Part 3မှောင်လာတော့ Wang Yibo
အရမ်းကြောက်လာသည်။" သခင်လေး ဒီနားမှာ တိမ်လွှာနန်းမြိုင်ရှီတယ်။
အဲ့မှာသွားနားရအောင် "" လျှောက်မပြောပါနဲ့ ဝေ့ရင်း၊ မှောင်နေပြီ ဘယ်မှမသွားချင်ဘူး "
" ကျွန်တော့်ကုန်းပိုးခေါ်သွားပါမယ် သခင်လေး "
" ဟားဟား ယောက်ကျားကြီးက ကုန်းပိုးခံစရာလား ပြီးတော့ ငါ့နာမည်က Wang Yibo..သခင်လေး မဟုတ်ဘူး..သခင်လေးလို့မခေါ်ပါနဲ့ "
" သခင်လေးပါ...ကျွန်တော့်ရဲ့သခင်လေး "
"ဟီးဟီး ငါ့က မင်းရဲ့သခင်လေးလား...ဟင်း "
Yibo စကားပြောရင်း မောလာသည်။
" သခင်လေး...သခင်လေးဘာဖြစ်တာလဲ "
" မင်းကတော့ ကျွန်းမှာအကြာကြီးနေနိုင်ပေမဲ့ ငါ့ကတော့ တစ်ပတ်တောင် နေနိုင်မှာမဟုတ်ဘူး ငါ့ရောဂါက ငါးရက်လောက်ဆေးမသောက်ရရင်
ဂန့်သွားမှာ "" သခင်လေး..သခင်လေးမသေရဘူး သခင်လေးအဆိပ်မိနေတာလား ကျွန်တော့်ဒီတစ်ခါ ရအောင်ကယ်မယ် "
" ဟီးဟီး ဘာအဆိပ်လဲ ဝေ့ရင်းမင်းက အရမ်းရယ်ရတာပဲ...ဝါး "
ထူးဆန်းတဲ့ဝေ့ရင်းစကားကြောင့် Yibo
လှောင်ပြောင်ပြုံးမိ၏" သခင်လေး ကျွန်တော့်ပေါင်ပေါ်အိပ်ပါ "
" အင်း ဒီအတိုင်းအိပ်ရမှာလား အကောင်တွေမလာဘူးလား "
" ကျွန်တော့်ရှီပါတယ် စိတ်ချလက်ချ အိပ်ပါ "
"အင်း "
ဝေ့ရင်း သူပေါင်ပေါ်အိပ်နေသည့်သခင်လေးကို မျက်တောင်မခက် ကြည့်နေမိသည်။ အရင်တုန်းကထက် စကားပိုများတဲ့ သခင်လေး အကြောင်းကို ပြန်တွေးရင်း သူပြုံးနေမိ၏
🏝️🏝️🏝️🏝️🏝️🏝️🏝️
ဝေ့ရင်းနိုးနိုးချင်းပဲ ပင်လယ်ရေနဲ့ မျက်နှာသစ်လိုက်သည်။
" သခင်လေး "
ဝေ့ရင်းအသီးအနှံတွေကို တပွေ့တပိုက်သယ်လာသည်။
"ဒါကသောက်ရည်လား "
ဝေ့ရင်းခေါင်းညိတ်လိုက်သည်။