Part 21

1K 67 0
                                    

Zoe
အပိုင်း (၂၁)
#ဇိုစပိုက်ကာ

“ကျစ် ဖုန်းခေါ်တာလည်း မကိုင်ဘူး..”
ခိုင်ခိုင် ကို ဖုန်းဆက်တာမရလို့ဇို တစ်ယောက်တည်း အိမ်ပြန်ခဲ့ရသည်..။
ည ၇နာရီခွဲ အထိ ပြန်မလာသေးလို့ ဗိုက်ဆာတာနဲ့ ထမင်းစားပြီး အော်ဒါ တင်ထားတဲ့ ပစ္စည်း စာရင်းတွေကို  ပြန်စစ်ကြည့်နေချိန် ဖုန်း၀င်လာသည်..။
“ဟလို...”
“ဇို.သမီးလား..မမစု ပါ..”
မမစု ဆိုမှ ဇို ဂေဟာ မသွားဖြစ်တာ သတိရတော့သည်..။သူ သာ သိရင် စိတ်ဆိုးမှာ..သူနဲ့ ပတ်သက်ရင် ခွင့် လွှတ်တက်ပေမဲ့ ဂေဟာ ကို ဂရုစိုက်ဖို့ တော့ အမြဲတမ်း နားပူအောင် လုပ်တက်သည်..။
အခုလို ညပိုင်းဖုန်း၀င်လာတော့ ပိုစိုးရိမ်သွားရပြီး..
“ဟုတ်ကဲ့..မမစု..’
“သမီး အခု အားရင် လာခဲ့ပါလား..”
“ဟင်..ခု....”
“အင်း..ရမလား..”
“ရတယ်..”
ဇို ရှပ် အကျီ င်္ကို အမြန်ကောက်ယူပြီး သော့ခတ်ခါ ထွက်လာခဲ့လိုက်သည်..။
ညဘက်ကြီး ဂေဟာမှာ ဘာဖြစ်လို့ပါလိမ့်..
အမ် ကလည်း မရှိတော့ ဇို့ကို ခေါ်တာဖြစ်ပါလိမ့်မည်..။
“အိပ်ကုန်ကြပြီလား မသိဘူး..”
တက္ကစီ ထိုးရပ်လိုက်တော့ ဇိုလည်း ခြံ၀င်းထဲကြည့်ပြီး နားမလည်နိုင်...။
မီးများပျက်လို့လား..။
“ဦးလေး ဒီမှာ...”
“အေး..တူမကြီး..”
တက္ကစီသမားကို ပိုက်ဆံရှင်းပြီး ဂေဟာ ခြံ၀င်းထဲ စိုးရိမ်စိတ်နဲ့ ခပ်သွက်သွက် လျှောက်၀င်လာလိုက်သည်..။
လမ်းမမီးရောင် တစ်ချို့ကြောင့် မသဲမကွဲ မြင်ရလို့ ဇို ဆက်လျှောက်လာရင်း ရှေ့မှာ ကြိုးတစ်ချောင်းခံနေပြီ..။
ကလေးတွေ ဆော့ပြီး ပြန်မသိမ်းတာ ဖြစ်မယ် တွေးရင်းဆွဲဖြုတ်လိုက်ချိန်
ခြံ တစ်ခုလုံး မီးတွေ ထိန်လင်းသွားပြီး..ရှေ့က ပရော်ဂျက်တာ မှာ ဇိုရဲ့ ရယ်နေတဲ့ ပုံနဲ့ အတူ Happy Birthday Our Lovey Zoe ဆိုတာတွေ့တော့ မျက်လုံးအပြူးသားဖြစ်နေပြီး အသက်ရှုဖို့တောင် မေ့သွားရသည်..။
ဒီပုံက  လဲ့ရည် သမီးနဲ့ ဆော့တုန်းက ပုံလေးမှန်း အ၀တ်အစားတွေကြည့်တာနဲ့ တန်းသိလိုက်ပါပြီ...။
“Happy Birthday,,,,”
ကလေးတွေရဲ့ တစ်ပြိုင်ထဲ အော်လိုက်သံကြောင့် ဂေဟာ တစ်ခုလုံး ဟိန်းထွက်သွားတော့ ဇို ကြက်သီးတောင်ထမိသည်..။
အခုမှ သတိထားလိုက်မိတာ ခြံထောင့်ဘက်မှာ ခုံတန်းတွေ စားပွဲဝိုင်းတွေနဲ့ ဧည့်ခံပွဲ တစ်ခုလို ပြင်ဆင်ထားသည်ပဲ..
“ကဲ..လာလာ...မွေးနေ့ရှင်...ဗိုက်ဆာနေပြီ..ကိတ်မုန့်ခွဲမယ်..”
ဘယ်တုန်းက ရှိနေမှန်း မသိသည့် ခိုင်ခိုင်နဲ့ အလတ်မ က ပါ ထွက်လာတော့ ဇို မယုံနိုင်သေး..။
ကိတ်မုန့် တင်ထားပြီး ဖယောင်းတိုင်လေးတွေပါ အများကြီး ထွန်းထားတဲ့ အလယ်မှာ 25 နံပါတ် ဖယောင်းတိုင်လေးလည်း ထွန်းထားသေးသည်...။
“၀မ်း...တူး...သရီး..”
ခိုင်ခိုင် ဆွဲခေါ်လာလို့ ကိတ်မုန့် စားပွဲရောက်လာတာနဲ့ အလတ်မ က နံပါတ်စဉ်ရေခါ..
“Happy Birthday,,, to...you...Happy Birthday,,,to you.. Happy Birthday .. Happy Birthday...
Happy Birthday Dear Zoe “
နောက်က ပီယာနို သံလေး နဲ့ အတူ ကလေးတွေရဲ့ အသံ .. ခိုင်ခိုင် တို့ပါ ရော ဆိုပေးနေတော့ ဇို ရင်တွေ ခုန်နေမိသည်..။
ဘ၀မှာ ပထမဦးဆုံး လူသိရှင်ကြား ဖြစ်ရသည့် မွေးနေ့ပွဲတစ်ခုကို ဇို မယုံနိုင်သေး..
“ရပြီ..မှုတ်တော့..”
