Please scroll down for Unicode version
Zawgyi version
Di BaiHan ဆုံးဖြတ်ချက်ချပြီးပြီးချင်းပဲ ကလေးကိုအကောင်းမွန်ဆုံး အရင်းအမြစ်တွေနဲ့ပဲ ကြီးပြင်းစေမယ်လို့ ထပ်တွေးပြန်တယ်။ ဒီချစ်စရာကောင်းတဲ့ကလေးဟာ အကောင်းဆုံး အရင်းအမြစ်တွေနဲ့ပဲ တန်တယ်လို့ Di BaiHan ခံစားမိနေရသည်။
"ဒီနေ့ကစပြီး မင်းဟာ ငါ့တပည့်ပဲ~ငါသခင်လေး မင်းကိုအကောင်းဆုံးပြုစုပျိုးထောင်မယ်" လို့ သူ့ကို မျက်လုံးလေးများပြူးကာ ကြည့်နေသောကလေးကို ပြောလိုက်သည်။
'မဟုတ်သေးဘူး မဟုတ်သေးဘူး…ya yaဇာတ်လမ်းတွေမှားကုန်ပြီမဟုတ်ဘူးလား? ဒီလူကြီး ငါ့ကိုအတင်းပြန်ပေးဆွဲပြီးတပည့်လုပ်ခိုင်းနေပြီလေ…တစ်ခုခုလုပ်ပါအုန်း' လို့ Lynnတစ်ယောက် Yayaကို စိတ်ထဲမှဆက်သွယ်လေသည်။
'ya yaလည်းမတတ်နိုင်ပါဘူး…ya yaက missionတွေ ပေါ်လာရင်ပေးဖို့ပဲပါ။ ကျန်တာ Hostအပိုင်းပါ။ အခု လွှတ်အောင်လုပ်တာလည်းhostပေါ်မှာပဲမူတည်ပါတယ်'
'ချီး!! လေးဘက်ထောက်တောင်မသွားတတ်သေးတဲ့ကိုယ်နဲ့ ငါဘယ်လို လွတ်အောင်ပြေးလို့ရမှာလဲ'
Lynn နဲ့ Yaya စိတ်ထဲမှ ဆက်သွယ်နေစဉ်မှာပဲ Di BaiHan ကလေးကိုပွေ့ချီရာမှချလိုက်ပြီး ကလေးအမေကို မြေမြုပ်ပေးရန်လိုသည်ဟုတွေးမိပြီး လုပ်စရာရှိသည်များပြင်ဆင်ရန် အိမ်အပြင်သို့ထွက်သွားလေသည်။
'Yaya ဟိုလူကြီးထွက်သွားပြီ။စိတ်ပြောင်းသွားပြီနဲ့တူတယ်။ ငါတောင်ဘာမှလုပ်စရာမလိုတော့ဘူး။ကောင်းလိုက်တာ~' လို့ပြောရုံလေးတင်မှာပဲ Di BaiHanတစ်ယောက်အိမ်ထဲပြန်ဝင်ပြီး villainအမေကို ချီမသွားလေသည်။
'Yaya…Yaya ဒီလူကြီးမဟုတ်သေးဘူး။villain အမေကိုတောင်အလွတ်မပေးတာတော့မဟုတ်ပါဘူးနော်' လို့ Lynnတစ်ယောက် စကားတစ်ခွန်းပြီး တစ်ခွန်း မနားတမ်းဆက်တိုက်ပြောနေလေသည်။
Lynnအသက်ရှိစဉ်တည်းက သူယုံကြည်ပြီဆိုလျှင်ဘယ်သူပြောပြောမယုံတော့သလိုပဲ လူတစ်ယောက်ကို အမြင်ကြည်တယ်ဆို အမြဲအကောင်းဘက်ကတွေးတတ်ပြီး အမြင်မကြည်ဘူးဆိုလျှင် တောက်လျှောက် အမြင်မကြည်ဖြစ်တတ်တော့အကျင့်ရှိလေသည်။
Di BaiHan ကလေးအမေကို မြေမြုပ်ပေးပြီးတဲ့အခါမှ အိမ်ထဲဝင်လာမိသောရည်ရွယ်ချက်ကိုသတိရမိလေသည်။
