ဟူးးးးပျင်းလိုက်တာ Perth ကလဲမလာဘူး plan ကလဲ သူ့သူငယ်ချင်းနဲ့ ဂိမ်းသွားဆော့တယ် ငါကရောဘာ...
ဟင်!!!
ဟိုငနဲလေး ငိုနေတာလား?
ဘာဖြစ်လို့ပါလိမ့်!!
ငါသွားမေးသင့်လား
အင်းမေးသင့်တယ်ထင်တယ်
သွားလိုက်ပါ့မယ်"ဟိတ်!"
"ဘာလဲ"
ငိုနေတာတောင်ရန်ပြန်တွေ့နိုင်သေးတယ်။
"ဘာလို့ငိုနေတာလဲ"
"ခင်ဗျားနဲ့မဆိုင်ဘူး"
"အင်းပါ ဒီတိုင်းလေးမေးကြည့်တာကို"
အာ....တိတ်ဆိတ်သွားပြန်ပြီ ငါငိုနေတဲ့သူဘေးမှာဒီတိုင်းကြီးနေတာတော့မကောင်းဘူး တစ်ခုခုတော့လုပ်ရမယ်
"မငိုပါနဲ့ မင်းကလဲ ယောကျာ်းလေးဖြစ်ပြီးငိုစရာလား "
"ငိုတာတောင်ယောကျာ်းမိန်းမခွဲထားလား လူတိုင်းမှာမျက်ရည်ရှိတယ် လူတိုင်းငိုခွင့်ရှိတယ်"
"အခြောက်လေး"
ဟုတ်တယ် ခြောက်တယ် ဘာဖြစ်လဲခြောက်တော့ခင်ဗျားအသားပွန်းပဲ့သွားလား စိတ်ထဲမှာပဲပြောရဲတာအပြင်မှာသာပြောကြည့် ရွံများရွံသွားမလားမသိ!!
ဟူးးးး gay life ကဒီလိုပဲလား?"ကျွန်တော် မနေ့ကအိမ်ပြန်တော့အိမ်မှာလူတွေမရှိဘူးအိမ်ထဲလိုက်ရှာတော့လဲမတွေ့ဘူး ဘာများဖြစ်လို့လဲဆိုပြီးဖုန်းဆက်ကြည့်တော့ ဖေဖေဆေးရုံတင်ထားရလို့တဲ့ ကျွန်တော် အရမ်းလန့်သွားမိတယ် ဒါတွေကို ရုပ်ရှင်ထဲမှာပဲဖြစ်တယ်လို့ထင်ခဲ့တာ လက်တွေ့မှာလဲဖြစ်တတ်တာပဲလား"
ဘာလဲဟ ရုတ်တရက်ကြီး...
"ကလေးအတွေးနဲ့"
"ဘာကလေးအတွေးလဲ"
"မဟုတ်လို့လား ကလေးတောင်မင်းထပ်ရင့်ကျက်ဦးမယ်"
အော်....ကောက်ပါပြီ လွယ်အိတ်ဆွဲပြီးထသွားပြီ(ကောက်တယ်ဆိုတာရည်းစားတွေလုပ်တဲ့အလုပ်မဟုတ်ဘူးလား🤔)
"မုန့်ဝယ်ကျွေးမလ်ု့ိကိုမစားဘူးဆိုတော့လဲ"
"လမ်းထောင့်ကကွေ့တိရိုဆိုင်သွားမယ်"
"Hahaha.....မသိရင်မစားတော့မဲ့ဆိုဒ်နဲ့"
"အားနာလို့စာပေးတာ"
"ထားပါသွားမယ်"
_
"ဘာစားမှာလဲ"
"ကွေ့တိရို ကြက်ပေါင်နဲ့ တစ်ပွဲ ဝက်သားလုံးတစ်ပွဲ black coffee တစ်ခွက် ဘာစားမှာလဲ...."
"Mark!mark siwat jumlongkul"
"အင်း mark ဘာစားမှာလဲ"
"ကွေ့တိရို ဝက်သားနဲ့တစ်ပွဲ Ice coffee တစ်ခွက် ဒါပဲ"
5 minutes later....
"ကြာလိုက်တာကွာ ဗိုက်ဆာပါတယ်ဆို"
"မင်းနဲ့ငါဘာလို့ မုန့်တူတူစားမို့အဆင့်လောက်ထိခင်သွားကြတာလဲ"
"မခင်သေးပါဘူး"
"မခင်တဲ့လူတွေကဘယ်တော့မှမုန့်တူတူလိုက်မစားဘူး"
"ဟယ်ဟယ်..ဗိုက်ဆာတယ် မလာသေးဘူးကွာ"
"မင်းကလဲစားဖို့ကြီးပဲ"
"ဟိုမှာလာပြီ"
သူ့ကိုမျက်စိဒေါင့်ထောင့်ကြည့်နေတဲ့တစ်လျှောက်ကျွေးမဲ့သူမမြင်ပဲ စားမဲ့မုန့်ပဲမျှော်နေတဲ့ ကောင်လေး..မုန့်လာတော့ စားရဝမ်းသာမျောက်မျက်နှာဆိုသလိုကိုပဲပြုံးဖြီးလိ့ု...
"ကောင်းလိုက်တာ ဗိုက်ကြီးကိုတင်းသွားတာပဲ"
"အင်း မင်းဒီဆိုင်ကိုဘယ်လိုသိတာလဲ"
"ဖေဖေနဲ့တူတူလာစားနေကြမို့လို့"
"အာ..တောင်းပန်ပါတယ်"
"ရပါတယ်..တာ့တာ ဖေဖေ့စီသွားရအုံးမယ်"
"အင်း တာ့တာ"
ခြေလှမ်းငါးလှမ်းလောက်လှမ်းပြီး
"ဂရုစိုက်ပြန်ပါ Gun "
"ဟီ...မင်းလဲတူတူပဲmark"
ဒီလိုပဲ သူ့ကျောပြင်လေးကိုကြည့်နေရတာသဘောကျနေမိတယ်မင်းကြောင့်နောက်တစ်ခါပြုံးမိပါပြီ...... Gun
ဟီ...သဘောကျတယ်....
________5.12.2019_____________
🖤💛✨
အရမ်းတိုသွားတာသိပါတယ်
နားလည်ပေးကြပါနော်
စားမေးပွဲရှိလို့တစ်ပတ်တစ်ပိုင်းပဲ up ပါတော့မယ်
ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
အမှားပါရင်ခွင့်လွှတ်ပါနော်
ချစ်တယ်❤️✨
YOU ARE READING
အစရွိ၍အဆံုးမရွိေသာ(အစရှိ၍အဆုံးမရှိသော)
Non-Fictionကိုယ့်အတွက်အချစ်ဟာ ချို မြိန်ခြင်း ၊ မင်း အပြုံးတဲ့ ဖန်တီးတဲ့ 'ချို မြိန်ခြင်း' ။ #mark siwat jumlongkul🖤 မင်းလိုရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ရလို့ ဝမ်းသာမိတယ် ၊ မင်းလေးဟာ ကျွန်တော့် အတွက် vitamin လေး ။ #gun napat n...