အခန်း၃၇(unicode)

3.1K 254 1
                                    

နေ့လည်စာပြင်ပေးနေသော အန်တီမျက်နှာသည် သိသာစွာညှိုးနွမ်းနေ၏....။ ဒါပေမဲ့ထမင်းပန်းကန်တစ်ချပ် သူ့ရှေ့လာချပေးပြီး..အနွမ်းလျနေသည့်ကြားမှအပြုံးနွေးနွေးလေးတစ်ခုပေးဖြစ်အောင်ပေးသွားသေးသည်...။
ပါးစပ်မှလည်း အစဉ်လာမပျက် သားတို့စားကြနော်ဆိုသည့် စကားတစ်ရပ်ကိုလည်း ဆိုဖြစ်အောင်ဆိုသေး၏...။

ကြက်သားဆီပြန်ဟင်းတစ်ခွက်ကို သူခပ်ယူနိုးနိုး
ကိုယ်ခပ်ဆယ်နိုးနိုးနှင့် စောင့်ဆိုင်းနေချိန် ဖြူဖွေးသောထမင်းပန်းကန်ပြားကိုငုံ့ကြည့်နေရာမှ ယောကျာ်းတန်မဲ့ မျက်ရည်တစ်စက်က ကျဖြစ်အောင်ကျသွားသေးတော့ မငိုဖြစ်အောင်ထိန်းချုပ်
ခံထားရတဲ့ ဒီမို့စိတ်တွေသည် အတိုင်းဆမဲ့လာသည်..။

ကိုယ်စီနာကျင်မှုတွေပွေ့ပိုက်ထားကြသော ထိုထမင်းဝိုင်းလေးတွင် ထမင်းလုပ်ကိုပင် ခပ်မသွပ်နိုင်တော့အောင်တုန်ယီနေသော လက်တွေကြောင့် လွတ်ကျသွားသောဇွန်းနဲ့ ကြွေပန်းကန်တို့ထိတိုက်မိသည့် အသံသည် တိတ်ဆိတ်ခြင်းတို့ကြီးစိုးနေသော ထမင်းဝိုင်းလေး၌ကျယ်လောင်စွာထွက်ပေါ်လာသည်...။

ထိုချိန် ထိန်းထားခဲ့သော အထိမခံယောကျာ်းမာနဖြစ်သော မျက်ရည်များသည်လည်း တာကျိုးခဲ့လေပြီ...။

"တောင်းပန်ပါတယ်...တောင်းပန်ပါတယ် အင့် ဟင့့်..."

ရှိုက်ငိုခြင်းနှင့်တွဲယှက်သော ဒီမို့တောင်းပန်သံတို့သည်မိုင်းနားစည်ထံပဲ့တင်ထပ်သော် လည်ချောင်းဝရှိ ထမင်းလုပ်သည် သံလုံးပူပူကို ဝါးမြိုထားသကဲ့သို့ပူလောင်စို့ကျပ်လာသည်...။
ပူလောင်ခြင်းတို့သက်သာလို့သက်သာငြား အသွင်ပြောင်းယူကြည့်မိသည့် အရာသည် ဒေါသတရား...။
ပူလောင်ခြင်းပေါ်ပူလောင်ခြင်းဆင့်သော ဒေါသတရားအားလုံးကို ဒီမို့အပေါ်စုပုံချခြင်းပြယုဂ်ဖြင့် မိုင်းလက်ဖဝါးအစုံသည် စားပွဲခုံကို အညှိုးတကြီး ရိုက်ချလိုက်သည်...။

"မင်းဘာဖြစ်နေတာလဲ!!! "

"မိုင်း .. ကိုယ် ..ကိုယ်တကယ်တောင်းပန်ပါတယ်..
အန်တီ..."

"ဖြစ်ပြီးသွားပြီဘဲ သားရယ် အန်တီတို့ဘာတက်နိုင်ဦးမှာလဲ ..အန်တီတစ်ညလုံး မအိပ်ဘဲ စဉ်းစားခဲ့တယ်။နောက်ဆုံးအသင့်တော်ဆုံးက မိုင်းဆုံးဖြတ်သလိုသားဒီ့ ဟေမာန်ကို လက်ထပ်လိုက်တာ အကောင်းဆုံးဘဲ...။အန်တီကဘယ်လိုဘဲ မိုင်းရဲ့မိခင်ဖြစ်နေပါစေ...အဲ့ဒီမိခင်တစ်ယောက်ဖြစ်နေလို့ အန်တီလည်း ဟေမာန်ဘက်ကရပ်တည်ရလိမ့်မယ်..."

ရပ်ဝန်းတူနှလုံးသား (Completed)(ZG&Uni)Where stories live. Discover now