Chapter_ 1
ခရီးသွား လေသင်္ဘောကြီးကကျယ်ပြောလှတဲ့ ကြယ်ပင်လယ်ကြီးကို ဖြတ်သန်းပြီး ခရီးနှင်နေတယ်။ လေသဘောင်္ကြီးထဲမှာ လက်ထပ်ပြီးကာစစုံတွဲလေးတွေနဲ့ပြည့်နှက်နေပြီး မတူညီတဲ့ နေရာအသီးသီးကို ခရီးနှင်နေကြတယ်။ သတ်မှတ်ထားတဲ့ သူတို့စီစဉ်ထားတဲ့ဂြိုဟ်ကိုရောက်တဲ့အခါ ပူပူနွေးနွေးလက်ထပ်ပြီးစအတွဲတွေက နှစ်ယောက်တွဲယာဉ်လေးတွေစီးပြီး ဆင်းသွားကြတယ်။ ကြင်စဦးစုံတွဲတွေထဲမှာ အက်စ်ဆိုင်းအတွဲက လူသိအများဆုံးဖြစ်မှာသေချာတယ်။
လူတိုင်းစုဝေးပြီး ပျော်ပျော်ရွှင်ရွှင် စကားဝိုင်းဖွဲ့ပြောနေကြပြီး ကြင်စဦး အိမ်ထောင်သည်ဘ၀ကိုဝေမျှနေကြပေမယ့် အက်စ်ဆိုင်းတို့ နှစ်ယောက်ကတော့ ထောင့်လေးမှာ အတူတူ ဘေးချင်းယှဉ်ထိုင်ကြပြီးခရီးသွား လက်ကမ်းစာစောင်တွေကို အတူတူလှန်ကြည့်နေကြတယ်။ အဲ့စာစောင်တွေထဲမှာ wasa ဂြိုလ်မှာ ဖော်ပြထားတဲ့ပုံတွေကသစ်ပင်၊သစ်တောတွေ နဲ့ သမုဒ္ဒရာများဖုံးလွှမ်းထားတဲ့ပုံက အရမ်းကို ကြည့်ကောင်းပြီးဆွဲဆောင်မှုရှိလှတယ်။
ပျားရည်ဆမ်းခရီးထွက်လာတဲ့ပုံမှန်စုံတွဲတွေကတော့ ခက်ခဲကြမ်းတမ်းပြီး နည်းပညာတိုးတက်မှု မရှိတဲ့ အရိုင်းဆန်ဆန်နေရာမျိုးကိုသွားဖို့ ရွေးချယ်ကြမှာ မဟုတ်တာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ပျားရည်ဆမ်းခရီးဆိုတာကိုယ်နဲ့လက်ထပ်ထားကာစ ချစ်သူနဲ့ ပျော်ရွှင်တဲ့ ခရီးလေးတစ်ခုကို အတူဖြတ်သန်းဖို့ဖြစ်ပြီးစွန့်စားခန်းဖွင့်တာမျိုးမဖြစ်ရဘူး။ မဟုတ်ဘူးဆိုရင် ဒီခရီးက အလကားဖြစ်ရုံတင်မကဘူး အခန့်မသင့်ရင်သူတို့အသက်ကိုတောင် ပေးလိုက်ရနိုင်တယ်။ ဘယ်သူကမှ ကိုယ့်ချစ်သူနဲ့လက်ထပ်ပြီးကာစ အသက်မသေချင်ဘူးလေ။
ဒါပေမယ့် ဒီအက်စ်ဆိုင်းစုံတွဲကတော့ သူတို့ဘေးကင်းလုံခြုံမှုကို စိုးရိမ်မနေဘူး။ ဂျင်နရယ်သြ စွမ်းအားရှင်မျိုးဆက်ဖြစ်ပြီးဒီကြယ်ပင်လယ်ကြီးမှာ အောင်မြင်မှုကို ပြိုင်ဖက်မရှိရထားတဲ့သူဖြစ်တယ်။ သူ့မှာ ဂြိုလ်တစ်လုံးကိုဖောက်ခွဲပြစ်နိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ပြီးတော့ ဒီUniverse မှာ သူ မသွားနိုင်တဲ့ နေရာရယ်လို့ တစ်နေရာမှ မရှိဘူး။
YOU ARE READING
သားရဲဂြိုလ်သို့ ပျားရည်ဆမ်းခရီးထွက်ခြင်း (သားရဲဂြိုလ်မှ ပျားရည်ဆမ်းခရီး)
Romanceကျိုးယွင်ရှန့် (Extra 4)