( ၂ )

3.9K 516 9
                                    

xxxxxxxxx

Chapter 2 :

[ Zawgyi ]

လူတွေသေပြီးရင် ဒီလိုပဲလား ?

နှစ်ထောင်ကျော်လောက်အိပ်ပျော်သွားသည့်အတိုင်း အမှောင်ထုကြီးထဲကျရောက်သွားပြီးနောက်မှာ ယွမ်ကြာဟွေ့ ဆတ်ခနဲ အသိတရားပြန်ဝင်လာပေမယ့်လည်း ဘာမှမလုပ်ချင်မကိုင်ချင်အောင် နုံးချိနေသောခံစားချက်အရ မျက်လုံးတောင်မဖွင့်ပဲ ဆက်အိပ်ဖို့ပြင်လိုက်မိတာ ရင်းနှီးနေတဲ့အသံတစ်သံကြားမှ သူမ စိတ်နဲ့လူပြန်ကပ်သွားရတယ် ။

" ကြာဟွေ့......ငါ့သမီးလေး... "


စိုးရိမ်ပူပန်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့ ဒီလေသံပျော့လေး ...

သူမကို ခေါ်နေတာ အမေများလား......?

ဒါပေမယ့် ဒါဘယ်လိုများဖြစ်နိုင်မှာလဲ ? သူမရဲ့အမေက သူမအသက်နှစ်ဆယ့်နှစ်နှစ်အရွယ်မှာတင် အဖျားကြီးပြီးကွယ်လွန်သွားခဲ့တာ အခုဆို နှစ်နှစ်တောင်ရှိတော့မယ် ။ အဖေကို အဲ့လောက်မခင်တွယ်ခဲ့ရင်တောင်မှ ယွမ်ကြာဟွေ့ဘဝမှာ အချစ်ဆုံးလူက သူမအမေပဲရှိတယ် ။ အရွယ်ရောက်လာတဲ့နောက်ပိုင်းတွေ အမှားလုပ်မိတဲ့အခါတိုင်း အမေ့ရင်ခွင်ထဲပြေးဝင်ပြီး ငိုပစ်ချင်စိတ်တွေခဏခဏပေါက်ဖူးပေမယ့် အမေဝမ်းနည်းသွားမှာစိုးတာကြောင့် သူမတစ်ယောက်တည်းပဲ မျိုသိပ်နေခဲ့တာ ။ နောက်တော့ အဲ့လိုငိုခွင့်ရဖို့အခွင့်အရေးလေးတောင် လုံးဝထပ်မရနိုင်တော့ဘူး ။


" အမေ့ကိုမခြောက်နဲ့လေ......သမီးလေးရဲ့...မြန်မြန်ထပါတော့! "

" ကိုယ်တို့ကြာဟွေ့ ဘာမှဖြစ်မသွားပါဘူးလို့ သမားတော်ပြောသွားတာ မင်းလဲကြားတာပဲမလား သမီး မကြာခင်နိုးလာမှာပါကွာ "

နေပါဦး အခုအသံက အဖေ့အသံမလား ? အဖေနဲ့မတွေ့ရတာလဲ နှစ်ဘယ်လောက်ကြာနေပြီလဲတောင် သူမ မမှတ်မိတော့ဘူးကို ။

မဟုတ်မှလွဲရော ဒါ ငရဲက တစ္ဆေတွေများ ဖြစ်မလား ... ?

သူမ ဆက်၍ငြိမ်နေတုန်းမှာ အဖေနဲ့အမေက စကားဆက်ပြောနေဆဲပဲ ။

Didn't Know General Was Female [ Mm Translation ]Where stories live. Discover now