Zawgyi..
တီတီ...တီတီ..
ဖုန်းမှာပေးထားတဲ့ alarm မြည်သံကြောင့်ရှောင်ကျန့်အိပ်ချင်မူးတူးနဲ့ လှမ်းပိတ်လိုက်ကာ မောင့်ရင်ခွင်ထဲတိုးဝင်ကာ ခဏမှေးနေလိုက်သည်။
ထပ်အိပ်လို့တော့မဖြစ် ။ဒီနေ့ စက်ရုံသွားရမှာမို့ စောစောထကာ မနက်စာကိုအလုံအလောက်စားပြီးသွားမှ ဖြစ်မှာကြောင့်။
မဟုတ်ရင် စက်ရုံသွားရတဲ့နေ့ဆိုရင် နေ့လည်စာကအမြဲတမ်းလွှတ်ပြီးသား။
မြို့ထဲနဲ့ဝေးကာ မြို့စွန်ဖက်ကျတာကြောင့် စားသောက်ဆိုင်ဆိုတာ ရှိတာမဟုတ်။
ဒါကြောင့် မနက်စာကို ဗိုက်ပြည့်အောင်စားသွားမှတော်ကာကျသည်။ရှောင်ကျန့်ဘေးမှာအိပ်နေတဲ့ ရီပေါ်ရဲ့ ရင်ခွင်ထဲသို့ တိုးကပ်ရင်း ခါးကို တင်းကျပ်စွာဖက်ထားလိုက်တော့ သူ့ကိုပိုပိုဖက်လာတဲ့ သူကြောင့် အသက်ရှုတောင်ကျပ်ချင်လာရသည်မို့ သူ့ခါးနားပေါ်ရောက်နေတဲ့ ရီပေါ်ရဲ့လက်ကို အသာလေးဖယ်လိုက်ကာ ရင်ခွင်ကနေရုန်းထွက်လိုက်သည်။
အိပ်ရာခင်းအဖြူလေးနဲ့တသားတည်းဖြစ်တဲ့အထိ ဖြူနုနေတဲ့ အသားအရေလေးနဲ့ အဝတ်မပါဘဲအိပ်နေတဲ့ ပိုးတုံးလုံးလေးကို အသည်းယားစွာ ကျောပြင်ဖွေးဖွေးလေးကို အနမ်းပေးရင်း ခါးနားတဝိုက်ကိုစောင်ခြုံပေးလိုက်ကာ ကုတင်ကနေ ခြေဖွကာထလိုက်သည်။
" အင်း...... ကော...ဘယ်သွားမလို့လဲ... လာ အိပ်အုံး...."
ကုတင်ပေါ်ကနေကိုယ်လေးဖွကာထရုံဘဲရှိသေး အမေပျောက်သွားမှာကြောက်တဲ့ ကလေးလို တအင်းအင်းနဲ့ နိုးလာကာ မျက်လုံးတောင်မပွင့် သူ့ခါးကနေ ဆွဲချလိုက်တာမို့ သူ့မှာ ဟန်ချက်ပျက်ကာ ကိုးရိုးကားယားနဲ့ သူ့ရင်ခွင်ထဲသို့ရောက်သွားလေ၏
" မောင် ဖယ်ကွာ...ကောဒီနေ့ကုမ္ပဏီစောစောသွားရမယ်... "
" ထွက်ပလိုက်..."
" ဘာ...!"
လူကသာမျက်လုံးမပွင့် ။ လူကိုအားနဲ့ သိုင်းဖက်ပြီး အလုပ်ကထွက်ခိုင်းနေသေးသည်။
သူ့ကိုတောင်တင်ကျွေးထားရတာကို ဘာအားကိုးနဲ့အလုပ်ထွက်ခိုင်းနေတာလဲ တော့မသိ။
YOU ARE READING
If Not For You ( warning 🔥🔥) Zawgyi & Unicode
Fanfictionယောက်ကျားလေးတစ်ယောက်ကို handsome လို့မသုံးဘဲ beautiful လို့သုံးလို့ရမလား... ဘာကြောင့်လဲဆိုတော့...သူကယောကျားလေးတစ်ယောက်ပေမဲ့ ပန်းတစ်ပွင့်လိုလှပလွန်းတယ်....ဒါပေမဲ့ မနူးညံ့ဘူး.. အရိုင်းဆန်တယ်....ညို့ချက်ပြင်းတယ်......သိုဝှက်လွန်းတဲ့ေခြလှမ်းေတွနဲ့ ငါ့...