ဖယောင်းတိုင် မှုတ်ခါနီး အားလုံးကို ဝေ့၀ဲ ကြည့်ခါ သူ့တစ်နေရာကများ ပန်းစည်း နဲ့ အတူ ထွက်လာမလားလို့ ရှာလိုက်မိပေမဲ့ မတွေ့ပါ..။
ဇို့ မွေးနေ့ပွဲလေးမှာ သူသာ ရှိ ပိုပြီး စည်းကားဆူညံနေမှာ အသေအချာပင်....။
“မှုတ်လေ..ဇို..”
“အမ်း..”
“ဟေး...”
“ပီ...ပီ....ပီ....”
ခိုင်ခိုင်က အရင်ဖောက်ပြီး ကိတ်မုန့်ကို လက်ညိုးနဲ့ ယူပြီး ဇို့ မျက်နှာကို သုတ်လိုက်သည်..။
“ဟာ..ခိုင်ခိုင်...နင် နေအုံး..”
ဇို ကိတ်မုန့်ကို ဖဲ့ယူပြီး ပြန်သုတ်ပစ်လိုက်တော့ ခိုင်ခိုင် က ရှောင်ရင်း ပတ်ပြေးနေသည်..။
“ဟား..ဟား...အမ် က သူ့ဇို အကြောင်းသီလို့ ကိတ်မုန့် နှစ်မျိုး မှာပေးထားတာ တော်သေးတယ်..”
“ဟင်..”
“ဟိုမှာ..စားဖို့ ကိတ်ပြင်ထားတယ်..လှီးပြီးသား..စားရုံပဲ..”
ကလေးတွေကို တစ်ခုစီ ဝေနေတဲ့ မမစုက လှီးလက်စ တစ်ခြမ်း မကုန်သေးသည့် ကိတ်မုန့်ကြီးကို မေးငေါ့ပြသည်..။
“နင် တို့ လုပ်ပေးတာလား..”
“ဟုတ်မလား..နင့်မွေးနေ့ ဒီနေ့ဆိုတာတောင် သိဘူး..”
“ဟင်..ဒါဆို..”
“အမ် ငါ့ဆီ ဖုန်းဆက်တာ..ဇို့ မွေးနေ့ ဂေဟာမှာ ပြင်ထားတယ်..ငါတို့သွားပေးပါဆိုပြီး တောင်းဆိုလာလို့..လဲ့ရည်ကိုလည်း ခေါ်ခိုင်းတာ..ငါမေ့သွားလို့ မခေါ်မိလိုက်ဘူး..”
သူလုပ်ပေးတာဆိုတဲ့ အသိကြောင့် သူ့ကိုပိုတွေ့ချင်လာသည်..။
“သူပြန်ရောက်ပြီလား..”
“ဟမ်..နင်တို့က စကားမပြောဘူးလား..သူပြောတာ ဒီနေ့ ပြန်မလာနိုင်လို့ ကူညီကြပါတဲ့လေ...”
“သြော်..”
“မမ..ဘာလည်း...ဒီရုပ်ကြီးက ဘာဖြစ်သွားတာလည်း..အခုတော့ ငါတို့ထက် ချစ်ရမဲ့သူပေါ်လာပြီပေါ့လေ..”
“ဟာ..နင်ကလည်း တစ်မျိုး..”
“ဇိုရေ...လာဟေ့ ဟဲကြမယ်..”
ခြံထောင့်မှာ ချထားတဲ့ မိုက်ကို ကိုင်ပြီး အလတ်မက သူ့ဗီဇ အတိုင်း မိုက်နဲ့အော်နေပြီ..။
“ပရိသတ်ကြီး ဘယ်သူ လည်း.”
ကလေးတွေက ကိတ်မုန့် စားရင်း လက်ထောင်ပြတော့
“ဘယ်သူဆိုမှာလည်း..”
“ဇိုး....”
“ဟာ...”
“ဟဲ..ဟဲ...လာလိုက်ပါ..ပရိသတ်က တောင်းဆိုနေပြီ...”
ဇို မျက်မှောင်ကြုတ် မျက်နှာတည်ထားပေမဲ့ ခိုင်ခိုင်က လက်ဆွဲပြီး ဇွတ်တရွတ်ဆွဲခေါ်သွားတာ့ မိုက်ကိုင်လိုက်ရတော့သည်..။
“အဟမ်း..အိုး..”
ချောင်းဟန့်လိုက်တာ ကျယ်လောင်သွားတော့ ဇို ဆက်ဆိုဖို့တောင် လန့်နေရသည်..။
သီချင်းတစ်ခုကို စဉ်းစားပေမဲ့ အစအဆုံးရတဲ့ သီချင်းကလည်း ခပ်ရှားရှားမို့ ..
တက္ကစီပေါ်မှာ ဖွင့်ခဲ့တဲ့ သီချင်းကိုပဲ ဆိုဖို့ ဆုံးဖြတ်လိုက်ရသည်..။
“အကြင်နာတွေ သွေဖီ ခွဲခွါ အဝေးသို့နှင်
စေတနာတွေ ဘယ်လို ဘယ်ပုံ ထားရှိပါစေ..
မုန်းစကားတွေ ခြွေဖဲ့ခြွေ...ဘယ်သူမှ တို့သိတယ်..
ကိုကိုရေ တိတ်တခိုး အချစ်ကြောင့် ရင်မှာနစ်နေ..
ဝေဒနာတွေ အဖြေရှာ မရအောင် မွန်းကျပ်နေ..
ရေပြင်ကျယ်သူလိုရာကို စီးဆင်းနေ..
တို့ဘ၀နဲ့ မတူ တခြားစီ
ရေပြင် အဆုံးထိ သွားကြည့်ချင်..ပျော်မယ်ဆို ကမ္ဘာဆုံးတဲ့ အထိ လျှောက်သွားချိန်..
ပျော်စရာဆိုတာ တို့ရဲ့ ကမ္ဘာမှာ မရှိပါ...ရင်နာစရာတွေ တွေးကြည့်ပြန်ရင် ရင်ထဲမှာ ပြည့်ကြပ်ခါနေ အလွမ်းဝေ သံသရာ၀ဋ် ဒုက္ခကနေ ကြေပါစေ ဒီဘ၀အတွက်တော့ ဒီတင်ပဲကြေ...”
ဘာရယ်ကြောင့်မှန်း ကိုယ်တိုင်မသိပဲ သီချင်းဆိုနေရင်း ၀မ်းနည်းလှိုက်တက်လာတဲ့ စိတ်ကြောင့် တစ်နေရာမှာ သွားငိုချင်လာသည်..။
“တော်ပြီ...ဆွေးတယ်...မမိုက်ဘူး..ခိုင်ခိုင်ရေ ငါတို့ ၅ယောက်ဟဲနေကြသီချင်းလေး ဖွင့်လိုက်..”
