part...8

9.3K 1.1K 55
                                    

လူတိုင်းက…အသက်ရှင်သန်ဖို့Oxygenလိုတယ်ဆိုရင်
ကျွန်တော့ရှင်သန်မူ့အတွက်…JeonဆိုတာOxygen
ဘဝတစ်ခုဟာ…ပင်လယ်လိုကျယ်ပြောရင်…ခင်ဗျား
ရင်ခွင်ထဲမှာပြာလဲ့လဲ့ရေတွေလိုစီးဆင်းပါရစေ…Jeon

အရမ်းကိုချစ်ရပါသော…Jeonရေ
ခင်ဗျားမသိတဲ့အတိတ်တစ်ခုမှာကျွန်တော်တို့သိပ်ချစ်ခဲ့
တာဆိုရင်…ယုံမှာလားJeon

ပုံပြင်လေးတစ်ပုဒ်မကခဲ့တဲ့ဖြစ်ရပ်ဆန်းကြယ်လေးက
ဝိဥာဏ်တစ်ကောင်နဲ့လူသားလေးရဲ့ကြားမှာ
ဆက်နွယ်မူ့…သံယောဇဉ်…မေတ္တာပြီးတော့အချစ်
ဒါတွေအားလုံးပေါင်းလိုက်ရင်…
သင်္ခါရတရားတွေရဲ့အလွန်မှာထာဝရသူတို့နှစ်ယောက်
ရဲ့ကမ္ဘာလေးပေါ့…Jeon

တသောသောတိုက်နေတဲ့ညနေလေပြေကြားထဲမှာ…Jeon
ဆံနွယ်တွေလူပ်ရှားသွားတယ်…မြစ်ရေပြင်ကျယ်ကြီးကို
ငေးလျှက်ဘာတွေတွေးနေလဲJeon…ဒါမှမဟုတ်

အခုကျွန်တော်ပြောပြတဲ့အချစ်ပုံပြင်ကိုမယုံလို့လား
Jeonသည်အရှေ့ကမြစ်ရေပြင်ကိုကြည့်ရင်းငြိမ်နေတုန်း

''Jeon…''

အေးစက်ခြင်းမမြည်ပေမဲ့…အကြည့်တစ်စုံကရေခဲတစ်မျှသာ

''Jeon…ကျွန်တော်ပြောတဲ့အကြောင်းတွေကိုစဉ်းစား
နေလားဟင်…Jeon မယုံဘူးလား…ကျွန်တော်နဲ့
Jeon အတိတ်ဘဝတုန်းက…''

''တော်တော့…Kim  TaeHyung…''

Taehyungပခုံးကိုအားပါပါနဲ့ဆုပ်ကိုင်လိုက်တဲ့
Jungkookလက်တစ်စုံ…စူးရှခက်ထန်နေသော
အကြည့်တစ်ချို့ကအဘယ်သို့သောအသွင်ကိုဆောင်သလဲ
Taehyungမခန့်မှန်းတတ်…တင်းတင်းစေ့ထားသော
နူတ်ခမ်းတွေနဲ့ချွန်မြမြမေးရိုးတို့ကဝင့်ထယ်စွာ…ယောကျာ်း
တစ်ယောက်အသွင်ကိုဖော်ညွှန်းလျှက်

''Jeon…ကျွန်တော်…''

''မင်းငါ့ကိုတစ်ကယ်ရောချစ်ခဲ့ရဲ့လား…မင်းရဲ့လက်ရှိ
ခံစားချက်အစစ်အမှန်ကရောဘာလဲ…ငါ့ကိုဘဝဟောင်း
ကချစ်သူထင်ပြီးအတိတ်ကသံယောဇဉ်တွေနဲ့လာပတ်သတ်နေတာလား…မင်းရူးနေလား…Kim Taehyung…
အတိတ်ကခံစားချက်တစ်ခုကိုအစားထိုးဖို့ငါ့နှလုံးသားကိုက
စားနေတာလား…Kim TaeHyung…''

My lovely JEON (My SeniorS2)(Complete)Where stories live. Discover now