CHAPTER - 27

486 51 18
                                    

CHAPTER -27 (Unicode)

Kang Taehyun! ဒါက ဘယ်သွားမလို့လဲ။ ဒီနေ့ တနင်္ဂနွေနေ့ကြီးလေ "

Yeonjunတို့စုံတွဲ၏ နှစ်ဖက်မိဘတွေ့ဆုံပွဲသွားရန် ဝတ်စုံပြည့်ဝတ်ပြီး အောက်ထပ်ဆင်းလာချိန် ဖခင်ဖြစ်သူမှလှမ်းအော်လိုက်ခြင်း။ ဖခင်၏ပေါင်ပေါ်မှာတော့ မထီမဲ့မြင်မျက်နှာထားဖြင့် အရိုးမပါသောတီကောင်သဖွယ် ညှုသလိုချွဲသလို မှီထိုင်နေသည့် မိထွေးတော် ယွန်းဆော။ ခါးမလုံ့တလုံ ရင်ဟိုက်အင်္ကျီလက်ရှည်နှင့် ပေါင်လယ်မရောက်တရောက် စကတ်တိုကို ဆောင်းတွင်းဘက်မအေးသည့်အလား သူ့ပေါင်သား လူမြင်အောင်ဝတ်ပြထားသေးသည်။ မြင်ကွင်းကအော်ဂလီဆန်စရာကောင်းနေသဖြင့် Taehyunကျောခိုင်းလျှက် အနေအထားဖြင့် စကားပြန်ပြောရသည်။

" အဖေက ဘာပြောစရာရှိလို့လဲ။ အခုက ကျွန်တော့်သူငယ်ချင်း Yeonjunတို့အတွဲ သူတို့ရဲ့နှစ်ဖက်မိဘတွေ့ဆုံပွဲကို ကျွန်တော်သွားမလို့။ အဖေပြောစရာရှိရင် အမြန်ပြောပါ "

Taehyunလည်း လေသံပြတ်ပြတ်ဖြင့် စကားပြီးပြီးချင်း ဖခင်ထံမှ ဘာများတုန်ပြန်ပြောလာမလဲ နားစွင့်နေမိသည်။
တကယ်တမ်း သူ့နားထဲရောက်လာသည်က မိထွေးတော်ယွန်းဆော၏ ရုံးပတီသီးဆီပျံ သကာရည်ဆမ်းထားသလို ချိုအီချွဲပျစ်သောအသံ..။

" တွေ့လား အစ်ကိုကြီးသားက အဖေကိုတောင်လေသံမာမာနဲ့ပြန်ပြောတတ်နေပြီ။ အဖေအရင်းကိုတောင် အဲလိုရိုင်းပြနေရင် မိထွေးဖြစ်တဲ့ဘေဘီ့ကို ဘယ်လောက်တောင် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေမလဲ အစ်ကိုကြီးတွေးကြည့်ပေါ့။ ဘာပဲဖြစ်ဖြစ် ဘေဘီကအကြီးဆိုတော့ သူ့ကိုအတတ်နိုင်ဆုံး သည်းခံပေးပါတယ်။ အစ်ကိုကြီးမရှိတဲ့အချိန် ဘေဘီအရမ်းအားငယ်တာပဲသိလား "

အဆင်းဘီးတပ်လွှတ်လိုက်သော မိထွေးတော်၏ တိုင်တန်းချက်ကြောင့် Taehyunခင်ဗျာ နေ့ချင်းညချင်း သေဒဏ်ကျခံရလောက်အောင် အပြစ်ကြီးလုပ်မိသူအဖြစ်သို့ ဆိုက်ရောက်သွားသည်။ ကြမ်းပိုးကိုလိပ် လိပ်ကိုကြမ်းပိုးဖြစ်အောင် ပြောတတ်သောပါးစပ်ကိုလည်း တအံ့တသြဖြစ်မိသည်။

သို့သော်လည်း Taehyun တုန်လှုပ်ခြင်းမရှိ။ အဖေသာ သူ့မိန်းမစကားကိုမယုံကြည်လျှင် သူ့ကိုလည်းအပြစ်မြင်မည်မဟုတ်။ တစ်ဦးတည်သောသားမို့ အဖေ့မှာ ချစ်ခြင်းတွေအပြည့်ရှိသည်။ သူ့မိန်းမစကားကိုမယုံကြည်ဘဲ သားဖြစ်သူ၏ဖြေရှင်းချက်ကို နားထောင်ချင်ပေလိမ့်မည်။

First Love (Yeonbin/Completed)Where stories live. Discover now