သီချင်းဆိုတာ မပြီးခင် ခိုင်ခိုင်က မိုက်ကို လုပြီး အလတ်မ က သီချင်းကို ဖုန်းနဲ့ ချိတ်ပြီး ဖွင့်နေပြီ..။
တီးလုံးသံကြားတာနဲ့ ဇို ပြုံးမိသွားပေမဲ့ အလတ်မကတော့ ခပ်တည်တည်ပင် မိုက်ကိုသေချာခိုင်ရင်း လှုပ်လာပြီ..။
“ခါးလေး လှုပ်ခါ လမ်းလျှောက်သွားရင် ကောင်လေးတွေ ကြည့်မယ်..
မျက်လုံးလေး တစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပုံကြီးပါလာမယ်..
ကျွန်မရဲ့ အသက်အရွယ်ကလေးလေး မဟုတ်တာ သူတို့တွေသိတယ်..
ချစ်တဲ့ စိတ်တွေ အသည်းထဲ ရှိတာ ယုံစမ်းပါရှင်ရယ်...”
“ဟဲ့...ဇို ဆိုလေ..”
“နေပါ...”
“လာစမ်း..”
“မျက်နှာကိုယ်ဟန် မိမိ မိုက်မိုက် ကောင်လေး တစ်ယောက်ယောက်ကို ချစ်ပစ်လိုက်မယ် အရမ်းချစ်လိုက်မယ် မလွန်ဘူး ထင်ပါတယ်...ဟား..ဟား..တော်ပြီ..”
“လာ လှုပ်မယ်...”
“အား..တော်ပြီ...”
“အဲကောင်မထားလိုက်..ဘာမှန်းကို မသိဘူး..”
ခိုင်ခိုင်က ဇို့ကို ခုံပေါ်က တွန်းချပြီး ခါးတွေကို ဟန်ပါပါ လှုပ်နေကြပြန်တော့ ဇို လက်ခုပ်တီးပြီး ရယ်နေရသည်..။
“ဇို လာ မုန့်စားလေ..”
“ဟုတ်...”
ကလေးတွေ ဝိုင်းမှာ ၀င်ထိုင်လိုက်တော့..
“အင့်...ဟ..”
တစ်ယောက် တစ်ဇွန်း ဝိုင်းခွံတာ ဇို နှုတ်ခမ်းတွေ ပေပွကုန်ပြီး ပလုတ်ပလောင်းလည်း ဖြစ်နေရသည်..။
“ဇို ဟိုမှာ...”
“ဟင်..”
ကလေးတစ်ယောက် က လက်ညိုးထိုးပြလို့ ဇို နောက်ပြန်လှည့်လိုက်တော့ ပရောဂျက်တာမှ ဇို့ပုံလေးတွေကို slow နဲ့ ပြနေသည်..။
သူ ဘယ်အချိန်က ရိုက်ထားမှန်း မသိပေမဲ့ ရှက်ဖို့ကောင်းတာတော့ သိသည်..။
အလုပ်လုပ်နေတဲ့ ပုံတစ်ချို့တောင်ပါနေ၏..။
အဲဒါကြောင့် Ro တာကို မကြိုက်တာ..အအေးသောက်နေတဲ့ ပုံဆိုပါးကိုဖောင်းနေတာပဲ..။
နောက်က တီးလုံးသံလေး မြှင့်သွားပြီး သီချင်းစာသားပါ ဓာတ်ပုံပေါ်မှာ ထိုးပြနေတာ..
Michael Jackson ရဲ့ You Are not Alone
ဇို မီိးဖိုဆောင်မှာ ပန်းကန်တွေ ကိုင်ထားသည့်ပုံတက်လာပြီးတွဲတက်လာတဲ့စာသားက..
“You are not  alone
For I am here with you
Though you’re far away
I am here to stay
For you are not alone
For I am here with you”
နောက်က ဆံပင်ကွယ် နေတဲ့ သူ့ပုံကို သတိထားလိုက်မိပြီး ဇို နဲ့ စခင်ကတည်း သူ ပုံတွေ ရိုက်ယူထားတာမှန်း သိလိုက်ရသည်..။
နောက်ပုံက ကလေးတွေအလယ်မှာ ဇို မုန့်ဝေနေတဲ့ပုံ..
နောက်ပုံ တစ်ပုံ ပြောင်းသွားပြီး..လက်ချောင်းတွေ ကို အသည်းပုံ ပုံစံလုပ်ပြီး သူ့ရင်ဘတ်မှာ ကပ်ပြထားသည်..။
သူ့ရဲ့ လက်ချောင်း သွယ်သွယ်လေးတွေ ကို ငေးရင်း သတိရလာသလိုလို..တွေ့ချင်လာသလိုလို...
“Though we’re far apart
You’re always in my heart...”
“ဝိုး..ဝိုး...ဝိုး...”
“ပီ..ပီ...”
၀ီစီသံဆူသွားတော့ ဇို မျက်မှောင်ကြုတ်မိသွားသည်..။
“မိုးချူပ်နေပြီနော်..ခိုင်ခိုင် ကလေးတွေလည်း အိပ်ရအုံးမှာ..ပြန်မယ်..”
“ဟွန့်..”
အလတ်မက  နှုတ်ခမ်းစူနေပေမဲ့ ဇို အိမ်ပြန်ဖို့ ဦးဆောင်ပြီး ပစ္စည်းတွေ ပြန်သိမ်းပေးလိုက်မှ နောက်က လိုက်ကူပေးတော့သည်..။
“ဇို...”
“ပြော..”
“နင့်ကို အမ် က တော်တော် ချစ်တာပဲနော်..နင်ကော ချစ်လား..”
“မသိဘူး..”
“နင် မတရားဘူးနော်..အမ့်ကိုတော့ မကစားနဲ့ ငါတို့ သည်းခံမှာ မဟုတ်ဘူး..”
“အောင်မယ်...နင်ပဲ တွဲကြည့်မကြိုက်ရင် ညောင်းဆို..”
“အေးလေ..အဲဒါ နင် မင်းသားနဲ့ အဆင်မပြေတာသိလို့ ..အခု အမ် က နင့်ကို တကယ်ကြီး ချစ်တာဟ..”
“ရှေ့နေတွေ ဟုတ်လား..”
“နင် ပိုသိပါတယ်...”
