chapter 15

4K 543 10
                                    

✔Unicode✔

ကျွန်တော် Park company ရဲ့
CEOတစ်ယောက်ဖြစ်လာတာ
5နှစ်တောင် ရှိခဲ့ပြီ။ အခုဆို ကျွန်တော်တို့
ကုမ္ပဏီ က အအောင်မြင်ဆုံး ကုမ္ပဏီ တွေထဲက တစ်ခုအပါအဝင် ဖြစ်နေပြီ။
ပြီးခဲ့တဲ့ 5နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့
အကြောင်းအရာတွေအများကြီးရှိသည်။

ပထမဆုံးကတော့ Kyungsoo နဲ့
Jongin လက်ထပ်သွားတဲ့ အကြောင်း။
အခုဆို သူတို့မှာ 3နှစ်အရွယ် သားလေးတောင် ရှိနေပြီ။

Luhanနဲ့ ကျွန်တော် ကလဲ
သူ ကုမ္ပဏီ ရဲ့ CFOဖြစ်လာကတည်းက
အချစ်ဆုံးသူငယ်ချင်းတွေ
ဖြစ်ခဲ့ကြသည်။Sehunကတော့
သူအရမ်း ဖြစ်ချင်နေတဲ့ idolဖြစ်နေပြီလေ။

အံ့ဩစရာအကောင်းဆုံး တစ်ခုကတော့
Mrs.Parkက ကျွန်တော့်ကို ရော
Chanyeol ကိုပါ ဘာမှ မလုပ်တာပဲ။
သူမ ကျွန်တော်တို့ကို ကုမ္ပဏီ ကို
အလွယ်တကူ ပေးလိုက်တယ်ဆိုတာ
ယုံကို မယုံနိုင်ဘူး။

နောက်ဆုံးအကြောင်းအရာကတော့
Chanyeolပဲ။ ကျွန်တော် တို့ လက်ထပ် ပြီး တစ်နှစ် လောက်နေတော့ သူ နိုင်ငံခြားကို ပညာတော်သင်ထွက်သွားသည်။
အဲဒီနောက်ပိုင်း ကျွန်တော်တို့ လူချင်းမတွေ့ဖြစ်တော့ဘူး။

တစ်ယောက်နဲ့တစ်ယောက် စကား
မပြောဖြစ်တဲ့ ရက်တွေလဲ ရှိခဲ့သည်။
ကျွန်တော့်ရဲ့မအားလပ်တဲ့အချိန်တွေ
ကြောင့် သူနဲ့ တွေ့ဖို့ အချိန်မပေးနိုင်ခဲ့ဘူး။
သူနဲ့ ဖုန်းပြောတဲ့အခါတိုင်း အဲဒီကိစ္စ နဲ့ပတ်သက်ပြီး သူက ကျွန်တော့်ကို
တိုက်ခိုက်သည်။

အားလပ်ရက် ရလို့ သူပြန်လာတိုင်းလဲ
ကျွန်တော်က အလုပ်ကိစ္စကြောင့်
ခရီး သွားနေရတာမျိုးနဲ့ချည်း ကြုံသည်။
ဒါကြောင့် သူက နောက်ပိုင်း အားလပ်ရက် ရလဲ ပြန်မလာတော့ဘူး။

စာတော့ အတော်လေးကြိုးစားပါတယ်။
ပြီးခဲ့တဲ့ အပတ်က အတန်းထဲမှာ
ပထမရတယ်တဲ့။

ဒီနေ့ သူ ကိုရီးယားကို ပြန်လာတော့မယ်။
ဒါကြောင့် ကျွန်တော့်မှာ ရှိရှိသမျှသော
Meetingတွေအကုန် cancelလုပ်ထားရသည်။
ဘာလို့လဲဆိုတော့ လေးနှစ်အကြာမှာ
သူ့ကိုတွေ့မယ့် ပထမဆုံးလူက ကျွန်တော်
ဖြစ်ချင်လို့။

Marriage with Park Kid[Translation ] /Completed/Where stories live. Discover now