၁၄-၁

18.3K 2.9K 60
                                    

[Unicode]

သုံးနာရီအကြာ ခရီးနှင်ပြီးသည့်နောက် လေယာဉ်က လေဆိပ်သို့ဆင်းလေးသည်။ ကားတစ်စီးက အသင့်လာစောင့်နေပြီးသားဖြစ်၏။ လေယာဉ်ပေါ်မှဆင်းသည့်အချိန်၌ လုရှန်းအဖျားက အနည်းငယ်ကျသွားသည်။ သို့သော်လည်း သတိမရှိပေ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ပုံပေါ်သည်။ အမျိုးသားသူနာပြုတစ်ဦးက လုရှန်းကိုသယ်ပေးဖို့လုပ်သည့်အခါ လီဆွေ့က တားလိုက်ပြီး လုရှန်းကို စောင်နှင့်ပတ်ခြုံပေးထားလျက် သူကိုယ်တိုင်ပွေ့ချီလိုက်ကာ လေယာဉ်ပေါ်ကဆင်းလာခဲ့သည်။

လီဆွေ့သည်မကြာခဏ အားကစားရုံသို့သွားရောက်လေ့ကျင့်နေကျဖြစ်၍ သူ့လက်မောင်းများက တောင့်တင်းသန်မာသည်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လုရှန်းကိုပွေ့ချွီှသည်မှာ အခက်အခဲနည်းနည်းမှ မရှိပေ။ လေယာဉ်ပေါ်မှ ဆင်းလျှင်ဆင်းချင်း လေပူတွေက ဆီးကြိုတိုက်ခတ်သည်။ လီဆွေ့က ခန္ဓာကိုယ်ကို ဘေးတစ်ဖက်သို့စောင်းလိုက်ပြီး လုရှန်းကိုသူ့ရင်ဘတ်အတွင်း ပိုတိုး၍ဖက်လိုက်ကာ လေပူတွေမှ ကာထားပေးသည်။ ကားထဲသို့ရောက်မှ ဖက်ထားရာက လွှတ်ပေးလိုက်၏။

ဦးလေးယွမ့်စီစဉ်ပေးထားသည့် တည်းခိုရန်နေရာသည် ဆေးရုံနှင့်အနီးအနားမှာတည်ရှိပြီး တိတ်ဆိတ်၍သီးသန့်ဆန်သော ဟိုတယ်၏အပေါ်ဆုံးထပ်ဖြစ်သည်။ လီဆွေ့သည်အိပ်ချင်စိတ်မရှိ၍ လုရှန်း၏ကုတင်ဘေးမှာပဲစောင့်နေသည်။ သူနာပြုများက လုရှန်းအတွက် အောက်စီဂျင်ရှူသွင်းဖို့ လုံလောက်သည့်ပမာဏပြင်ဆင်ပေးပြီးနောက် လိုအပ်သည့်ဆေးအနည်းငယ်ထိုးပေးခဲ့သည်။ ညနက်သည့်အခါ သူနာပြုများအခန်းထဲမှ ထွက်ခွာသွားပေးသည်။ စားပွဲပေါ်မှာတော့ သောက်ဆေးအချို့ကို ချန်ထားပေးခဲ့၏။

လီဆွေ့က လုရှန်းကို ရေပတ်တိုက်ပေးပြီးသည့်အခါ သူကိုယ်တိုင်ရေဝင်ချိုးသည်။ ရေချိုးပြီးသည့်နောက် လုရှန်းဘေး၌ဝင်လှဲကာစောင်ထဲသို့တိုးဝင်လေ၏။ ဘာကိုမှသတိမထားပဲ စိတ်ချလက်ချအိပ်ပျော်နေသူကိုကြည့်ရင်း ရှိသမျှသတ္တိကိုစုစည်းကာ လုရှန်း၏ခါးကိုဖက်လိုက်သည်။ လုရှန်းနှင့်အတူအိပ်ရတာက လီဆွေ့အတွက်အကျင့်ပါနေပြီဖြစ်သည်။ သူတို့နှစ်ဦးအသုံးပြုသည့်ခေါင်းလျှော်ရည်က အတူတူပင်ဖြစ်သော်လည်း လုရှန်းဆီကရသည့်ရနံ့က အမြဲကွဲပြားနေသည်။ ထိုရနံ့ကို ရှူရှိုက်ရင်း လီဆွေ့ စိတ်သက်သာရာရသည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now