ခိုင်ခိုင့် ရဲ့ အမှန်တရားစကားတစ်ခွန်းကြောင့် ဇို လမ်းဘက်လှည့်ပြီး ငေးနေလိုက်သည်..။
“အခုတလော မင်းသားလည်း နင့်ဆီမလာတော့ဘူး..ငါက နင် စိတ်ပြန်လည်သွားမှာ စိုးတယ်...သင့်တော်တယ် ဆိုပေမဲ့ အမ်က ပိုချစ်တက်တယ်..အဲ အချစ်ခံရတာ နင် မကြိုက်ဘူးဆိုရင်တော့ မင်းသားလေးဆီ ပြန်သွားပေါ့လေ...”
ဇို လမ်းဘေးမီးရောင်တွေကို ငေးရင်း ပြုံးခါ..
“အချစ်ခံရတာ ကောင်းပါတယ်..”
“ဟား..ဟား..အလည်မ...”
အတိတ်တွေ ဆီ စိတ်ပြန်လည်သွားခဲ့ရင်တောင်   ဦးနှောက်ကို တားဆီးခိုင်းမည်..။.
ဘာဖြစ်လို့လည်းဆိုတော့ .........မိန်းမတစ်ယောက်ရဲ့ ရှိသင့်တဲ့ မာန ကြောင့်...။
.
“၀မ်းနည်းတက်သူကို..မင်း ထပ်မနှိပ်စက်နဲ့တော့..အချစ်က ကိုယ့် အတွက် ဆို..”
ဂေဟာက အိမ်ပြန်ရောက်ပြီး အ၀တ်အစားလဲ မျက်နှာ သစ်ပြီးရုံ ရှိသေး ဖုန်း၀င်လာတော့ ဇို ပြုံးမိသွားသည်..။
“ဟလို..”
“ပျော်နေတာ..ကို့ ကို တောင် သတိမရဘူးမလား..”
“အမ်း.” မုသားတစ်ခုကို လွယ်လွယ်ပြောထွက်သွားတာ ရင်ခုန်သံတွေကြောင့် ဖြစ်ပါလိမ့်မည်..။
“သိတယ်လေ...သူ သတိရရ မရရပေါ့ ကျွန်တော်ကတော့ မေ့လို့မရပါဘူး...”
သံစဉ် အလိုက်နဲ့ ပြောလာတော့ ဇို ရယ်လိုက်မိသည်..။
“Happy Birthday Zoe...I love You so much...”
“Thank..”
“မွေးနေ့ အတွက် ကျေးဇူး..”
“ဟင်..ထူးဆန်းလိုက်တာ ကို ကျေးဇူး ဆိုတဲ့စကား ကြားလိုက်လားလို့..”
“ဟုတ်တယ်လေ..”
“ဟား..ဟား..နောက်ဆို ပွဲတွေအများကြီးလုပ်ပြီပဲ..”
“ပွဲလုပ်ပေးလို့ မဟုတ်ဘူး..ပွဲလည်း မကြိုက်ဘူး..ဘယ်သူမှ သတိတရ မရှိတဲ့ မွေးနေ့ကို တန်ဖိုးထားပြီး အမှတ်တရ လုပ်ပေးလို့ကျေးဇူးတင်တာ..”
ဇို လည်း မိန်းကလေးထဲက မိန်းကလေး တစ်ယောက်ပဲလေ...။
အချိန် တစ်ခုမှာ  ကိုယ့်ကို တန်ဖိုးထား သတိတရ ရှိတာလေးကိုတော့ စိတ်ကြည်နူးရသည်..။
“ကို့ ချစ်သူရဲ့ မွေးနေ့ကိုး...ဒီနေ့..မွေးနေ့မို့လို့ မျက်ခုံး မတွန့်စေချင်လို့ မမေးတော့ဘူးနော်..”
“ဘာလည်း..”
“ချစ်လားလို့ပါ...လက်ထပ်ချင်တယ်လည်း မပြောသေးဘူး..”
ဇို ပခုံးတွန့်ပစ်လိုက်သည်..သူ က မမေးမှတော့ မဖြေရုံပေါ့..။
“ဘာလုပ်နေလည်း..”
“ကိုလား..ချစ်သူ အပြုံးကို ထိုင်ကြည့်ပြီး ရယ်နေတာ..”
“ဟမ်..”
“ဒီမှာလေ...”
ဖုန်းကို တီဗီ ဘက် လှည့်ပြတော့ တီဗီပေါ်မှာ ဇို့ ရဲ့ ပုံတွေ အသံတွေလည်း ပါတော့ ဗီဒီယိုမှန်းသိလိုက်သည်..။
“ဒါတွေ..”
“အလတ်မ က သနားသောအားဖြင့် ဗီဒီယို ကော ခေါ်ပေးထားတာကို ဆေ့ ထားတာလေ...ဇို ပျော်နေတာလေး ကို ချစ်လိုက်တာ...ကိုလည်း တကယ် ပျော်တယ်..သလား..”
“ရှက်ဖို့ကောင်းတာ..ဓာတ်ပုံတွေ လည်း ကို တရားခံပဲ မလား..”
“အမ်းလေ...”
“ကျစ်..”
“ဟေး..ဟေး..မျက်ခုံးတွန့်မယ် မကြံနဲ့နော်...တွန့်လိုက်တာနဲ့ ရစ်ပြီပဲ..”
ဇို မျက်ခုံး ပြန်ပြင်လိုက်တော့ သူ က ရယ်နေပြန်သည်..။
သူ ရယ်တာကို ကြည့်ပြီး ဇို လည်း လိုက်ရယ်မိတော့
“ကို မပြောခဲ့ဘူးလား..”
“ဟမ်..”
“အပြုံးတွေကို ဝေမျှလို့ ရတယ် ဆိုတာ ယုံပြီလား ဇို...”
“အမ်း...”
“ကြည့်ရတာ ကောင်းကောင်းဆော့ပြီး ပင်ပန်းနေပုံပဲ...ဒါဆို ဒါပဲလေ..လဖ်ယူ..”
“အင်း..”
ဖုန်းချလိုက်ခါနီးမှ မချချင်ဖြစ်ရပြန်ပြီ...။
ဘာတွေ ဖြစ်နေတာလည်း ဇို...။
“ကို..”
“ဟင်...ဘာပြောမို့လည်း..”
ချက်ချင်း ကြည်လင်သွားသည့် မျက်နှာကို မြင်ပြန်တော့ ဘာပြောသင့်မှန်းမသိတော့ပဲ..