'ကလေးက ချီစွမ်းအင်တွေကို အာဟာရအဖြစ် သိမ်းထားတယ်ဆိုပေမဲ့ ကျင့်စဉ်တွေ မကျင့်ရသေးဘူးဆိုတော့ ခန္ဓာကိုယ်ထိခိုက်နိုင်တယ်။အနီးဆုံး မြို့ထဲဝင်ပြီး စားဖို့ဝင်ဝယ်မှရတော့မယ်' လို့တွေးမိပြီး သွားရန်ပြင်လိုက်စဉ်မှာ ကလေးကိုတစ်ယောက်တည်းမထားခဲ့ရက်တဲ့အတွက် ခေါ်သွားရန်ပြင်ဆင်လိုက်သည်။ ကလေးဘေးနားမှ ထူးဆန်းသောအကောင်ကိုတော့ လျစ်လျူ ရှုလိုက်လေသည်။Di BaiHan နီးစပ်ရာမြို့ဆီသို့ရောက်ရန် ၂နာရီကြာ လမ်းပြန်လျှောက်လိုက်ရလေသည်။ ထူးဆန်းသောအကောင်သည်လည်း နောက်မှထပ်ကြပ်မကွာလိုက်လာလေသည်။ အကောင်က အနည်းငယ်သေးတော့ ဈေးထဲမှလူများကတော့သတိမပြုမိကြပေ။ ထို့နောက် ကလေးအတွက် နွားနို့နှင့်လိုအပ်သည်များ ဝယ်လာကာ ကလေးအိမ်သို့ပြန်လျှောက်လေသည်။
'Yaya~ဒီလူက ငါ့ဆရာလုပ်မယ်ပြောလို့ cultivator ထင်နေတာ လမ်းပဲလျှောက်နေတယ်။ cultivatorတွေက ဓားတွေ ဘာတွေနဲ့ ပျံလို့ရတယ်မဟုတ်ဘူးလား'
'Host~systemက scanဖတ်ပေးလို့တော့ရပါတယ်။ scanဖတ်နေပါသည်…'
'systemက ဒါတော့ ရတယ်ပေါ့။ သုံးစားလို့ရသေးတာ တော်သေးတာပေါ့။ ရရင်လည်းအစတည်းကပြောလေ' Lynn တစ်ယောက်Yayaကိုအထွန့်တတ်မိသည်။
'sacn ဖတ်ပြီးပါပြီ…'
Name - Don't know
Immortal Name-Don't know
Age - Don't know
Cultivation Stage - Don't know
Gender - Male
(*လတ်တလော ချီစွမ်းအင်ကုန်ဆုံးနေပါသည်။ ၃ရက်လောက်အနားယူလိုက်ရင် ချီစွမ်းအင်တွေပြန်လည်ရရှိနိုင်ပါသည်*)Lynn သူ့ရှေ့မှာပေါ်လာတဲ့ အကြောင်းအရာတွေကိုဖတ်ကြည့်ပြီး မသိတာထက်စာရင်တော်သေးတယ်လို့ ကိုယ့်ကိုယ်ကို စိတ်ဖြေလိုက်ရသည်။
Di BaiHanတစ်ယောက် ညစ်ပတ်နေတဲ့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်နေပြီး ချက်ပြုတ်တာနဲ့အလုပ်ရှုပ်နေလေသည်။ Demon God မဖြစ်ခင်တုန်းက Di BaiHan တစ်ယောက် သူ့ကိုယ်သူ ဂရုစိုက်နေကြဆိုတော့ ချက်ပြုတ်တာလောက်က သူ့အတွက် မပြောပလောက်ဘူး။ Demon God ဖြစ်ပြီးသွားသောအခါလည်း တခါတလေ အရက်နဲ့ တွဲစားရန် ချီစွမ်းအင်တွေပါဝင်သော အစားအစာများကို ကိုယ်တိုင်ချက်ပြုတ်လေ့ရှိသည်။ ချက်ပြုတ်ပြီးသောအခါ ကလေးကို နွားနို့ကျိုပေးပြီး စိတ်ရှည်စွာ တိုက်လေသည်။ ပြီးမှစားကာ လက်ထဲတွင် အကောင်းဆုံး ကလေးပျိုးထောင်နည်း ဟူသော စာအုပ်ကို တိတ်ဆိတ်စွာဖတ်နေလေသည်။