နေဝင်ချိန်မို့ အပူချိန်က လျော့နည်းပေမဲ့
အရှင့်ရဲ့ စိတ်ထဲမှာတော့ မအေးချမ်းနိုင်။
လက်ရုံးစစ်သူကြီး၏ သားဖြစ်သော သမိန်မရူးသည်
သမီးငယ်တလမေသီရီအား တောင်းခံလာခဲ့သည်။
ကျွန်ယုံတော်၏ သားဖြစ်သော သမိန်မရူးသည်
သမီးငယ်အား မထီမဲ့မြင် မပြုနိုင်လို့ ယူဆမိသည်။တော်ဝင်သွေးဖြစ်သော မင်းသမီးတစ်ပါးကို
သာမန်တပ်မှူးတစ်ယောက်က တောင်းခြင်းသည်
အစဉ်အလာကို ဆန့်ကျင့်သည်ဟုဆိုနိုင်သည်။
သို့သော် သာမန်တပ်မှူးငယ်သည် သမီးငယ်ကို
မထီမဲ့မြင်တော့ မပြုနိုင်သည်မို့ ထိမ်းမြှားမူကို
သဘောတူချင်မိသည်။ရာဇာဣနြေ္ဒကို ဘေးချိတ်ကာ မှူးမတ်တို့နှင့်
တိုင်ပင်မိသည့်အထိ စိုးရိမ်ခဲ့မိသည်။ အိမ်ထောင်ရေး
ကံမကောင်းခဲ့သော သမီးတော်ကို ဒုတိယအကြိမ်
စိတ်မဆင်းရဲစေလို။
" အရှင် သမီးတော် တွေ့ခွင့်တောင်းပါတယ်"
" ဝင်ခွင့်ပြုလိုက်"
" ခမည်းတော်... "" ကြားပြီးရောပေါ့ သတင်းတွေကို သမီးငယ်ရဲ့
ဆန္ဒမပါဘဲ ဘာတစ်ခုမှာ မလုပ်ပါဘူးလို့
ကတိ ပေးတယ် သမီးတော်"ဆန္ဒကို မေးမြန်းလာပေမဲ့ ဖြေစရာ အဖြေမရှိ။
ငယ်စဉ်ဘဝ က စတင်ပြီး သူများတွေရဲ့ စိတ်ဆန္ဒ
အတိုင်းလုပ်ဆောင်ခဲ့ ရသူမို့ အခုချိန်မှာတော့
သူ့ရဲ့ စိတ်ဆန္ဒဆိုတာ မရှိတော့။ မြတ်နိုးခဲ့ရသော
ချစ်ရသူသည် သူ၏လွတ်မြောက်မူအတွက်
မချစ်မနှစ်သက်သောကို ရွေးချယ်ခဲ့ရသည်။" သမီးငယ် တပ်မှူးကို မြတ်နိုးနေဆဲလား"
မြတ်နိုးနေဆဲပါလို့ ဖြေလာမည်ကို တော့
မကြားလို့ပါ။ သမီးငယ်ကို ပြန်လည်ခေါ်ယူဖို့
ဗြသဝန်သည် ဗြတ်ထဗ၏ သမီးဖြစ်သူနှင့်
လက်ဆက်ခဲ့သည်။ သမီးငယ်၏စိတ် ဗြသဝန်၏
စိတ်ကို သိပေမဲ့ အခြေနေအချို့ကြောင့်
တပ်မှူးသည် သမီးငယ်ကို စွန့်ခွာခဲ့ရသည်။" အတိတ်တွေကို မေ့ပျောက်ထားတာကြာပါပြီ
ခမည်းတော် ပြီးတော့ လက်ထပ်ပွဲကို ခမည်းတော်
စိတ်တိုင်းကျ စီစဉ်လို့ ရပါတယ်။ ""သမီးငယ်...."