“ဟို..ကို ပြန်လာရင် လာကြိုမယ်နော်..”
“အင်း..မလာမချင်းစောင့်နေမဲ့ သူပါ..”
“သတိရရင်တော့ လာကြိုမှာနော်..မေ့သွားရင် မကြိုဘူး..”
“ပြောပုံကကြည့်အုံး..ဇို ညနက်နေပြီ အိပ်တော့နော်...တာ့တာ ...”
“အင်း..”
“ဘိုင်..ဘိုင်..”
“ဟာ..”
“ဒါပဲနော်.ဘိုင်.”
“ဘာဖြစ်..”
“တကယ်ချလိုက်ပြီ...ဘိုင်...လဖ်ယူ..”
ဒီလောက်နှုတ်ဆက်ပြနေတာ တကယ်ဖုန်းချ ချင်တာကော ဟုတ်ရဲ့လား...ဇိုတွေးရင်း ပြုံးလိုက်မိသည်..။
သူ့ အပြောတွေက ဆုတောင်းများဖြစ်သွားသလား မပြောတက်..
သူ ပြန်လာတဲ့ နေ့  တကယ့်မေ့သွားပြီး  သုံးနာရီကျော်မှ လေယာဉ် အကြောင်း တီဗီ မှာတွေ့လို့ သတိရသည်..။
“ကျစ်..ငါဟာလေ...”
ဇို ကားသော့ ဆွဲယူပြီး ပြေးထွက်လာခဲ့ပေမယ့် နောက် က လှမ်းခေါ်ပြန်သည်..။
“ဘာဖြစ်လို့လည်း အောင်ကျော်ဦး..”
“အစ်မ ပန်းချီကျောက်ပြားက သုံးလက်မလောက် လိုနေတယ်..အဲ အတိုင်းဆို မီးကြိုးတွေ ပါ ပြန်ပြင်ရမယ်..”
“ဟာ..သေတာပဲ...”
ဇို စိတ်ပျက်စွာ ညီးညူရင်း ဆိုင်ထဲ ပြန်၀င်လာခဲ့ရသည်..။
“ဘယ်လို ဖြစ်တာလည်း သေချာ တိုင်းထားတာကို..”
“အနားဘောင် အတွက် ထည့် မတိုင်းမိဘူးထင်တယ်..”
“ကျစ်..”
ဇို လက်ထဲ ထိုးထည့်ပေးနေတဲ့ ရွှေရောင် ကျောက်ပြားဘောင် ကို ကြည့်ရင်းစိတ်ရှုပ်လွန်းလို့ လူက ငိုချင်စိတ်တောင် ပေါက်လာသည်..။
“ဒါဖြင့် ဒီဘောင်တွေ မထည့်ရင်ကော..”
“မဖြစ်ဘူးလေ..အစ်မရဲ့..ဘောင်မထည့်ရင် ဘေးသားတွေ ပေါ်နေမယ်..မီးရောင်နဲ့ဆို လုံးဝြကည့်မကောင်းဘူး..”
“ဘယ်လို လုပ်မလည်း..”
“အစ်မ မီးသမားအရင် ခေါ်လိုက် ကျွန်တော် နဲ့ သူ ညှိ ပြီး  ဒီနေရာလေးပဲ ပြင်ပြီး အပေါ်ကျောက်သားတွေ နည်းနည်း လှီးချလိုက်မယ်..”
“ဟုတ်ပြီ..အဲလိုပဲ လုပ်မယ်..”
ကြံရာမရ ဖြစ်နေစဉ် အောင်ကျော်ဦး ရဲ့ အိုင်ဒီယာက လည်း ဇို့ အတွက် အောက်ဆီဂျင်တစ်ခုလိုပင်..။
ဇို မီးသမားခေါ်တာနဲ့ စောင့်ရတာကြောင့် သုံးနာရီခွဲသွားသည်..။
ဒီတစ်ခါတော့ မမေ့ပါဘူး..တကယ် အလုပ်တွေများနေတာပါ .။
ကျောက်ဘေးသားတွေ စက်နဲ့ ဖြတ်ချပြီးတဲ့ အချိန်အထိ စိတ်မော စွာ ရပ်စောင့်နေရသည်..။
“အစ်မ စောင့်ဖို့ လိုသေးလား..”
“မီးဆင်ပြီးတဲ့ အထိ စောင့်ပါလား အစ်မ တလွဲတွေ ထပ်ဖြစ်ရင် ပြင်မရတော့ဘူး..”
အကြောင်းပြချက်ကြီးက ကြက်သီးထစရာမို့ ဇို ထိုင်ခုံမှာ မလှုပ်မယှက် ထိုင်နေရသည်..။
နာရီ စက်သံ တစ်ချက်ချက် က ဇို ရင်တွေ တဒိန်းဒိန်း ဆောင့်ခုန်စေသည်..။
ညက ဖုန်းပြောရင်းတောင် “မေ့မနေနဲ့နော် မလာမချင်း စောင့်နေမှာတဲ့..”
တကယ် ပေ ပြီး စောင့်နေရင်....
ဇို အလန့်တကြားဖုန်းကောက်ပြီး ဆက်လိုက်သည်..။
သုံးခါ ခေါ်ပြီးလည်း မကိုင်သေးတော့ စိတ်ပူလာရသည်..။
ညနေ ၅နာရီတောင် ကျော်လာပြီ...အလုပ်သမားတွေက လည်း လက်စ မသပ်ကြသေး...။
“အစ်မ လေဆိပ်သွားစရာ ရှိတယ် အောင်ကျော်ဦး..ဆက်စောင့်ကြည့်ထားလိုက်ပါ..လွဲနိုင်တာတွေဆို မနက်ဖြန်မှ ဆက်လုပ်ပေါ့..”
