောင်အ,ကာ ဦးညွန့်အား ကြည့်နေမိသည်။
ဦးညွန့်သည်လည်း လက်လေးနှစ်ဖက်နောက်ပစ်ကာ
ခေါင်းလေးသာငုံ့နေရှာတော့သည်။"မင်းအခုလို လုပ်လိုက်တာ ငါတို့ဘယ်လောက်တောင် မျက်နှာပျက်ရလဲမင်းသိလား သုတ..။"
"ဘာကိုမျက်နှာ ပျက်စရာလိုလို့လဲမာမီ..။ကျနော် လက်မထပ်နိုင်ပါဘူးလို့ပြောလိုက်တာက မာမီတို့ဒယ်ဒီတို့မျက်နှာပျက်စရာဖြစ်ရောလား?မာမီတို့ကို ကျနော်အဆုံးထိပြောပြီးသား ကျနော် ညီကလွဲရင်တခြားဘယ်သူ့ကိုမှမချစ်နိုင်ဘူးလို့"
"ဟက်..မင်းမှာအဲ့ကောင်လေးရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငါတို့ကို လွန်ဆန်မယ်ပေါ့..။လုပ်ကြည့်လေ သုတ။မင်းပဲအဲ့ကောင်လေးကိုချစ်ပြနိုင်မလား?ငါတို့ကပဲစေ့စပ်ပွဲကို ဖြစ်မြောက်အောင်လုပ်နိုင်မလား?ဆိုတာ မင်းစောင့်ကြည့်လိုက် သုတ..။"
သုတအောင် နှုတ်ခမ်းတို့ကိုတင်းနေအောင်စေ့ကာ
ခက်ထန်စွာပြောနေသော မိခင်ဖြစ်သူအားကြည့်လိုက်လေသည်။ဒေါ်နင်းငယ်သည် မျက်စောင်းတစ်ချက်ထိုးကာ
သုတ၏အကြည့်တို့အားလွှဲလိုက်လေသည်။
YOU ARE READING
နောက်ဆုံးသော(Completed)
Romanceကိုယ်ရွေးချယ်ခဲ့တာ မင်းရဲ့နှလုံးသားဆိုရင် ကိုယ့်ရဲ့အချစ်ကလဲ မင်းအတွက်ပါပဲ .. .. .. ပန်းပွင့်တွေကသီချင်းမဆိုတတ်ပါဘူး ဒါပေမယ့် သစ်ရွက်လေးတွေမှာတော့သံစဉ်ရှိပြီးသားပါ....