Part 1

20.1K 767 24
                                    

Unicode

နှောင်ဖွဲ့လေသော....ကြိုး
Part 1

မနက်ခင်းရဲ့ နေရောင်ခြည်နုနုလေးက ရင်ကို ပူလောင်စေလိမ့်မယ်လို့ ရှောင်းကျန့်ထင်မထားမိခဲ့တာ အမှန်ပင်။

ညက သောက်ထားမိတဲ့အရှိန်က မနက်အိပ်ယာထမှာ  ဦးခေါင်းတစ်ခုလုံးကို ကိုက်ခဲနေစေခဲ့တာ....
ကုတင်ပေါ်က မိမိဘေးမှ ပုံရိပ်တစ်ခုကြောင့် မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးအစုံက အလိုလိုပြူးလာခဲ့ရ.......

"မင်း.....
မင်း ဘယ်သူလဲ....
​ဟေ့ကောင်  ....
ထစမ်း......
ဘယ်လိုလုပ် ဒီကုတင်ပေါ် ရောက်နေတာလဲ..."

နှစ်ယောက်လုံး အကျီဗလာကျင်းနဲ့ ခါးလည်လောက်သာခြုံထားသော ခန္ဓာကိုယ်ကို သတိပြုမိတော့လဲ ဘာအဝတ်မှ ကပ်မနေခဲ့.....
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရတယ်ဆိုတာ ဒါမျိုးလား.......
အသံပြုပြီး နှိုးသော်လည်း ဘေးနားကတစ်ယောက်က တုပ်တုပ်မှ မလှုပ်.....
အဝတ်အစားအမြန်ဝတ်ပြီး အိပ်မောကျနေတဲ့ သကောင့်သားကို ပခုံးကကိုင်လှုပ်နှိုးမှ ခပ်သွယ်သွယ်မျက်ခုံးနှစ်ဖက်တို့ တွန့်ကျိုးလာပြီး
မျက်လုံးတို့ ဖြေးညှင်းစွာ ပွင့်လာကာ ရှောင်းကျန့်ကို မြင်သွားပြီး....

"ဟင်....
ခင်....ခင်​ဗျား ဘယ်သူလဲ
ကျတော်ကရော ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေတာလဲ....."

ခါးလယ်မှာ လွှားထားတဲ့ ခြုံစောင်ကို ရင်ဘတ်ပေါ်ထိ အလျင်အမြန်ဆွဲဖုံးလျက် အလန့်တကြားမေးနေတဲ့ ရိပေါ့်ကို ရှောင်းကျန့်လဲ ဘာပြန်ပြောရမှန်းမသိ.....
ဒီနေရာ....
ဒီအခန်းကိုတော့ ကျတော် ကောင်းကောင်းကြီးသိတာပေါ့.....
ဒါ ဖေဖေရဲ့ ဟို​တယ်က အခန်းတစ်ခု.....
ကျတော် night duty တွေကျတဲ့အခါ အိမ်မပြန်ဖြစ်တဲ့ရက်တွေဆို ကျတော် နေ နေကျ အခန်း.....
အခု ဒီကောင်လေးက ဘယ်လိုဖြစ်ပြီး ဒီအခန်းကို ရောက်နေရတာလဲ......
ညက ချစ်ရတဲ့ချစ်သူနဲ့ လမ်းခွဲခဲ့လို့ စိတ်ညစ်ညစ်နဲ့ bar တခုမှာ တယောက်ထဲ မူးအောင် သောက်နေခဲ့တာ....
ဘယ်လောက်ထိသောက်ခဲ့လဲဆိုတော့....
လူပုံသဏ္ဍာန်တွေ သဲသဲကွဲကွဲ မမြင်နိုင်တော့တဲ့အထိ......
မျက်လုံးတွေ မှေးစင်းလာတဲ့အထိ......
အသည်းကွဲတာလဲ မေ့မေ့ပျောက်ပျောက်.....
နောက်..... နောက်ထပ် ဘာမှ မမှတ်မိတော့လောက်အောင် မှောက်သွားခဲ့တယ်ထင်တယ်.....
ဒီအခန်းထဲတောင် ဘယ်လိုပြန်ရောက်လာသလဲ တွေးမရ......

နှောင်ဖွဲ့လေသော....ကြိုး [ Complete] Where stories live. Discover now