အလုပ်လုပ်နေချိန် ဘာကို မှ အကြောင်းမပြတက်သလို တစ်နေ့အလုပ် တစ်နေ့ပြီးအောင်လုပ်ဖို့ ထိုင်စောင့်ကြည့် ခိုင်း နေတက်သည့် ဇို့ဆီက မနက်ဖြန် အကြောင်းကြားရတာ သူတို့ အံသြနေကြသည်..။
ဇို ကားသော့ ယူပြီး ထွက်လာချိန် ပထမဦးဆုံး လမ်းတည်ဆောက် သူတွေကို ကျိန်ဆဲလိုက်မိသည်..။
မဟာရန်ကုန်မြို့မှာ ဒုက္ခဆင်းရဲ ကားလမ်းပိတ်တဲ့ ပြသာနာ...။
လေဆိပ်ရောက်သွားတာနဲ့ မျက်စိလျှင်တဲ့ ဇို ခုံတန်းတွေဆီ တစ်ချက်ဝေ့ကြည့်လိုက်သည်..။
တွေ့ပါပြီ ...မသွားတက်မလာတက် မြန်မာပြည်ကို အခုမှ ရောက်ဖူးတဲ့ နိုင်ငံခြားသားတစ်ယောက်လို စာအုပ်ထိုင်ဖတ်နေတာ.အကျအန..။
“အဟမ်း...excuse me “
အသံကြားတော့ မော့ကြည့်ပြီး မျက်မှောင်လေး တွန့်ကြုတ်သွားတာ အသည်းယားစရာ..
“ဆောဒီး..”
ဇို့ ရဲ့ တောင်းပန်လျှိုကျိုးတဲ့ မျက်၀န်းတွေကို မော့ကြည့်ပြီိး တစ်ခဏ အတွင်း နားလည် ခွင့်လွှတ် သလို ခေါင်းညိတ်လိုက်တော့မှ ဇို သက်မ ချနိုင်သည်.။
“ပေးလေး..ဇို ဆွဲလာခဲ့လိုက်မယ်..”
“နေပါစေဗျာ..ထိုင်ရတာ ညောင်းနေပြီ..”
ဇို့ လက်ကို ပိုင်စိုးပိုင်နင်း ဆုပ်ကိုင်ပြီး ကျန်တစ်ဖက်က သူ့လော့ဂတ် ကိုဆွဲခါ သူ့ အကျင့်အတိုင်း စမတ်ကျကျ လျှောက်နေတော့ ဇို စိတ်ထဲ ကြည်နူးမှု လှိုင်းလေး ဖြတ်ပြေးသွားရသည်..။
သူ့နဲ့ တွဲသွားတိုင်း ဘယ်လိုတားတား မလွှတ်ပဲ..ဇို့လက်ကို အမြဲဆုပ်ကိုင် ထားတက်တာသူ့အကျင့်လေ.....။
.
“ဇို..နေကောင်းရဲ့လား..”
“ကောင်းပါတယ်..ဘာလို့..”
“ဒီမှာ ပလပ်စတာကြီး ရောက်နေပြီလေ..ခေါင်းကိုက်နေပြီမလား...”
ဇို့ နားထင်ကို လက်ညိုးနဲ့ ထိုးပြီး ဆူပြော တော့ မှ သဘောပေါက်သည်..။
“အယ်..”
ဘာမဆို ဇို နဲ့ ပတ်သက် တိုင်းသိတက်နေတာ လေးက စိတ်လှုပ်ရှားစရာ ကောင်းပါသည်..။
“အင်း..ဟုတ်တယ်..နည်းနည်းပါ.”
“အလုပ်တွေ ဘာလို့ လောဘ တကြီး လုပ်နေတာလည်း..ဇိ်ု..”
ကား  မောင်းနေရင်း ဇို့ ဘက် ကို နားမလည်သလို ကြည့်ခါ မေးခွန်းထုတ်လာပြန်သည်..။
ဇို နဲ့ ပတ်သက် သမျှ အသေးအဖွဲ့လေး က အစ အရာရာကို သိနေတက်သည့်သူက ဒီကိစ္စ ကို မသိရကောင်းလားလို့ ဒေါသထွက်ချင်မိသည်..။
ဇို နဲ့ သူ က သူစိမ်းတွေ ဆိုတာ တစ်ခါတလေ မေ့နေမိပြန်သည်..။
“ပတ်၀န်းကျင် ရဲ့ ကဲ့ရဲ့ မှုကို မခံချင်လို့ပေါ့...”
“ဘယ်လို ကဲ့ရဲ့လို့လည်း...”
“တစ်ခုလပ်မ .ဆိုတာမျိုးတွေပေါ့..”
“ဟာကွာ...အဲလိုတွေ လျှောက်တွေးပြီး ဇို ကိုယ့်ကိုယ်ကို တအားခိုင်းနေတာ မကောင်းဘူးနော် ဇို..”
“..အင်း.ဇိုလည်း သိပါတယ်...ကိုယ့်မှာ အားနည်းချက် ရှိနေတော့..အားသာချက် များများ ရှိလာဖို့ ကြိုးစားနေတာပါ..မဟုတ်ရင် အားနည်းချက် ဆိုတာကြီးကို သေတဲ့ အထိ စိတ်ဆင်းရဲစွာ ခံယူနေရမှာ...မကြိုက်ပါဘူး..”
ဇို ရဲ့ ငြင်းဆိုချက်တွေကြောင့် ခေါင်းပါ မသိမသာ ခါယမ်းလိုက်မိသည်..။
“ဇို က ပတ်၀န်းကျင် ဆိုတာကို ကြောက်နေတာပဲ..”
သူ့ ရဲ့ စကားကြောင့် ဇို ကိုယ်လေး မှီ ထိုင်နေရာကနေ ဆက်ခနဲ့ ထောင်ထသွားရသည်..။
“မကြောက်ပါဘူး  ..ဒါပေမဲ့ အရေးပါတယ်ဆိုတာတော့ ကို လက်ခံတယ်မလား..”
“ဘယ်လိုမျိုးလည်း.”
“ပတ်၀န်းကျင်ရဲ့ ဝေဖန်ပြောဆိုမှုတွေက တစ်ခါတလေ ရှင်သန်မှုကိုတောင် ပျက်သုန်း စေတယ်.. ပတ်၀န်းကျင်ဆိုတာကြီးကြောင့် လူတွေက လောက မှာ ဆက်မရပ်တည်နိုင် ဖြစ်ခဲ့ရတာတွေ ရ်ှိတယ်လေ..”
“အင်း..ဒီလို ကျပြန်တော့လည်း..ဇိုက လူကြီးတစ်ယောက် လို တွေးတက်သားပဲ..”
သူ့ရဲ့ တွေးစစ ပုံစံနဲ့ ပြောလိုက်တဲ့ စကားကြောင့် ဇို မျက်မှောင်ကြုတ်ခါ...
“ဇို က ကလေးမှ မဟုတ်တာ..”
“ဟာ...ဒါဆို အသက်ပြည့်ပြီပေါ့ လက်ထပ်လို့ ရပြီလေ..”
“ကို..”
