"တောက်.........."
ကျယ်လောင်သော တောက်ခတ်သံကြီးက နားထဲမှာ ကြားလိုက်ရသော်လည်း ချေမိုးနောက်လှည့်ကြည့်မိပါ....။
ဖခင့်ဖြစ်သူအား ကြယ်နှင့်ပတ်သတ်ပြီး ဘာမှမလုပ်ဖို့ရန်
လုံလုံလောက်လောက် ခြိမ်းခြောက်ပြီးပြီ ထင်ပါသည်။ဦးအင်္သချေဆိုတာက အများသိထားတဲ့ စေတနာရှင်
ပရဟိတလုပ်သူဆိုတဲ့ ပုံရိပ်ကို အပျက်ခံမှာ မဟုတ်ဘူးဆိုတာ ချေမိုးသိသည်။ဒါဟာ ဟန်ဆောင်ထားတယ်ဆိုတာ မည်သူမှမသိ....။
ဖခင်ဖြစ်သူ အကြောင်းမသိကြဘဲ ရိုသေလေးစားနေကြသူတွေကိုတော့
ချေမိုးသနားမိပါသည်။သို့ပေမဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်
အဖြစ်မျိုးကိုတော့ ချေမိုးလည်း အဖြစ်မခံချင်.....။လူလူချင်း ခွဲခြားဆက်ဆံနေကြတဲ့ သူတွေထဲမှာ
ဖခင်ဖြစ်သူပါပါနေတာတော့ ချေမိုးသဘောမကျမိပေ....။သူရော.....အမှားကင်းတဲ့သူလား....
ပြန်စဉ်းစားကြည့်တော့....ကိုယ့်လက်အောက်မှာ အလုပ်လုပ်နေတဲ့သူတွေကို အော်ခဲ့ငေါက်ခဲ့ဖူးသည်။
ဒါပေမဲ့ နှိမ်တာနဲ့ အချိုးမပြေလို့ အော်ငေါက်တာနဲ့တော့
လုံးဝမသက်ဆိုင်.....။ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကို နှိမ်ချင်တဲ့စိတ်မျိုး ချေမိုးမှာလုံးဝမရှိခဲ့......။
ဒါကြောင့်လည်း ကြယ့်အကြောင်းသိတော့
နှိမ်ချင်စိတ်မဖြစ်တဲ့အပြင် ကိုယ်အော်ငေါက်ခဲ့တာတွေ အတွက်တောင် စိတ်မကောင်းဖြစ်မိသေးသည်။လူတိုင်းကတော့ အကောင်းဆုံးတွေကို လိုချင်ကြတာဘဲ....
ရွေးချယ်ခွင့်မရှိတဲ့ ဘဝကြီးမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်နိုင်တဲ့အတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ....
ဘယ်သူကရော အပြစ်တင်ခွင့်ရှိလဲ.....အပြစ်တင်လို့ရကြေးဆို ခံရတဲ့သူထက်
လုပ်တဲ့သူကိုဘဲ ပိုအပြစ်တင်သင့်တယ်မလား....
.
.
.
.
.
"သားတို့ တစ်စစီမလုပ်ပစ်နဲ့လေ.....
ကိုကိုလုပ်ပေးမယ်......"ကြွပ်ကြွပ်အိတ်ထဲက ကြိုးနဲ့သေချာ စုချည်ထားသော အကျႌတွေအား တစ်ခုချင်းစီ ဆွဲထုတ်နေသော ကလေးများ.....
YOU ARE READING
CHANGE(ချိန်း)Completed(Z&U)
Romanceတစ်လောကလုံးကို သူလုပ်ကျွေးထားရသလိုပုံစံမျိုးနဲ့ လူတကာကို ချေတဲ့ကောင်လေးတစ်ယောက်...... ဘဝမှာ စိတ်ထားလေးကလွဲရင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံပြီးတဲ့နောက်...Change........