အခန်း (၉၄)

1.4K 196 0
                                    

အခန်း (၉၄) : တစ်မူထူးသော ဓားချောက်ကမ်းပါး

လုပ်ရိုးလုပ်စဉ် တစ်ခုလုံးကား ရိုးရှင်း၍ မိုဝူကျီအတွက် သုံးမီတာကို မိနစ်အနည်းငယ်ဖြင့် ရောက်ရှိခဲ့လေသည်။ ထိုနေရာသို့ ရောက်ပြီးသည်နှင့် လရောင်၏ မှိန်ပျပျ အလင်းရောင်ဖြင့် မိုဝူကျီက ဓားကျိုးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေ၏။

ဓားရိုးကား ချောက်ကမ်းပါတွင် ကျန်ရှိနေလေသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ လေဒဏ် မိုးဒဏ်များကြောင့် သံချေးပင် တက်နေလေချေပြီ။ ထိုတစ်ဝက်ကား နတ်ဓားတောင်မှ သူတွေ့လာသော ဓားကျိူးလောက် မကောင်းတော့ချေ။

မိုဝူကျီသည် ဓားကျိူး၏ အရည်အသွေးကို စိတ်ထဲမထားပေ။ သူလိုချင်သည်က ဓားကျိူးမဟုတ်ဘဲ ဓားကျိူးအတွင်း၌ ရှိနေသော အရာသာ ဖြစ်လေသည်။ ထို့အပြင် သူသည် ဓားကို ယူသွားရန် စိတ်ကူးမရှိချေ။

မိုဝူကျီသည် ယခု သူ့ရှေ့တွင် ဓားကျိူးရှိနေလျှင်ပင် သူသည် မည်သည့်အရာကိုမှ အလောတကြီး လုပ်ဆောင်မည် မဟုတ်ပေ။ ထို့အစား သူသည် ဖြေးဖြေးချင်း လျောဆင်းလိုက်လေသည်။ သုတေသန လုပ်ငန်းပေါ်တွင် နှစ်များစွာ မြှပ်နှံထားခဲ့သော အကျင့်တစ်ခုပင် ဖြစ်၏။ ကိစ္စက ပို၍ အရေးကြီးလေ ပိုဂရုစိုက်ရန် လိုအပ်ပေသည်။

မိုဝူကျီက ဓားကျိုးနှင့် တစ်မီတာလောက် ကွာဝေးသည့်အချိန်တွင် သူ့ခြေထောက်သို့ အားတစ်ခု လာရစ်ပတ်ကာ သူ့အား မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဆွဲခေါ်သွားလေသည်။ ထူးဆန်းသော လေပွေတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား နံရံပေါ်သို့ ဘုန်းခနဲ ရိုက်မိသွားလေသည်။ သူသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်လေး ရောက်နေသော်ငြား ထိုရိုက်ခတ်မှုက မိုဝူကျီကို သွေးအန်စေရုံသာမက နံရိုးတစ်ချောင်းပါ ကျိုးသွားစေလေသည်။

မိုဝူကျီက သူ့ဓားကို ထုတ်ယူလိုက်ပြီး ချောက်ကမ်းပါးသို့ မျက်နှာမူကာ ချိန်ရွယ်ထားလိုက်၏။ ထိုလေအားက ရုတ််တရက် ရောက်ရှိလာပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ မိုဝူကျီကို စနောက်နေသည့်အလား သဲလွန်စမရှိ ကွယ်ပျောက်သွားတော့၏။

လူသားသစ္စာ (Immortal Mortal Translation) (U) (1-200)Where stories live. Discover now