Part-15

5.9K 319 20
                                    

Zawgyi

ဒေမွန်က ပထမဆုံးအခန်းနှစ်ခန်းဆီသို့ ပြေးသွားသလို ဂျေဒီးကလဲ သုံးခန်းမြောက်နှင့် လေးခန်းမြောက်အခန်းတွေဆီသို့ ပြေးသွားလေသည်

ကျန်တစ်ယောက်ကတော့ ငါးခန်းမြောက်အခန်းဆီသို့ အပြေးဝင်သွားကြလေတော့သည်

အခန်းထဲဝင်ဝင်ချင်း မှောင်မဲနေသောကြောင့် မျက်လုံးကကျင့်သားမရသေးပါ

တစ်ဖြေးဖြေး သဲသဲကွဲကွဲမြင်လာသောအခါမှ ဒေမွန်အားစိုက်ပြီး ပတ်ကြည့်လိုက်မိသည်

အခန်းထဲတွင် လူရှိနေနိုင်မည့်အနေအထား မတွေ့ရသောကြောင့် အမြန်ပြန်ထွက်ကာ ဒုတိယအခန်းထဲ ထပ်ဝင်လာခဲ့လိုက်သည်

ထို့အတူ ဂျေဒီးလဲ နောက်တစ်ခန်းထဲသို့ ရောက်ရှိနေပါပြီ

'စနိုဝီ...'

သူတိုးတိုးလေး ခေါ်ကြည့်လိုက်သည်

'အင်း.....'

အသံတိုးတိုးလေး ကြားလိုက်သောကြောင့် ထိုဘက်ကိုမှန်းပြီးလျှောက်သွားလိုက်လေသည်

စနိုဝီက တစ်နေရာတွင် လက်တွေခြေထောက်တွေကြိုးတုပ်ခံထားရသည့်အပြင် ပါးစပ်ကိုပါ အဝတ်တစ်ခုနှင့် စည်းထားခြင်းခံထားရသည်

ဂျေဒီးကိုမြင်သောအခါ အားကိုးတကြီးလှမ်းကြည့်ကာ မျက်ရည်များကျလာတော့သည်

ဂျေဒီးလဲ အလျှင်အမြန်ပြေးသွားကာ စနိုဝီ့ကို ရင်ခွင်ထဲဆွဲဖက်လိုက်ရင်း

'ရပြီနော် မငိုနဲ့တော့ ဒီကနေထွက်သွားရအောင်'

ဂျေဒီးက အလျှင်အမြန်ပင် စနိုဝီ့မှာချည်ထားသောကြိုးများကို ဖြည်ပေးလိုက်သည်

ထို့နောက် စနိုဝီ့ကိုပွေ့ချီကာ အခန်းအပြင်ဘက်ကို ပြန်ထွက်လာခဲ့လိုက်သည်

အပြင်တွင် ဒေမွန်က ရောက်နှင့်နေပါပြီ

'နိုနို...'

စနိုဝီ့ကိုတွေ့သောအခါ အမြန်ပြေးလာပြီး စနိုဝီ့မျက်နှာကို အသေအချာကြည့်နေသောကြောင့် ဂျေဒီးလဲ ပွေ့ချီထားရာကနေ အောက်ချပေးလိုက်လေသည်

သခင်~သခင်Where stories live. Discover now