“ဟား..ဟား...ကို စောင့်နေရတာ ၆လ ကျော်နေပြီနော်.ဇို...”
“မစောင့်နိုင်လည်း မစောင့်နဲ့ပေါ့..”
“စောင့်ပါမယ်..လက်စွပ်ကလေးကတော့ တော်တော် ဖွေးလာပြီ...”
“ဗျူးတီးစလွန်းမှာ ကာလာသွားချိန်းပေးလိုက်..”
“ဟား..ဟား...”
ရယ်သံ အဆုံး သက်ပြင်းချသံပါ ကပ်ပါလာတော့ ဇို ပြောတာမှားများသွားလား..သူ့ ခံစားချက် ကို လှောင်သလို ဖြစ်သွားလားလို့ တွေးမိပြန်၏..။
“ဇို ဖေ့ဘွတ်မသုံးဖြစ်ဘူး ထင်တယ်..”
“အင်း ကြာပြီ..အွန်လိုင်းရှော့ ကိစ္စ ၀န်ထမ်းနေနဲ့ လွဲထားလိုက်ပြီလေ...”
“သြော်..ဒါကြောင့်ကိုး..”
“ဘာဖြစ်လို့လည်း.....”
ဇို့ ဘက်ကို လှည့်ပြီး စကားပြောနေရင်း သက်ပြင်းငွေ့ငွေ့ တစ်ချက်ချခါ..ကားစက်သတ်လိုက်သည်..။
တစ်ခုခု ခံစားနေရတဲ့ပုံစံ ဖြစ်နေသည့်  သူ့ မျက်နှာကို     ဇို နားမလည်နိုင်စွာ လိုက်ငေးကြည့်မိသည်..။
တည်ငြိမ်နေတဲ့ မျက်နှာ အမူအယာ ပကတိ ကြည်လင်နေတဲ့ မျက်၀န်းညိုညိုတွေကို ဇို လည်း မဖတ်တက်..။
“သူ ဆေးရုံ တက်နေရတယ်..”
“..ဘယ်သူလည်း..”
“မင်းသားလေ...”
သူု့ဆီက တည်ငြိမ်အေးစက်တဲ့ စကားတစ်ခွန်းက ဇို့ ရင်ကို ပူပြင်းလောင်ကျွမ်းစေသည်..။
“ကို ဘာပြောနေတာလည်း.”
ဇို့ရဲ့ စိုးရိမ် တကြီး မေးတဲ့ မေးခွန်းကို မဖြေပဲ ဇို့ကို မျက်၀န်းဆွေးတွေနဲ့ ငေးကြည့်နေပြန်ပြီ...။
ဘာတွေဖြစ်တာလည်း...။
“ကိုး..မေးနေတယ်လေ...”
စိတ်မရှည်လို့ ထွက်လာတဲ့ အသံခပ်ဆောင့်ဆောင့်သူ က သက်ပြင်းတစ်ခုသာ တုန့်ပြန်သည်..။
“ကို လေဆိပ်မှာ ဇို့ ကို စောင့်နေတဲ့ နေ့က သူလည်း ရှိနေတယ် “
“အင်း..ဘာဖြစ်လည်း..”
“ သူ က ကိုယ့်ကို တွေ့တော့ ..ကိုယ့်ဆီကို လျှောက်လာပြီး ကိုယ် သောက်နေတဲ့ ကော်ဖီခွက်ကို ရိုက်ချတယ်..”
“ကို ဘာပြန်လုပ်လိုက်လည်း..”ဇို ထိတ်လန့်တကြားမေးလိုက်မိ၏..။
“ဟာ..မလုပ်ပါဘူး....သူ့ဟာသူ လှေကားမှာ လူတစ်ယောက်နဲ့ တိုက်မိပြီး သူ အရင် စထိုးတော့တာပဲ..ဟိုဘက်က လူက အစက ခံနေပေမဲ့ နောက်ပိုင်း လေးယောက်လောက် ဖြစ်သွားပြီး ပြန်လုပ်တော့ သူ တော်တော် ထိသွားတယ်..မီဒီယာ တွေလည်း ရှိနေတော့ ဆူဆူပူပူ ဖြစ်သွားတယ်..”
တည်ငြိမ်တဲ့ အသွင်အပြင်နဲ့ ကား ရှေ့ကို ငေးနေရင်း ပြောနေနိုင်တဲ့ သူ့ကို ဇို ထု ရိုက် ပစ်ချင်လာသည်..။
“ကို ဘယ်လို လူလည်း..ဘာလို့ ဇို့ ကို အဲနေ့ ကတည်းက မပြောတာလည်း..ဟမ်...ဟာ...”
ဇို့ ရဲ့ စိတ်လိုက်မာန်ပါ ဒေါသအတိုင်း ကားထဲမှာ ဇို့ အသံတွေက ဆူညံထွက်သွားပေမယ့် သူ က ဇို့ ဘက်ကို တစ်ချက်ငေးကြည့်ခါ...
“ကို ပြောချင်ပါတယ်...ဒါပေမယ့် ဇို ကိုယ့်ကို လေဆိပ်မှာ ထားခဲ့ပြီး သူ့နောက်လိုက်သွားမှာ ကို စိုးရိမ်လို့ပါ..”
သူ့ ရဲ့ စကားတွေက ဇို့ ရဲ့ စကားသံတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်ပြီး တောင်းပန်လျှိုကျိုး သလို တိုးလျညင်သာလွန်းနေသည်..။
“ဟာ...ကျစ်...”
“ကို သူ့ကို တကယ် ဘာမှ  ပြန် မလုပ်ခဲ့ပါဘူး..”
“လုပ်တာ မလုပ်တာ စိတ်မ၀င်စားဘူး..ဇို့ကို မယုံလို့ မပြောခဲ့တာလေ..ဇို က ယောင်္ကျားနှစ်ယောက်နဲ့ မပြတ်သားနိုင်တဲ့သူလို့ ကို မြင်နေတာ.” ဇို ဒေါသကြောင့် စကားသံမြင့်လာပြီး အကြည့်တွေက စူးစူးရဲရဲ ဖြစလာရတော့ သူက ပျာပျာသလဲ
“ဟာ..ဘယ်လိုပြောလိုက်တာလည်း..အဲလို..မဟုတ်ပါဘူး ..ဇိုရယ်.....ကို..ဒီ အတိုင်း..”