နှစ်တစ်ရာတောင် ရှင်သန်ခွင့်မရှိမဲ့ ဘဝမှာ
လောဘဆိုတာ ကိုလည်း မထားချင်တော့"အားကိုးရာဖြစ်သော ဖခင်သည် သူအတွက်
စိတ်ငြိမ်းချမ်းပါစေ။ ဖြစ်ခဲ့သမျှကို သူအပြစ်လို့
ထင်မြင်နေသော ဖခင်သည် သူ့အပြစ်မဟုတ်
ကြောင်းသိပါစေ။ကမ်းပြိုခြင်းကြောင့် သောင်ထွန်းရသလို သူ၏
စွှန့်လွှတ် ရခြင်းကြောင့် ဘဝတွေ ငြိမ်းအေးကြပါစေ။"ခွင့်ပြုပါ ခမည်းတော်"
" အရှင့်သမီးတော်"
" သွားရအောင်စောလုံ"သူ့ဘဝလောက်တောင် ကိုယ်ပိုင်ဘဝမရှိရှာသာ
မင်းသမီးကို စောလုံသနားမိသည်။တိုင်းပြည်ရဲ့မိခင်အဖြစ် စိုးစံရမည်ဖြစ်သော
သမီးတော်သည် အခုချိန်မှာတော့ စစ်သူကြီး၏
ဇနီးသာ ဖြစ်ခွင့်ရှိတော့သည်။
စစ်သူကြီးသမိန်မရူးသည် မင်းသမီးအား
မြတ်နိုးပါစေလို့ ဆုတောင်းမိသည်။⬇️⬇️⬇️
အရှင်ဗညားဦးသည် မင်္ဂလာပွဲကို
ခုနှစ်ရက်တိုင်ကျင်းပပေးခဲ့သည်။ သမီးငယ်ရဲ့
ဆင်းရဲခဲ့မူကို မပြေပျောက်နိုင်သော်လည်း
အနည်းငယ်တော့ သက်သာရာ ရစေမှာပါ။
သမိန်မရူးသည်လည်း သမီးငယ်ကို
မြတ်နိုးသည်လေ။" အစ်မတော်ကို ဂုဏ်ပြုပါတယ်"
နူတ်ခွန်းဆက်လာသော ဦးရီးတော်ဗြတ်ထဗ၏
သမီးတော် ဒါမှမဟုတ် ဗြသဝန်၏ ဇနီး။" သက်သာသလို နေပါ ညီမတော် ညီမချင်း
အရိုသေပေးဖို့ မလိုပါဘူး"ညီမလေးမှာလည်း အပြစ်မရှိပါဘူး အရာရာဟာ
ကံရဲ့စီမံမူအတိုင်း ဖြစ်ကြရတာပင်။" နောင်တရနေလား ဗြသဝန် သမိန်မရူးကတော့
မင်းသမီးကို မြတ်နိုးတာ ဘဲလေ။ ပြီးတော့
သူအဖေရဲ့သစ္စာစောင့်သိမူက သူဆီမှာပါ ရှိမှာပါ"" အဖကောင်းသားဖြစ်တာနဲ့ သားပါ ကောင်းမယ်လို့
မင်းကို ဘယ်သူပြောလည် သံလှစ်။ "ဗြသဝန်၏ စကားတွေမှာ မကျေနပ်မူက
အပြည့်။ ဒါပေမဲ့ အခုချိန်မှာတော့ အရာရာဟာ
ပြုပြင်လို့မရတောတာ့ကို တပ်မှူးဗြသဝန်သိပါလေစ။တကယ်လည်း သမိန်မရူးကို သဘောမကျပါ။
စိတ်ကြမ်းကိုယ်ကြမ်းရှိလှသော သမိန်မရူးသည်
အလိုလောဘကိုသာ ရှေ့တန်းတင်ပြီး
စာနာစိတ်မရှိမဲ့သူမျိုးမို့ သဘောမကျမိ ပါ။
အရာရာဟာ ကံတရားအတိုင်းသာ ဖြစ်ကြရတာမို့။Sankarwar
note
နည်းနည်းလေး တိုသွားတာသိပေမဲ့ ဒီနေရာမှာ
ဖြတ်မှနောက်အပိုင်းအတွက်အစဉ်ပြေမှာ မို့လို့ပါ။
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူတင်ပါတယ်။
YOU ARE READING
ပဏ္ဍာတော်မိဖုရား(Myanmar Historical Fic)
Historical FictionZawgyi font တလမေသီရီ အရှင်သမီးတော် တလမေသီရီ အရှင်ဗညားဦး၏ ချစ်လှစွာသော သမီးတော် (သို့မဟုတ်) ပဏ္ဍာတော်မိဖုရား