“ဟုတ်တယ် အဲ အချိန်က ကို ပြောလိုက်လည်း..ဇို လိုက်သွားမှာပဲ..ဘာဖြစ်လို့လည်း ဆိုတော့ ပူးက ကလေး လိုပဲ..ဘာမှ မတွေးပဲ လုပ်ချင်ရာတွေ လျှောက်လုပ်မှာ ဇို သိနေတယ်..ဒါပဲ....သူ့ အပေါ်မှာ ဘာစိတ်မှ မရှိဘူး..လူတစ်ယောက် မိတ်ဆွေ တစ်ယောက် အနေနဲ့ သူ့ကို ကူညီမိမှာပဲ...ကို နားလည် သင့်တယ်...”
“သူ ဘာမှ မဖြစ်လောက်ဘူးထင်လို့ပါ..သတင်းတက်လာမှ ကို စိတ်မကောင်းဖြစ်ရတယ်....ဇို့ဆီ ကို ဖုန်းဆက်ပြောအုံးမလို့ပဲ..မပြောရဲဘူး..ဇို..ကို့ ကို စိတ်ဆိုးသွားမှာ ကို တကယ်ကြောက်တာ....”
“ကို့ လုပ်ရပ်က တကယ်..မဟုတ်ဘူးသလား.ဇို တကယ် မကြိုက်ဘူး..ကျစ်..”
“ကို နောင်တ ရပါတယ်..ကို မရင့်ကျက်သလို ဖြစ်သွားတယ်..”
“ဟုတ်တယ်...လွန်တယ်...”
ဇို ဒေါသတွေပေါက်ကွဲ ထွက်ရင် မလိုလားအပ်တဲ့ စကားတွေ ပြောမိမှာ စိုးလို့ ကားတံခါးကို ဆောင့်ဖွင့်ပြီး ဆင်းလာလိုက်သည်..။
အရင်က အိမ်ထဲ ရောက်ပြီးချိန်တောင် လိုက်ကာမခါ လက်ပြ နှုတ်ဆက် မိပေမယ့် အခုတော့ ကျောခိုင်းပြီး မီးဖိုခန်းထဲ တောက်လျှောက်၀င်လာခဲ့လိုက်သည်..။
ကားလေးကတော့ သူ့ တာ၀န်၀တ္တရား အတိုင်း ငါး မိနစ် ကြာမှ စက်နှိုးသံကြားရပြီး တဖြည်းဖြည်း နဲ့ အသံတွေက တိုးရင်း ဝေးခါ ပျောက်ကွယ်သွားသည်..။
သူ ဘယ်လို ခံစားသွားရသလည်း စိတ်မ၀င်စားတော့ပဲ ဂျာနယ် ကိုသာ အပြေးအလွှားလှန်လော ကြည့်မိသည်..။
ဂျာနယ်ထဲ မပါမှ ဖုန်းထုတ် ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ သတင်းက ရင်နာ စရာ..။
အေဂျင်နဲ့ စာချူပ်တွေ လည်း ပျက်သွားသလို တစ်ဖက်က လူကလည်း တရားစွဲထားသေးသည်..။
လိုက်သွားရင် မကောင်းပါဘူး တွေးမိသလို...တစ်ဖက် မှာ ကိုယ့်ပယောက မကင်းသလိုလည်း ခံစားနေရသေးသည်..။
“တီ...တီ....တီ...”
ည ရှစ်နာရီ မှာ ဖုန်းလေး က ၀တ္တရားအရ မြည်လာပေမယ့်ဇို မကိုင်မိ...။
ချစ်တယ်လို့ မဝန်ခံပေမဲ့
သူက ဇို့အတွက် အရေးပါသူဖြစ်နေပြီပဲ..။
ဒါကို သူ နားမလည်နိုင်ဘူးလား။
ဇို့ကို အရင်ယောင်္ကျားနဲ့ ပြန်ဆက်သွယ်မှာစိုးရိမ်နေတာ ဇို့သက္ခာကိုစော်ကားသလို ခံစားရသည်..။
သူ့အပေါ် သစ္စာမဲ့ရာကျမှာစိုးလို့ အဆက်အသွယ် မပြောနဲ့ စိတ်ထဲမှာဖြစ်ပေါ်တဲ့ ခံစားချက်ကိုတောင် ဇိုမောင်းထုတ်ထားသည်.။
ပူးသတင်းတွေတက်လာရင် ကိုယ်ပယောက မကင်းတာမို့ စိုးရိမ်မိသည်။
သူ့အပေါ် သစ္စာမဲ့မတရားရာ ကျမှာစိုးလို့ ဖုန်းသတင်းတွေတောင် သိပ်မကြည့်တော့ပါ။..
ဒါကို လူကိုမယုံသလို ဆက်ဆံလာတာ  အတော်ပင် ခံပြင်းဒေါသ ထွက်ရသည်..။
နောက်တစ်ကြိမ် ဖုန်း၀င်လာတော့ နားငြီးလာလို့ ဖုန်းကို ဆွဲချလိုက်သည်...။
“တီ..တီ..”
ဖုန်းသံမဟုတ်ပဲ မက်ဆေ့ ၀င်သံမို့ ယူကြည့်လိုက်မိတာ...
“ကို တောင်းပန်ပါတယ် ဇို..ကို လည်း ဇို နဲ့ ထပ်တူ ပူလောင်နေရပါတယ်..”
“ကျစ်..”
ဇို စိတ်တွေ ရှုပ်လွန်းလို့ ဖုန်းပါ ပိတ်ပစ်လိုက်သည်..။

。☆✼★━━━━━━━━━━━━★✼☆。
ဖတ်ရတာ အဆက်မမိ ဘာမှန်းမသိ ဖြစ်နေမှာပဲ
တောင်းပန်ပါတယ်နော်🙏

ဒီ တစ်ပုဒ်တော့ စခဲ့ ပြီမို့ ပြီးအောင်တော့ရေးရမယ် 💪
နောက်အပုဒ်တွေကောင်းကောင်းလေးရေးပါမယ် ❤😙
ဒီနေ့
စာတော်တော်ရှည်သွားတယ် 💔😭
တင်တာ လည်း နောက်ကျသွားတယ်နော်
ဆောဒီး 🙏

အရေးအသား မကောင်းလည်း😭
သည်းခံပြီး ဖတ်ပေးကြလို့❤
စာဖတ်သူ အားလုံးကို 😙
ကျေးဇူးအထူးတင်ပါတယ် နော်🙏📖💪❤

Love u all ❤
#စပိုက်ကာ

ZoeWhere stories live. Discover now